ထ ျို းမြာ နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ပြေးလွှားနေကြသည့် ဒုက္ခသည်များ နိုင်ငံအတွင်း ရှိနေပြီး ၎င်းတို့၏ ဒုက္ခများကို မေ့ပျောက်၍ မရနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၃၁ ရက်က ၊ နေပြည်တော်ရှိ MICC-2 ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “သူတို့အားလုံးရဲ့မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မရဲ့မဝံ့နဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျမတို့တွေမေ့လို့မရပါဘူး” ဟု […]

စောအင်ဒရူးဝေဖြိုးကျော် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အစ္စလာမ်ဂျာမေ့ဗလီ၌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဩဂုတ် ၂ရ ရက်နေ့ နေ့လည်ပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပသွားကြောင်းသိရှိရပါသည်။ ထိုဆွေးနွေးပွဲတွင် လူမှုကူညီရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ရှေ့ဆက်ဘာသာပေါင်းစုံလူငယ်များ တွေ့ဆုံနိုင်သည့် ညီလာခံ တစ်ခု ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ မိဇိ္ဇမ နှလုံးသားလူငယ်အဖွဲ့မှ ကိုပြည့်ဖြိုးဝင်းက “ လူငယ်တွေကတော့ ရံပုံငွေမရှိပေမယ့် လုပ်အားတွေနဲ့ လူကြီးတွေက လမ်းပြပြီး ကျနော်တို့က အတတ်နိုင်ဆုံးလုပ်သွားမယ်။” ဟု ပြောသွားပါသည်။ ၎င်းဆွေးနွေးပွဲနှင့် ပတ်သတ်၍ ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဏာရေးဝန်ကြီး ဦးမော်မော်က “ပျားအစုနှင့်တူတယ်လို့ ကျနော်မြင်မိပါတယ်။ ပျားတွေဆိုတာ သူတို့လိုအပ်တဲ့ ဝတ်ရည်တွေကိုသာ ပန်းခင်းထဲမှာ သူတို့ဆုတ်ယူသွားတာပါ။ ပန်းခင်းကို ဖျက်ဆီးသွားခြင်းမရှိပါဘူး။ ထို့အတူပဲ […]

မူအက်စတာ ဒီးမော့ဆိုမြို့နယ်၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါးရပ်ကွက်တွင် ဩဂုတ်လ ၂၃ ရက်က မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရရှိမိကြောင်း ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရသည်။ ဒီးမော့ဆိုမြို့နယ် ၊ ဒီး/ကျေးအုပ်စု၊ ဒေါငံခါး(၄)ရပ်ကွက်နေ ဇိုဝါးနီ(ခ)ဖားကယ် မှာ ၎င်း၏နေအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း သိမ်းဆည်းထားသော မူးယစ်ဆေးဝါးများ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဇိုဝါးနီ(ခ)ဖားကယ်၏ နေအိမ်အတွင်းမှ (WY) စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၂)ပြား၊ ခန့်မှန်း    အလေးချိန်(၁.၀၈)ဂရမ်၊ ကာလတန်ဖိုး(၁၈၀၀၀)ကျပ်ခန့်အား ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းအမှုကို ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းမှ ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်သူရကျော်မှ စစ်ဆေးလျှက်ရှိသည်။

ထ ျို း မြာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကိုယ်ပိုင်ဓာတ်ခွဲခန်းမရှိသောကြောင့် မစားသင့်သော အစားအသောက်များကို ဓာတ်ခွဲစစ်ဆေးရန် အခက်အခဲ ရှိနေသည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူ း ဦးခမ်လ ျ န်စွမ်းက ပြောသည်။ “ ဓာတ်ခွဲပို့ဖို့ သူများဓာတ်ခွဲခန်းကို အကူအညီတောင်းရတယ်။ စာနဲ့ပေနဲ့သွားရတယ်။ ပြီးတော့ ကိုယ်စမ်းသပ်ချင်တဲ့စားသောက်ကုန်ပစွည်းက ဓာတ်ခွဲလို့အဆင်ပြေမလား၊ မပြေလား သူတို့ဆီကစမ်းတောင် မစမ်းရသေးဘူး အဖြေတစ်ခုစောင့်ရသေးတယ်”ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် လွိုင်ကော်မြို့ အသေးစားစက်မှုလက်မှု ဦးစီးဌာန၌ ဓာတ်ခွဲခန်းတစ်ခုရှိသော်လည်း ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းမလာနိုင်သေးသည့်အတွက် အစားအသောက်များအား ဓာတ်ခွဲစစ်ဆေးရန် မန္တလေးသို့ တဆင့် ပြန်လည် ပို့ဆောင်စစ်ဆေးမှုမျာ ပြုလုပ်ရသည်။ “ ဓာတ်ခွဲခန်းရှိရင် ကိုယ့်ဝန်ထမ်းနဲ့ကို […]

