ထျိူ းမြာ   နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် ပြည်နယ်အမျိူးမျိုးမှ တိုင်းရင်းသား လူငယ်များလာကြသော်လည်း ပင်လုံအပေါ်စိတ်ဝင်စားမှုအားနည်းသည့်အပြင် နိုင်ငံရေးပိုင်းတွင် လည်းလူငယ် များစိတ်ဝင်စားမှုအားနည်းသည်ဟု နိုုင်ငံရေးလေ့လာသုံးသပ်သူ (အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်) ဦးရန်ကျော်ကပြောသည်။ “အဓိကအားဖြင့်တော့ ဒီဟာက နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲ တစ်ခုဖြစ်နေတာကိုး ငြိမ်း ချမ်းရေးနဲ့ပတ်သက်လာလို့ရှိရင်လည်း အိမ်ဆောက်သလိုပဲ ဖောင်ဒေးရှင်း ချယုံ ပဲရှိသေးတယ်။ ညီလာခံမှာကလည်းဖတ်ရုံပဲရှိတယ်။ တစ်ချို့ဆိုရင် ဖတ်တာအား ရပါးရ ဆယ်မိနစ်ကြီးတောင် သတင်းလိုပဲဖတ်တာ အဲ့ဒီဟာကိုလည်း ဘယ်သူမှ လည်း ဆွေးနွေးလို့လည်းမရဘူး ဆိုတော့ အဲ့လိုဆွေးနွေးလို့ မရဘူး ဆိုတဲ့အပေါ် မှာများ စိတ်ဝင်းစားမှုအားနည်းတာလားဆိုတာကို တွေးမိတယ်” ဟုပြောသည်။ ကယားပြည်နယ်ကျောင်းသားသမဂ္ဂဥက္ကဌ […]

ထျိူ းမြာ ”စိုးရသစ်ရဲ့အနေအထားက အမှန်တော့ သူတို့လည်း တပ်ကို အမိန့်မပေးနို်င်ဘူး။ သူတို့လည်း တပ်ကို မလွှမ်းမိုးနိုင်သေးတော့ အချိန်ယူပြီးတော့ တဖြည်းဖြည်းချင်း လုပ်ဆောင်နေရတဲ့ပုံစံမျိူးလို့ မြင်တယ်’’ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စုညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော် ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ-၂တွင် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းအထိ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် စုစုပေါင်း ၁၈ […]

ထျိူ းမြာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)ကိုလက်မှတ်ထိုးရန်ကျန်ရှိနေသည့်အဖွဲ့များလက်မှတ်ရေးထိုးပြီးပါက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်နိုင်ရန် အတွက် နေ ရာအဆင်သင့်ရှိထားပြီးဖြစ်ဟု အဆို ပါ ကော်မတီ ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း က စက်တင်ဘာလ ရရက်က ပြောသည်။ “ UPDJC member(အဖွဲ့ဝင်)က တရားသေ သတ်မှတ်တာ မဟုတ်ဘူး။တစ်ဖွဲ့ ၃၂ဦးဆီနဲ့ကျွန် တော်တို့ လူဦးရေတိုးလို့ ရတယ်။ ဟိုဘက်ကလည်း လိုက်တိုးမယ်။သူတို့ လက်မှတ်ထိုးရင် UPDJC မှာ သူ တို့ ပါလာဖို့ အတွက် ရှင်းရှင်းလင်းလင်းနေရာပေးထားပြီိးသားဖြစ်တယ်” ဟု ၎င်းက ပြောသည်။ UPDJC ကို NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲများ […]

ထျိူ းမြာ မေး။ ။ ဒီပင်လုံညီလာခံပြီးလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်တယ်လို့ထင်လဲ။ ဖြေ။ ။ ပြောင်းလဲမလား မပြောင်လဲဘူးလားဆိုတာကိုတော့ မသိဘူးပေါ့နော။ ဒါပေမဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် အများကြီးလုပ်ရအုံးမယ်။ ပြောင်းလဲသွားနိုင်ဖို့အရေးအစလမ်းဖော်ပေးတာပေါ့။ နောက်ဘာဖြစ်လာမလဲဆိုတာကတော့ နောက်တစ်ပိုင်းပေါ့။ အခုဟာက ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်တိုက်ဆက်တိုက်ဖြစ်နိုင်ဖို့ လမ်းဖွင့်ပေးတာပဲ။ မေး။ ။ ဆရာတို့ တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့တွေအနေနဲ့ ရှေ့ဆက်ဘာဆက်လုပ်ဖို့ရှိလဲ။ ဖြေ။ ။ ကျနော်တို့ကတော့ အဓိကက ပြည်သူတွေပဲလိုပါတယ်။ ပြည်သူတွေ သဘောတူရင်လုပ်မယ်။ ပြည်သူတွေသဘောမတူတာဆိုရင်တော့မလုပ်ဘူးပေါ့။ မေး။ ။ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပတ်သက်ပြီးတော့ကော ဆရာအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။ ဖြေ။ ။ အခုလောလောဆယ်တော့ ရာခိုင်နှုန်းအပြည့်တော့ အမမျှော်လင့်နိုင်တော့ဘူး။ အထူးသဖြင့်တပ်မတော်တွေကို သိပ်အယုံအကြည်မရှိဘူး။ […]

 ထျိူ းမြာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တန်းတူညီမျှ ဆက်ဆံမခံရ ဟုုဆိုုကာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်၏ နိုင်ငံရေးအဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့က ညီလာခံဒုတိယနေ့တွင် ဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားသည့်အပေါ် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြတောင်းပန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက စက်တင်ဘာလ ၂ရက်နေ့ ညနေသတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားပါသည်။ ဦးဇော်ဌေးက “ကျနော်တို့ ဝ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့လည်ထဲက တာဝန်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပါတယ်။ သတင်းပို့ပြီး ဖြစ်စဉ် အစအဆုံးကို ရှင်းပြပါတယ်။ […]

ထျိုးမြာ အနာဂတ်တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးတွင် ကျား- မရေးရာဂျဲန်ဒါ ဆန်းစစ်မှုများကို ပြုလုပ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် ဂျဲန်ဒါကျွမ်းကျင်သည့် ပညာရှင်များထားရှိရန် ကျား-မ တန်းတူရေးရာမဟာမိတ်အဖွဲ့ (AGIPP) က စက်တင်ဘာ လ(၃)ရက်က ကြေငြာချက်တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်သည်။ အဆိုပါ ကြေညာချက်မှာ ၄ ရက်ကြာကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကျား-မတန်းတူရေးရာမဟာမိတ်အဖွဲ့ (AGIPP) ပဲကိုင်ကော်ရှင်ကော်မတီဝင် ဒေါ်သင်းသင်းအောင်က “ ကျွမ်းကျင်ပညာရှင်ဆိုတာက ကျား-မရေးရာကဏ္ဍနဲ့ ပတ်သက်ပြီး တွေးခေါ်တတ်တဲ့သူ၊ မျှတဖို့ ။ကျားကော မကော ပါဝင်မှုဘယ်လောက်ရှိသလဲ။ ဆုံးဖြတ်ချက်တစ်ခု၊ မူဝါဒတစ်ခုချလိုက်ပြီဆိုရင် အမျိုးသမီးတွေကို ဘယ်လောက်ထိ အကျိူးပြု သလဲ၊ အမျိူးသားတွေအတွက်ကော […]