မူအက်စတာ လူငယ်များ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန်အတွက် ပညာရေးစနစ်တွင် နိုင်ငံရေးအသိပညာနိုးကြားစေသည့်ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန် လိုအပ်နေသည်ဟု ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ (KSWDC)မှ ပြည်တွင်းစီမံကိန်းတာဝန်ခံ ကိုဗညားက ပြောသည်။ နိုင်ငံရေးအသိပညာမရှိခဲ့သည့်အတွက် နိုင်ငံတော်တည်ဆောက်မှုအပိုင်းတွင် ပြည်သူများကိုအလုပ်အကျွေးပြုလုပ်ပေးမည့် မူဝါဒရေးဆွဲရန် အသိတရားအားနည်းစေသည်ဟု ၎င်းက ဆိုပါသည်။ “နိုင်ငံရေးအသိအမြင်ဖွံဖြိုးမှ နိုင်ငံကိုဘယ်လိုတည်ဆောက်မယ် ဘယ်လို မူပေါ်လစီတွေချမှတ်မလဲ ကဏ္ဍအစုံမှာလဲ ဘယ်လိုမျိုးလုပ်မလဲ ပြည်သူတွေကို ဘယ်မျိုးအလုပ်အကျွေးပြုမလဲ၊ မတူကွဲပြားမှုတွေကို ဘယ်လိုအတူယှဉ်တွဲနေထိုင်လို့ရမလဲ စတဲ့အရာတွေကို သိလာမှာပါ။”ဟု ကိုဗညားက ပြောသည်။ နိုင်ငံတွင်ရှိနေသော နိုင်ငံသားတိုင်း၊ လူမျိုးတိုင်းသည် နိုင်ငံရေးအမြင်ရှိရန် မဖြစ်မနေလိုအပ်ကြပြီး နိုင်ငံရေးအမြင်မရှိပါက အရာရာနောက်ကျကျန်နေမည်ဖြစ်ကြောင်းနှင့် ၎င်းဘာသာရပ်ကို ကလေးဘဝတည်းက အစပျိုးထားနိုင်ရင် အဆင်ပြေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည့် ဦးစိန်ဝင်းက ပြောသည်။ “ကလေးဘဝကစပြီး အစပျိုးထားပေးနိုင်ရင် […]

ဦးမြာ ကယား( ကရင်နီ) ပြည်နယ်အတွင်း သစ်မှောင်ခိုများအား တားဆီးအရေးယူရာတွင် အဓိက ကုမ္ပဏီများကိုသာ တားဆီးအရေးယူသင့်သည်ဟု ဖရူဆိုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ပြောသည်။ “အခုပိတ်ချင်တာက ကျနော်တို့ ကိုင်ချင်တာက အဓိက ကုမ္ပဏီကြီးတွေပေါ့နော။ အခြား ပြည်နယ်တို့ တိုင်းတို့က လာတဲ့လူတွေ နောက်ပြီး တချို့ အကြီးအကဲနဲ့ ပေါင်းပြီးမှ အဆမတန် ခုတ်ထုတ်တဲ့လူတွေပေါ့နော။ ”ဟု ပြောသည်။ ကယား( ကရင်နီ ) ပြည်နယ်တွင် သစ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး (၉) ခုရှိပြီး ၎င်းတို့မှာ သတ်မှတ်ထားသည့် တန်ချိန်ထက် များစွာပိုသည့် တန်ချိန်များ တင်ပို့နေသည့်အတွက် တားဆီးနိုင်ရန် သေချာကြပ်မတ်သင့်သည်ဟုလည်း ၎င်းကဆိုသည်။ […]

ထျိုးမြာ ဝင်ငွေခွန်များကောက်ခံရာတွင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ဝင်ငွေကို အမှန်အတိုင်းမပြောခြင်းကြောင့် အခွန်ကောက်ခံရန် အခက်အခဲဖြစ်နေသည်ဟု ကယားပြည်နယ်၏ အခွန်ဦးစီးမှူး ဦးခင်မောင်ညွှန့်က ဆိုသည်။ “အခွန်ရှောင်တဲ့သူကတော့ လူ့ရဲ့သဘောတရားကတော့ မပေးလို့ရရင် မပေးချင်ဘူးပေါ့လေ ”ဟု၎င်းကဆိုသည်။ အခွန်မဆောင်ပဲ မသိကျိုးကျွံပြုလုပ်နေသူများကိုလည်း အခွန်ပေးဆောင်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ဦးခင်မောင်ညွှန့်က ထပ်မံပြောသည်။ ပြည်သူများအနေဖြင့် အခွန်ဆောင်ခြင်း၏ အကျိုးကို တိုက်ရိုက်ခံစားခွင့်မရှိသော်လည်း ပြည်နယ်အတွက် လမ်းတံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းတို့တွင် ပြန်လည်အသုံးပြုနိုင်သည်ဟု အခွန်ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။ “ဥပမာ- ကျန်းမာရေးစောင့်ရှောက်ခွင့်ဆိုရင်လည်း အခမဲ့မဟုတ်လား။ အဲ့လိုမျိုးဆိုရင် ကျွန်တော်တို့ ဒီအခွန်ကပေးထားတဲ့ ဘတ်ဂျက်နဲ့ပဲ သွားရတာလေ။ အဲ့ဒီအထဲမှာတွေ အကုန်လုံးပြန်ဝင်သွားတော့ အများအတွက် ပြန်ဖြစ်သွားတာပေါ့လေ ” […]