မူအက်စတာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို ့ ၊ စံပြ ၆ မိုင် ကျေးရွာ အမှတ်(၄)ရပ်ကွက်တွင် ဩဂုတ်လ ၂ဝ ရက်နေ့ နံနက် (၀၅း၁၅)၊  မူးယစ်ဆေးဝါးနှင့် ငွေစက္ကူထပ်မံ ဖမ်းဆီးမိကြောင်း  မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းမှ သိရှိရသည်။ ဖြစ်စဉ်မှာ အမှတ်(၄)ရပ်ကွက်နေ အီညားရှို(ဘ) ဦးဆီကောဒို၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၂/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဒီးမော့ဆိုမြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဦးအီညားရှို၏ နေအိမ်တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ပြား ၉ဝ (တန်ဖိုး ၁၃၅, ဝ၀ဝ ကျပ်) အလေး   ချိန် […]

မူအက်စတာ ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ပြီး ရွာထဲဝင်လာခဲ့သည့် KNPP တပ်သားများကြောင့် ဘောလခဲနေဒေသခံများ အချို့မှာ တိုက်ပွဲပြန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ဝင် (KSPMN) ဦးရှုမောင်က ပြောသည်။ “သူတို့က လက်နက်တွေကိုယ်စီနဲ့ လက်နက်ကြီးတွေအပြည့်အစုံနဲ့ ဝင်လာတယ်လေ၊ ကျည်ဆံတွေလည်းအပြည့်ဆိုတော့   ဒေသခံအချို့တွေလည်း တိုက်ပွဲပြန်ဖြစ်မှာကို ကြောက်နေကြတယ်၊ တချို့ကြတော့လည်း သူတို့သွားလာနေကြပဲ သွားမှာပေါ့ လို့ပြောကြတယ်” ဟု ဦးရှုမောင်က ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ဆောင်ထားသည့် KNPP တပ်သားများ ဘော်လခဲဒေသတွင်းရှိ ကျေးရွာများသို့    ခြေလျင် ခရီးဖြင့် ဖြတ်သန်းသွားကြခြင်းအပေါ် ဒေသခံအချို့မှ စိုးရိမ်ပူပန်ခဲ့ကြခြင်းဖြစ်သည်။ လွိုင်ကော် KNPP ဆက်ဆံရေးရုံးမှ […]

ရှားမြာ ယခုနှစ်အတွင်း ငြိမ်သက်နေသည့် ပြောင်းဈေးကြောင့် ပြောင်းသိုလှောင်ထားသည့် တောင်သူဦးကြီးများအနေဖြင့် အရှုံးနှင့်     ကြုံတွေ့နေကြရသည်ဟု လွိုင်ကော်မြို့နယ် ဆိုလဆယ် ရွာအတွင်းရေးမှူး ဦးဦးရယ်က ပြောသည်။ ကယား(ကရင်နီ)ပြည်နယ်ရှိ လွိုင်ကော်မြို့နယ် ဆိုလဆယ်ကျေးရွာတွင် ယခင်နှစ်ကတည်းက သိုလှောင်ထားသည့် ပြောင်းဖူးစေ့များ ယခုအချိန်အထိ ရောင်းမထွက်သေးသည့်တောင်သူများ ရှိနေကြပြီး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက တစ်ပိသာတွင် ၅၅ဝ အထိတက်လာခဲ့သည့် ပြောင်းဈေးမှာ လက်ရှိတွင် တစ်ပိသာ ၃၅ဝ နှင့် ငြိမ်သက်နေခဲ့ပြီး သိုလှောင်ထားသူများအနေဖြင့် အရှုံးခံ၍ ရောင်းချရမည့်အခြေအနေတွင် ရှိနေသည်။ “စားဝတ်နေရေးအပါအဝင် အကုန်အခက်အခဲဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရင်နှစ်က ဒိလိုအချိန်ဈေးကောင်းတော့ လူတွေက ဒီနှစ် ဒီလိုအချိန်ကိုမျှော်ပြီး ရောင်းဖို့ […]

