spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: Sep 19, 2016

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မာသည့်ငြိမ်းချမ်းရေးအပေါ်မူတည်နေ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းထိရောက်အောင် မြင်မှုရှိရန်မှာ နိုင်ငံရေးဆွေးနွေးမှု နှင့် ခိုင်မာသည့်ငြိမ်းချမ်းရေးအပေါ်တွင်လည်း မူတည်နေသည်ဟု ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ဒုုတိယဥက္ကဋ္ဌနိုင်ဟံသာက ပြောသည်။ "နိုင်ငံရေးအရ ခိုင်မာတဲ့လမ်းစဉ်မရှိသေးတဲ့အတွက် တစ်ဖက်က ဘယ်သူမှ မလုပ်ချင်ကြဘူး။ များသောအားဖြင့်ဒေသခံပြည်သူ့စစ်တွေက အကျိုးစီးပွားတွေရှိတယ်။ ဒါတွေကလည်းပြောရရင် အစိုးရကဖွဲ့ထားတဲ့ အင်အားစုတွေပဲ တစ်ဖက်ကတိုက်နေရတဲ့အင်အားစုကလည်းတချို့က ဝင်ငွေရဖို့လုပ်နေရင်လည်းလုပ်နေမှာပဲ၊ နှစ်ဖက်စလုံးညှိရမှာပါပဲ။...

သီးနှံများပေါ်တွင် နှစ်ရှည်ပင်လာရောက်စိုက်ပျိုးသည့်အတွက် သီးနှံပင်ပျက်စီး

လွိုင်ကော်မြို့နယ် ဒေါဘူးငံ (၅) မိုင်ရွာသားများ စိုက်ပျိုးထားသည့် ပြောင်းခင်း၊ ပဲစင်းငုံခင်းများပေါ်တွင် စစ်တပ်မှ မြေကျင်းများတူးပြီး နှစ်ရှည်ပင်များ လာရောက်စိုက်ပျိုးထားသဖြင့် ပြောင်းပင်များနှင့် ပဲစင်းငုံပင်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ရွာသားများက ပြောဆိုခဲ့ကြသည်။ ဒေါဘူးငံ(၅)မိုင်ရွာသားများသည် မထေားခူကျေးရွာ အနောက်ဖက်ခြမ်းတွင် ၅ ဧကခန့် စိုက်ပျိုးထားခဲ့ကြပြီး အဆိုပါမြေမှာ  ...

တောင်သူများ၏သီးနှံစပါးများ ကြွက်ဖျက်ဆီးခြင်းနှင့် ပိုးကျခြင်းတို့ တွေ့ကြုံနေရ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းတွင် တောင်သူများ၏စပါးခင်းများကို ကြွက်များဖျက်ဆီးခြင်းနှင့်ကြုံတွေ့နေကြရသည်ဟု သိကျိတ်ကျေးရွာမှ တောင်သူ မအားမူက ပြောသည်။ "အခုတလော ကြွက်ထပြီးတောင်းကျန်းလို့ တောင်ယာခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ စပါးပင်အရင်းကို ကိုက်ဖြတ်လို့ စပါးတွေမပေါက်နိုင်တော့ဘူး။" ဟု မအားမူကပြောသည်။ ရှမ်းပြည်တောင်ပိုင်းဒေသအတော်များများတွင် ကြွက်များ၏ ဖျက်ဆီးခြင်းကို ကြုံတွေ့နေရပြီးကြွက်ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့်ဒေသများကို အချက်အလက်လိုက်ကောက်ယူကာ သက်ဆိုင်ရာဌာနများထံ ကူညီတောင်းတိုက်တွန်းနှိုးဆော်ပေးသွားမည်ဟု...

နိုင်ငံတော်တည်ဆောက်မည့်အခန်းကဏ္ဍတွင် မျိုးနွယ်စုငယ်များပါဝင်မှုအားနည်း

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်မည့်အခန်းကဏ္ဍအပိုင်းတွင် တိုင်းရင်းသားမျိုးနွယ်စုငယ်များပါဝင်မှု အားနည်းနေ သည်ဟု ကော်ယော်မျိုးနွယ်စုကိုယ်စားလှယ် မာတီးယာက ပြောသည်။ နိုင်ငံရေးပါတီမရှိသည့် မျိုးနွယ်စုများ၊ လက်နက်ကိုင်အဖွဲ့အစည်းမရှိသည့် မျိုးနွယ်စုများက နိုင်ငံတော်၏ အခန်းကဏ္ဍများတွင်ပါဝင်မှု အားနည်းနေသည့်အတွက် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ မျိုးနွယ်စုငယ်များအတွက် အခန်းကဏ္ဍများကို  ထည့်သွင်းစဉ်းစားပေးနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။ " ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲပြောပြော ၊ အမျိုးသားချင်းနိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း...

