မူအက်စတာ ကယား(ကရင်နီ) ပြည်နယ်အတွင်း ရဲတပ်သားတာဝန်ထမ်းဆောင်ရန် အမျိုးသားများထက် အမျိုးသမီးများက ပိုမိုစိတ်ဝင်စား လျက်ရှိပြီး လာရောက်လျှောက်ထားသူများပြားခဲ့သည်ဟု ပြည်နယ်ဒု/ရဲအုပ် လင်းသူမောင်က ပြောသည်။ “ ရဲက ဝါသနာနဲ့လည်းဆိုင်တယ်၊ မိန်းကလေးတွေ ပိုများနေတယ်ဆိုတာကတော့ ဒီကယားပြည်နယ်မှာ မိန်းကလေးတွေက ရဲမေလုပ်ဖို့ ပိုပြီးတော့ဝါသနာပါတယ် လို့ ပြောရမှာပေါ့ ” ဟု ဒုရဲအုပ်လင်းသူမောင်က ပြောသည်။ ကယားပြည်နယ်တွင် ရဲတပ်သားပေါင်း (၁၉၀)ဦး စုဆောင်းရန်အတွက် လျှောက်လွှာများခေါ်ယူခဲ့ရာတွင် လာရောက်လျှောက်ထားသူပါင်း (၂၄၀) ဦးရှိခဲ့ပြီး ထိုအထဲတွင်မှ အမျိုးသမီးဦးရေ (၁၆၀) ဦး ပါဝင်လာခဲ့သည်။ပြည်နယ်အတွင်း အလုပ်သမားကဒ် လာရောက်လျှောက်ထားသူများထဲတွင်လည်း ရဲမေအလုပ်အတွက်လျှောက်ထားသူအများဆုံး ဖြစ်ခဲ့သည်ဟု အလုပ်သမားဦးစီးဌာနမှ ဒုဦးစီးမှူးကပြောသည်။ “အများဆုံးလာလျှောက်ထားတာကတော့ ရဲလုပ်မယ့်သူတွေပဲ၊ ရဲမေတွေရောပေါ့။ ရဲတွေကိုသီးသန့်လုပ်ပေးတာ […]

မူအက်စတာ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့မှာ ရေရရှိရေးစီမံကိန်းများကိုသာ အများဆုံးလိုအပ်နေကြသည်ဟု လူထုဗဟိုပြုစီမံကိန်း (CDD)ပရောဂျက် နည်း       ပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ကိုကျော်စွာက ပြောသည်။ “ရေရှားလို့ အယ်နီညိုရာသီဥတုဖြစ်ပေါ်လို့ ရေခမ်းကုန်တာ” ဟု ကိုကျော်စွာက ပြောသည်။ လူထုလိုအပ်ချက်များအတွက် ပြုလုပ်ပေးသည့် လူထုဗဟိုပြုစီမံကိန်းတွင် ဖရူဆိုမြို့နယ်အတွင်း ရေရရှိရေးမှာ အရေးကြီးဆုံး ကဏ္ဍ ဖြစ်လာခဲ့ပြီး စီမံကိန်းတွင်ပါဝင်နေသည့် လုပ်ငန်းပေါင်း ၆၄ ခုထဲမှ မဖြစ်မနေလုပ်ဆောင်သွားရမည့် အစိတ်အပိုင်း    လည်း ဖြစ်လာခဲ့သည်။လုပ်ဆောင်ခဲ့ပြီးသည့် စီမံကိန်းများကိုလည်း စောင့်ကြည့်လျှက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းသည့်အပိုင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်စီမံကိန်း […]