သဘောတူညီမှုအတိုင်း မဖောက်ဖျက်ပါက တိုက်ပွဲဖြစ်ရန် မရှိဟု ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီးပြော

ထျိုးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် လုပ်ရှားမှုပုံမှန်ရှိနေပြီး အစိုးရနှင့် သဘောတူထားသည့်အတိုင်း တစ်ဘက်နှင့်တစ်ဘက် ဖောက်ဖျက်မှုမရှိပါက တိုက်ပွဲပြန်ဖြစ်န်ုိင်ခြေမရှိကြောင်း ကရင်နီအစိုးရပြည်ထဲရေးဝန်ကြီ ခူထဲဘူး ကပြောသည်။ “ကျနော်တို့ဘက်ကတော့ ဘာမှပြင်ဆင်ဖို့တိုက်ပွဲဖြစ်ဖို့ မမျှော်လင့်ဘူးပေါ့။ ဒါပေမဲ့ သဘောတူထားတဲ့အတိုင်းပဲ ဖောက်ဖျက်ကြမယ်ဆိုရင်တော့ ဒါကတော့မပြောနိုင်ဘူးလေး။ ဒါပေမဲ့ ဒါကတော့ ဖောက်ဖျက်တဲ့လူအပေါ်မှာ မူတည်တယ်ပေါ့။ ကျနော်တို့ပြောထားပြီပဲ ကျနော်တို့ဘက်ကတော့ တစ်ကယ်သဘောတူညီထားတဲ့အတိုင်းပဲ လမ်းမပေါ်မှာထွက်လျှောက်မယ်၊ လုပ်ရှားမယ်ဆိုရင် သူတို့ကိုအရင်သတင်းပို့မယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ရှိတဲ့တောဘက်က်ို လာမယ်ဆိုရင် အရင်သတင်းပို့ရမယ်လို့ ” ဟုသူကပြောသည်။ မိမိတို့အဖွဲ့အစည်းသည်တောထဲမည်သည့်နေရာတွင် နေထိုင်နေသည်ဟု အတည်တကျ မပြောနိုင်သောကြောင့် အကယ်၍ အခြားတစ်ဘက်မှအသိမပေးဘဲ မိမိတို့အဖွဲ့ရှိရာ တောထဲသို့ရောက်လာလျှင် ပစ်နိုင်ခြေရှိသည်ဟု ၎င်းကပြောပါသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် တစ်နိုင်ငံလုံအပစ်ခတ် တိုက်ခတ်မှု […]

နိုင်ငံအဆင့်ပြိုင်ပွဲဝင် စကိတ်စီးတဲ့ စောရော်နယ်ကလိုမူးနှင့်တွေ့ဆုံခြင်း

စိုင်းလင်းလင်းဦး မြန်မာနိုင်ငံမှာ စကိတ်အားကစားနည်းတွေထဲက Aggressive Inline အကြမ်းစီးစကိတ် အမျိုးအစားမှာ ယခုနှစ် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ထူးချွန်အဆင့် (၅) ဝင်တဲ့ ကယားပြည်နယ်က စကိတ်စီးသူ စောရော်နယ်ကလိုမူးသူ့ရဲ့ စကိတ်အားကစားအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းနေသလဲဆိုတာ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။ ကယားပြည်နယ်ဖွား စောရော်နယ်ကလိုမူးဟာ ၂၀၁၄ ခုနှစ်ကတည်းက စကိတ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဆင့် ထူးချွန်အဆင့် ဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်ပါတယ်။ စကိတ်နဲ့ တွဲဖက်ကစားနည်းတစ်ခုဖြစ်တဲ့ တတိယအကြိမ်မြောက် အာဆီယံ Roll Ball ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိကျင်းပမယ့် ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် အားကစားသမား ၁၁ ဦးထဲမှာ […]

လိုဘာခိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံမေးမြန်းခြင်း

မူအက်စတာ နှစ်စဉ်နှစ်တိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းက ဘိန်ခင်းနေရာတွေကို ရဲတပ်ဖွဲ့ တွေကနေ သွားရောက် ဖျက်ဆီးလေ့ရှိပါတယ်။ ဒီးမော့မြို့နယ် လိုဘာခိုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဘိန်းခင်းတွေကို အောက်တိုဘာ ၂၂ ရက်နေ့က ဒေသခံရဲတပ်ဖွဲ့တွေက သွားရောက်ဖျက်ဆီးခဲ့ပါတယ်။ လိုဘာခို အုပ်စုက ရွာသူရွာသားတွေ ၁၉၉၅ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလာကြတာဖြစ်ပါတယ်။ အဓိက စိုက်ပျိုးရေးဖြစ်တဲ့ ဘိန်းခင်ဖျက်တာနဲ့ပါတ်သက်ပြီး အုပ်စုအုပ်ချုပ်ရေးမှူး ဦးဟင်နရီကို သူတို့ ဘာကြောင့် ဘိန်းစိုက်ပျိုးကြတယ်၊ ဘာတွေအခက်ခဲရှိလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်ပါတယ်။ မေး။ ။ ဦးတို့ အခုလို နိုင်ငံတော်ကနေပြီးတော့ ဦးတို့စိုက်ပျိုးထားတဲ့ ဘိန်းတွေကို လာရောက်ဖျက်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။ ဖြေ။ ။ အစကတည်းကလည်း ဘိန်းနဲ့ပတ်သက်ရင်တော့ […]

ကယားပြည်နယ်နှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခြေအနေ

မူအက်စတာ အောက်တိုဘာလအတွင်းမှာပင် ကယားပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လိုက် ပြီဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်သူများ ဝင်ရောက်လာ တော့မည်ဖြစ်သည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း အစိုးရဘက်က ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ကို ပေးထားပါသည်။ ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုသည် ဇုန်(၂)တွင် ချဉ်းကပ်နေပြီဖြစ်ကြောင်း ဇုန်(၁)သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ိကို ခေါ်သော်လည်း ကယားပြည်နယ်သည် အရမ်းကို ဖွံ့ဖြိုးမှုနည်းနေသည့် အခြေအနေတွင် ရှိ မနေတော့ပဲ တဖြည်းဖြည်းနှင့် တိုးတက်နေပြီဖြစ်သည်ဟု လွိုင်ကော်မြို့ လင်းလက်ရွှေတောင်ပံ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဘန်ဒီက ပြောသည်။ ဖွံ့ဖြိုးမှု […]

ပြည်နယ်ကုန်သွယ်ရေးစခန်းမှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေး

မူအက်စတာ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်နယ်မှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေးကြောင်း ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကယားပြည်နယ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဦးဆော်လမွန်ကပြောသည်။ ယခုချိန်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှနေ၍ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်လို့ရသည်မှာ စိုက်ပျိုးရေးသီးနှံများသာ ဖြစ်ကြောင်း ဆိုပါသည်။ “ကယားပြည်နယ်ကနေပြီးတော့ အဓိက တင်ပို့လို့ရတာကတော့ စိုက်ပျိုးရေးထွက်ကုန်ပဲ ရှိဦးမယ်၊ စိုက်ပျိုးရေးထွက်ကုန်ရယ် နောက်ပိုင်းကျရင် ကျနော်တို့ သစ်အချောတွေ၊ သစ်အချောကုန်လို့ ပြောရမယ်ပေါ့နော၊ သစ်အချောထည်ပစ္စည်းလေးတွေ ပို့ဖို့အတွက် ရည်ရွယ်ထားတယ်ပေါ့နော။” ဟု ဦးဆော်လမွန်က ပြောသည်။ သစ်တောထွက်ပစ္စည်းများဆိုသည်မှာ သစ်ကိုကုန်ချောအဖြစ် တင်ပို့နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူးသန်းရောင်းဝယ်လိုသည့် ကုန်သည်များကို ကုန်သွယ်ရေးကဒ်များ ကုန်များကို တစ်ပိုင်တစ်နိုင်ကုန်သွယ်သွားလာခွင့် ကဒ်(International Trade Center)ကဒ်များကို […]