ဒုက္ခသည်များမှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေ

ပြန်လည်အခြေချနေထိုင်မည့် ဒုက္ခသည်များနေရာအတည်တကျနေထိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်နိုင်ရန် အခက်အခဲရှိနေသည်ဟု ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။ "ဒုက္ခသည်စခန်းကနေပြီးတော့ပြန်လည်အတည်တကျနေထိုင်တာမျိုးတော့မရှိသေးဘူး။ သွားလိုက်ပြန်လိုက်ဆိုတာမျိုးရှိတယ်။သူတို့ပြန်လည်အခြေချနေထိုင်ဖို့ခက်ခဲတယ်။" ဟု ဒေါ်ဝင့်ဝါထွန်းကပြောသည်။ နယ်စပ်ဒုက္ခသည်စခန်းတွင် နေထိုင်သူများအနေဖြင့် အတည်တကျပြန်လည်နေထိုင်တာမျိုးမရှိသေးသော်လည်း တောင်ယာလုပ်ကိုင်စိုက်ပျိုးလိုသူတချို့က ဒုက္ခသည်စခန်းနှင့်ကျေးရွာများသို့ အသွားအပြန်ပြုလုပ်၍ စိုက်ပျိုးနေကြသည်။ မယ်စဲမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဒုက္ခသည်စခန်းမှ ပြန်လည်လာရောက်နေထိုင်သူ တချို့ရှိနေသော်လည်း မှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေသည်ဟု ဖွံ့ဖြိုးရေးလုပ်ငန်း...

၂၁ပင်လုံသည် ငြိမ်းချမ်းရေး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ဆို 

၂၁ ပင်လုံညီလာခံတွင် မိမိတို့တိုင်းရင်းသား ဆန္ဒများကို ဖော်ထုတ်ခွင့်ရသည့်အတွက် ငြိမ်းချမ်းရေး၏ ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။ "ဒီရလဒ်က ညီလာခံဖွင့်ပွဲအနေနဲ့ ပထမ ခြေလှမ်းကို အောင်မြင်စွာ ဖော်ဆောင်နိုင်တဲ့ ရလဒ်လို့ ခံယူထားတယ်" ဟု ဝန်ကြီးချုပ်က ဆိုသည်။ ညီလာခံ တက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့် တိုင်းရင်းသားများ၏ အရေးဆန္ဒများကို...

သိန်းတစ်ထောင်ကျော်အကြွေးရှင်ကိုသတ်သွားသည့်အမှု အလောင်းအတည်မပြုနိုင်သေး

လွိုင်ကော်မြို့ ထေးငှားလျားရွာတွင် ဩဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် လူသတ်မှုသည် ယခုအချိန်ထိ အလောင်းဖျောက်ဖျက်ခြင်းအပေါ် အတည်မပြုနိုင်သေးကြောင်း လွိုင်ကော်မြို့မ ရဲ့စခန်းမှူး ဒုရဲမှူးကျော်ကျော်ဦးက ကန္တာရဝတီတိုင်း(မ်)သို့ စက်တင်ဘာလ ၁၂ ရက်က ပြောကြားသွားသည်။ “ လက်ရှိအနေအထားကတော့ အိမ်သာကျင်းထဲက တွေ့တဲ့ဟာကို ဓါတုရာဝင်ရုံးကို ပေးပို့ ထင်မြင်ချက်တောင်းခံထားတုန်းပဲ...

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) – ဗိုလ်ချုပ်ဂွမ်မော် နှင့် တွေ့ဆုံမေးမြန်းခြင်း

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၂၁ ပင်လုံညီလာခံ တက်ရောက်ခဲ့တဲ့  ဗိုလ်ချုပ်ဂွမ်မော် နှင့် တွေ့ဆုံမေး မြန်းခဲ့တာကိုု ဖော်ပြလိုုက်ပါတယ်။ မေး။ ။ အခု ကချင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ ၂၁ ပင်လုံညီလာခံလည်း ဗိုလ်ချုပ်တို့က တက်ရောက်နိုင်ခဲ့တယ်ဆိုတော့ ဒီအပေါ်မှာ ဗိုလ်ချုပ်တို့ရဲ့ သဘောထားကိုသိချင်ပါတယ်။ ဖြေ။ ။ ကျနော်တို့က တိုက်ပွဲမရှိဘဲ ဆွေးနွေးပွဲကိုတက်ချင်တာပေါ့။ ဒါပေမယ့် အခုကမတတ်နိုင်လို့ တိုက်ပွဲတွေရှိနေသော်လည်း...

ဒေါလယ်ခူရွာက သားဖွားဆရာမ တစ်ယောက်

ဗီဒီယို ဇာတ်ကားတွေထဲမှာ ဆရာဝန်တွေ တပ်နေကျ ဖြစ်တဲ့နားကျပ် ကိုတပ်ပြီး၊ လက်ထဲက တကျွီကျွီ နဲ့ ဘဲဥပုံ ဘောလုံးလေးကို ညှစ်ကာ မအဲဂျလာ(ခေါ်) ပရဲ့မို တယောက် ကိုယ်ဝန်ဆောင်မိခင်တဦးကို သွေးပေါင်တိုင်းပေးနေပါတယ်။ တိုင်းနေရင်းနဲ့ပဲ “နောက်ဆုံး ဓမ္မတာလာတာ ဘယ်တုန်းကလဲ” လို့ သူက ကိုယ်ဝန်ဆောင်လူနာရဲ့...

Latest news

- Advertisement -spot_img