ကော်မိန်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အနေဖြင့် ၂၁ ပင်လုံညီလာခံ၏ ဆုံးဖြတ်ချက်ချသည့်အပိုင်းတွင် မပါဝင်နိုင်ပါက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နစ်နာမှုရှိနိုင်သည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ အဖွဲ့ဝင် ဦးပလုရယ်က ပြောသည်။ “သူတို့ဆွေးနွေးတာ တင်ပြတာတွေကိုတော့ တကယ့်ဆုံးဖြတ်တဲ့အထဲမှာ မပါဘူးဆိုရင်တော့ ဒါကအရမ်းကို နစ်နာနို်င်တယ်ပေါ့နော်။ သူတို့အတွက်မကဘူး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပြောရမလား၊ အဲဒါတွေမှာ နစ်နာမှုတွေ ရှိနိုင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။ ၂၁ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များကသာလျှင် ဆုံးဖြတ်ချက်ချသည့်နေရာတွင် ပါဝင်ခွင့်ရှိနေပြီး စာချုပ်လက်မှတ်မထိုးထားသည့် KNPP အနေဖြင့် သဘောတူ ဆုံးဖြတ်ချက်ချသည့် အပိုင်းတွင် မပါဝင်နိုင်သည့် အနေအထား၌ ရှိနေသည်။ “အားလုံးပါဝင်နို်င်ဖို့ကတော့ […]

စိုင်းလင်းလင်းဦး နမ့်ပွန်ချောင်း ရေလှောင်တမံရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကျော်ဆည် (Low Overflow Weir) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် ဒေသအခေါ် (တာဆိုင်း) ဒေသ၌ လေ့လာဆန်းစစ်ချက်များအား ၆ လအတွင်း    ပြုလုပ်သွားရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က စမ်းသပ်ခွင့်ပြုလိုက်ပြီဖြစ်သည်ဟု KNPP လွိုင်ကော်ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ခွင့်ပြုထားပြီး ပညာရှင်များမှ လေ့လာဆန်းစစ်ပြီးနောက် ၆ လအတွင်း ယင်းကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်ခု ထုတ်ပြန်မည်ဟုလည်း သိရသည်။ “တိုင်းတာမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ ၆ လအတွင်း Report (အစီရင်ခံစာ) တစ်ခုထွက်မယ် ပြောတယ်။” ဟု […]

ဇွန်လှိုင်လ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့ မှာ ထိုင်းမြန်မာ နယ်စပ်က လူဦးရေ ၁၅၀၀ဝ ခန့် ရှိတဲ့ ရင်နီဒုက္ခသည်စခန်း ၂ခု မှာ ရောက်ရှိနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘယ်လိုကြောင့် ဒုက္ခသည်စခန်းကို ရောက်ရှိလာတာလဲဆိုတဲ့ သူတို့ရဲ့ ရင်ဖွင့်သံ လေးတွေကို စုစည်းထား ပါတယ်။ စူးမယ် ရှားတောမြို့နယ် ဒေါစဲရွာမှ ၁၉၉၆ ခုနှစ်မှာ ကရင်နီ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ အသက် ၈ဝ ဝန်းကျင် မော်ဘော်မယ် “ဗမာစစ်တပ်တွေ မောင်းထုတ်လို့ ပြေးလွားရင်း ထွက်လာတာ။ သစ်ပင်အောက်မှာပဲ လျောက်အိပ်ရတယ်။ ပုရွက်ဆိတ်လည်းကိုက် ခြင်တွေလည်းကိုက်နဲ့။ ခြုံထဲမှာလဲ အိပ်ရတယ်။ တောထဲမှာ မအိပ်ချင်တော့ဘူး။ […]

“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ” ကော်မိန်း ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ – ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပေးပါ။ ဖြေ ။ ။ ကျနော် တို့ထိပ်သီးခေါင်းဆောင်လေးယောက်သွားတယ်လေနော်။ နံပါတ် ၁ က ကချင်ဒုဥက္ကဌ ဦးအန်ဘလ ပါတယ်။ […]