ဦးမြာ ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။ “လုံးဝကိုကျမတို့ စိုးရိမ်တယ် ကျမတို့ နိုင်ငံခေါင်းဆောင်အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ် ပြည်သူတွေ စိတ်ချလောက်တဲ့စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။ လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုထား  သည့် အဆင့်တွင်သာ ရှိနေပြီး တည်ဆောက်မှုဖြစ်၊မဖြစ်ကို မူ ဒေသခံ ပြည်သူများနှင့် ပြည်ထောင်စုအစိုးရအပေါ်တွင်           မူတည်ကြောင်း ပြည်နယ် စီမံကိန်းနှင့် […]

စူးမယ် ကရင်နီပြည်နယ်ကို မြန်မာပြည်နဲ့ ပူးပေါင်းဖို့ မြန်မာပြည် ဖဆပလ အစိုးရဟာ နိုင်ငံရေးနည်းအရ စည်းရုံးခဲ့ကြပေမယ့် ကရင်နီခေါင်းဆောင်များက လက်မခံခဲ့ကြပါဘူး။ ဖဆပလ အစိုးရ စစ်တပ်တွေဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီ       ဥက္ကဌ ဦးဘီတူရီ  နေထိုင်တဲ့ မြလဲရွာကို ၁၉၄၈ ဩရုတ်လ ၉ ရက် နံနက် ၂ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကရင်နီခေါင်းဆောင် ဦးဘီတူရီနဲ့ ရဲ့ဘော်တွေကနေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်၊ လူအင်အား မမျှ မှုကြောင့်    မြလဲရွာ ကနေ ဖရူဆိုမြို့အထိ ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ဦးဘီတူရီဟာ ကရင်နီအမျိုးသား တပ်မတော် တစ်ရပ်ကို ပြန်လည်ဖွဲ့စည်းထူထောင်နိုင်တဲ့အတွက်ကြောင့် […]

ရှားမြာ  တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်သရုပ်ဆောင်ထားသည့် The Team Myanmar ဇာတ်ကားကို ရပ်ရွာများအတွင်း မတူကွဲပြားမှု၊ ကလေးအခွင့်အရေး၊လူ့အခွင့်အရေး၊ ပုံသေသတ်မှတ်သည့် အယူသည်းမှုလျှော့ချရန် ရည်ရွယ်ပြီး ပြသမှုများ ပြုလုပ်လျှက်ရှိသည်ဟု ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ကိုဒေဝါကဆိုသည်။ “ဗီဒီယိုပြပေးပြီးတော ရရှိတဲ့ ဗဟုသုတ မေးခွန်းတွေမေးတယ်။ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရပဲ အလုပ်လုပ်နေရတယ်။ ဒါမဖြစ်သင့်ဘူးပေါ့။ကိုယ့်ရွာကိုယ့်ဒေသမှာ ရှိတဲ့ ပုံသေအယူဆတွေ ဥပမာ အပျိုကြီးတွေက ဇီဇာကြောင်တယ်။ အပျိုကြီးတိုင်းက ဇီဇာမကြောင်ဘူးလေ။ ကယားကဖဲရိုက်တယ်။ ကယားအားလုံးက ဖဲရိုက်တာ မဟုတ်ဘူးလေ။”ဟု ကိုဒေဝါက ပြောသည်။ ကယားပြည်နယ်အတွင်း ကလေးအခွင့်အရေးမဆုံးရှုံးရန် ၊ လူ့အခွင့်အရေးမဆုံးရှုံးရန် ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ   မတူကွဲပြားသော်လည်း အတူယှဉ်တွဲနေထိုင်သွားနိုင်ရန် စသည့် […]