ပြည်သူ့ဘဏ္ဍာငွေ ဆောက်လုပ်ရေးစီမံကိန်းများ၏ အရည်အသွေးပိုင်း စစ်ဆေးတွေ့ရှိချက်

၂၀၁၆-၁ရ ဘတ်ဂျက်နှစ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်နေသည့် လမ်း၊ တံတား ၊ အဆောက်အဦးစီမံကိန်းများကို အစိုးရ၏ အားမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီတို့က အရည်အသွေးပြည့်မှီခြင်းရှိမရှိ သွားရောက် စစ်ဆေးခဲ့ကြစဉ် တွေ့ရှိချက်အချို့များကို တင်ပြအပ်ပါသည်။ ပြည်ထောင်စုလမ်းမကြီးလမ်းသားတိုးချဲ့မှု တွေ့ရှိချက် – လမ်းပုခုံးအနက်တူးရန် – ကျောက်ဆိုဒ်မှန်ကန်ရန် – Template ဖြင့်ခင်းရန် – Camber ပေါ်အောင်ဆောင်ရွက်ရန် – နောက်ဆုံးခင်းချိန်တွင် အပြီးသတ်ကောင်းမွန်ရန် ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့မှ -လောဓမ္မရပ်ကွက်ထဲက ပြည်ထောင်စုလမ်းမကို အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ဆေးနေစဉ်ဖြစ်သည်။ […]