ထ ျို း မြာ ကယားပြည်နယ်၏ ပညာရေးရံပုံငွေပွဲအဖြစ် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စင်ကာပူ၌ သွားရောက်ဖျော်ဖြေခဲ့ကြသည့် ကယား  ပြည်နယ်အနုပညာရှင်များအဖွဲ့သည် ရံပုံငွေပွဲမှ ရရှိလာသည့် အလှူငွေ (၃၆) သိန်းကျော်ကို ကယားပြည်နယ်အတွင်းရှိ စာသင်ကျောင်းများသို့ လာရောက်လှူဒါန်းခဲ့ကြသည်။ နာမည်ကြီး အဆိုတော်များဖြစ်ကြသည့် အောင်ထက်၊ ဟက်ကက်၊ သောမတ်စ်ကောင်းမြတ်နှင့် မော်ဒယ် ကယ်ရိုလိုင်းတို့ ပါဝင်သည့် ကယားပြည်နယ်မှ အနုပညာကြယ်ပွင့်များ (Karenni Artistes Association) အဖွဲ့သည် (၁၄၁) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဇွန်လအတွင်းက စင်ကာပူတွင် ဂီတဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒီးမော့ဆိုမြို့ ယူဆမိုဆိုအလယ်တန်းကျောင်းသို့သွားရောက်လှူဒါန်းစဉ်ပုံ။ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဂယက်စု(ခ)လိပ်ပုတ်ကုန်း မူလတန်းလွန်ကျောင်းတွင် ဆယ်သိန်းနှင့်ခုနှစ်သောင်း၊ […]

ကော်မိန်း ဖားဆောင်းမြို့နယ် ခဲမဖြူအနီးရှိ စုစည်းကျေးရွာတွင် စာသင်ကျောင်းမရှိသည့်အတွက် ကျောင်းသား ၅ဝ ခန့် အခက်               အခဲဖြစ်နေကြပြီး မိုင်ဝက်ခန့်ဝေးသော ခဲမဖြူကျောင်းသို့ သွားရောက်၍ ပညာသင်ကြားမှု ပြုလုပ်နေရသဖြင့် ဒေသခံများမှ       ကျေးရွာစာသင်ကျောင်းတစ်ခုကို အလိုရှိနေကြသည်။ စုစည်းကျေးရွာမှ ခဲမဖြူကျောင်းသို့ ကျောင်းတက်ရသည့်လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် လွှတ်တော်ကိုယ်စား လှယ်များထံ တင်ပြတောင်းဆိုထားသည်ဟု ဒေသခံဒေါ်နှင်းဖြူက ပြောသည်။ “စားဝတ်နေရေးအတွက် ကလည်းတစ်ဖက်ဆိုတော့ ကလေးတွေကိုလှည့်မကြည့်နိုင်ဘူးလေ။ ဆိုင်ကယ်တွေရှိလို့ လိုက်ပို့နိုင်ရင်တော်သေးတယ်။ ဆိုင်ကယ်တွေလည်းမရှိတော့လိုက်မပို့နိုင်ဘူး။ ဆိုင်ကယ်တွေ သွားသွားလာလာနဲ့ ကျတော့         […]

‪#‎ဦးမြာ‬ အစိုးရသစ်လက်ထက်တွင် မြေယာပြသနာ များကို ဖြေရှင်းပေးရန် ပထမဆုံး တင်ပြထားမှုကို ၂လ ခန့် ကြာသည့်တိုင်အောင် အစိုးရဖက်မှ တုန့်ပြန်မှု တစုံတရာ မရှိကြောင်း ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ မှ ဦးသဲရယ်ကပြောသည်။ ပြီးခဲ့သည့် ဧပြီလ က ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂမှ ကယား(ကရင်နီ) ပြည်နယ် ရှိ မြို့နယ်တိုင်း ၏ ကိုယ်စားလှယ်များထံ လိပ်မူပြီး စာလွှာများ ပေးပို့ခဲ့သည်။ ` ကျတော်တို့ကတော့ ဖြစ်စေချင်တာပေါ့ ဒီမြေယာသိမ်းဆည်းမှု အားလုံးကိုဒီအစိုးရထက်ထက်မှာဖြေရှင်းစေချင်တာပေါ့ ´ဟု ဦးသဲရယ်က ပြောသည်။ ယခင်အစိုးရလက်ထက်က တပ်မှ မြေနေရာ အချို့ကို တောင်သူများအား လက်မှတ်ရေးထိုးစေပြီး ံ ပြန်လည်စိုက်ပျိုးခွင့် အပြင် အချို့နေရာများကို ပြန်လည် […]