သီတာအောင် အဲ့ဒီနေ့ကတော့ မိုးတအုံ့အုံ့နဲ့ မိုးဖွဲလေးတွေ ရွာနေတဲ့နေ့လေးတစ်နေ့မှာပေါ့။ အဲ့ဒီနေ့ရဲ့ အရုဏ်ဦးအချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူ/ သားတွေ အတွက် အောင်စာရင်းကြည့်ဖို့ ရင်ခုန်နေကြတဲ့ အချိန်လေးပါ။ တချို့ကတော့ မိုးလင်းနေပြီဖြစ်တဲ့ ဇွန်လ ၁၁ ရက် မနက် ၆ နာရီလောက်မှာတော့ သူတို့နာမည်တွေ ရေးထိုးထားမယ့် စာမေးပွဲအောင်စာရင်းကို သွားကြည့်နေကြပြီပဲ ဖြစ်ပါတယ်။ အောင်စာရင်းကိုသွားကြည့်တဲ့ သူတွေထဲမှာတော့ အသက် ၃ဝ အရွယ်အစ်ကိုတစ်ယောက်နဲ့ အသက် ၁၆နှစ်သာထင်ရတဲ့ ညီမငယ်လေးတစ်ယောက်လည်း အပါအဝင်ပါပဲ။ ထူးခြားတာတစ်ခုက ညီမငယ်လေးဟာ ခြေတစ်ဖက်က အခြားတစ်ဖက်ထက် တိုနေပြီး လက်နှစ်ဖက်လုံးကလည်း တံတောင်ဆစ်မပါပဲနဲ့ တိုတိုလေးဖြစ်နေတာပါ။ အောင်စာရင်းကြည့်ပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ မောင်နှမ နှစ်ယောက်လုံး အပြုံးကိုယ်စီနဲ့ပါ။ အစ်ကိုက […]

#စိုင်းလင်းလင်းဦး အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)န့ဲ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ    အခြား  တိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် […]

ဦးမြာ ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း နှင့် အကယ်၍သာ စီမံကိန်းများ အကောင် အထည်ပေါ်လာပါက ကျေးရွာ ၂ဝ ကျော်ခန့် ထိခိုက်နိုင်ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။ “လုံးဝကိုကျွန်မတို့ စိုးရိမ်တယ် ကျွန်မတို့ နိုင်ငံခေါင်းဆောင် အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ်။ ပြည်သူတွေ       စိတ်ချလောက်တဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။ လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက   ခွင့်ပြုထားသည့် အဆင့်တွင်သာ […]

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဦးမြာ လာမယ့် ဩဂုတ်လ အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ လျာထားတဲ့၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တပ်မတော် ၊အစိုးရ နဲ့ ပြည်သူ တွေက ဘယ်လို ကဏ္ဍတွေ ကနေပါဝင်သင့်လဲ၊ ဘာတွေလုပ်ပေးသင့်လဲ၊ နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာကြရမလဲ စတာတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်ဂျာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ မေး။ ။ ဒီပင်လုံညီလာခံက တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဖြစ်လာနို်င်မယ်လို့ မျှော်လင့်ထားပါသလားရှင့်။ ဖြေ။ ။ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် […]