spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Yearly Archives: 2016

လျှပ်စစ်မီးရရှိရန် ငွေကောက်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း မော်ချီးတောင်ပေါ်ရပ်ကွက် မီးမရသေး

စိုင်းလင်းလင်းဦး ဖားဆောင်းမြို့နယ် မော်ချီးတောင်ပေါ်ရပ်ကွက်အတွက် လျှပ်စစ်မီးသွယ်ပေးရန် ငွေကောက်ယူထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ မီးမသွယ်ပေးသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ပြီးခဲ့သည့်နှစ်ကတည်းက လျှပ်စစ်မီးရရှိရန်အတွက် တာဝန်ရှိသူများက မော်ချီးတောင်ပေါ်ရပ်ကွက် တွင်နေထိုင်သူများထံမှ ငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၃၀၀၀ဝ သွင်းထားခဲ့ကြပြီးဖြစ်သည်။ “အလင်းတန်းကျေးရွာနဲ့ အောက်ရွာနဲ့ လိုခါးလိုမှာ မီးတွေရကြပြီ ဒီတောင်ပေါ်က သူတို့ အန္တရာယ်ဇုန်မို့လို့လားမသိဘူး...

ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောက်လုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းတွင် လုပ်ငန်းကြီးကြပ်မှု အားနည်းဟုဆို

ကယားပြည်နယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများတွင် စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းကြီးကြပ်မှု အားနည်း သည့်အပိုင်းများတွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင် ဦးစောကလိုမူး ကပြောသည်။ ဦးစောကလိုမူးက “ အဓိကတွေ့ရတဲ့အချက်က ကန်ထရိုက်တွေ လုပ်တဲ့လုပ်ငန်းတွေမှာ လက်ရာလေးတွေ နည်းနည်းညံ့တယ် အရည်အသွေးကျတော့ ကျနော်တို့က တိတိကျကျစစ်ဆေးဖို့ကျတော့ အရည်အသွေးမှာ နည်းနည်းညံ့တာလေးတွေ...

နေ့စားခမရလျှင် အစည်းအဝေးမလာချင်ကြ

ဖဲဘူး - နေ့စားခနှင့်စားစရိတ် ၊ လမ်းစရိတ်မထောက်ပံ့နိုင်သည့် အစိုးရဌာနဆိုင်ရာ လူထုဖွံ့ဖြိုးရေးစီမံကိန်း အစည်းအဝေးတွင် လူထုများက တက်ရောက်လာမှုအား နည်းနေသည့်အခက်အခဲ တွေ့နေရသည်ဟု ဒီးမော့ဆိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်ကပြောသည်။ ဒေသတွင်း ကွင်းဆင်းဆောင်ရွက်သည့်အခါတွင် အသေးစားထောက်ပံ့မှုများပေးနိုင်သည့် NGO , INGO အဖွဲ့အစည်းများ ကဲ့သို့မဟုတ်သည့်အတွက် လူထုများကို တွေ့ဆုံရန်...

မော်ချီးမြေပြိုမှုကြောင့် ရွေ့ပြောင်းခံ ဒေသခံများ စီးပွားရေးခက်ခဲနေ

ဦးမြာ မော်ချီးမြေပြိုမှုကြောင်း ရွေ့ပြောင်းနေထိုင်ကြရတဲ့ ဒေသခံတွေဟာ နေရာသစ်မှာ နေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ရတာ အဆင်မပြေကြောင်း သိရပါတယ်။ မြေပြိမှုထဲအိုးအိမ်များ ဆုံးရှူံးသွားရတဲ့လူတွေကိုတော့ လက်ရှိမှာမော်ချီးဒေသနဲ့ လေးမိုင်ခန့်ဝေးတဲ့နေရာမှာ အလင်းတန်းကျေးရွာအမည်ဖြင့် ပြန်လည်နေရာချထားရေးကိုအစိုးရမှ ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ “အဲ့ဒီမှာကသူတို့ချပေးတဲ့နေရာနဲ့က စီးပွားရေးလုပ်စားလ ို့မရဘူးစီးပွားရေးတစ်ခုဖြစ်ဖို့အတွက် ဝမ်းစာကိုရှာလို့မလွယ်ဘူး။ ကိုယ်တတ်ထားတဲ့ပညာနဲ့ အဲ့ဒီနားမှာလည်း လုပ်လို့မရဘူး။ ကျတော်ဆိုရင် ပရိဘောဂတတ်တယ်...

သဘောတူညီမှုအတိုင်း မဖောက်ဖျက်ပါက တိုက်ပွဲဖြစ်ရန် မရှိဟု ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီးပြော

ထျိုးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် လုပ်ရှားမှုပုံမှန်ရှိနေပြီး အစိုးရနှင့် သဘောတူထားသည့်အတိုင်း တစ်ဘက်နှင့်တစ်ဘက် ဖောက်ဖျက်မှုမရှိပါက တိုက်ပွဲပြန်ဖြစ်န်ုိင်ခြေမရှိကြောင်း ကရင်နီအစိုးရပြည်ထဲရေးဝန်ကြီ ခူထဲဘူး ကပြောသည်။ “ကျနော်တို့ဘက်ကတော့ ဘာမှပြင်ဆင်ဖို့တိုက်ပွဲဖြစ်ဖို့ မမျှော်လင့်ဘူးပေါ့။ ဒါပေမဲ့ သဘောတူထားတဲ့အတိုင်းပဲ ဖောက်ဖျက်ကြမယ်ဆိုရင်တော့ ဒါကတော့မပြောနိုင်ဘူးလေး။ ဒါပေမဲ့ ဒါကတော့ ဖောက်ဖျက်တဲ့လူအပေါ်မှာ မူတည်တယ်ပေါ့။ ကျနော်တို့ပြောထားပြီပဲ ကျနော်တို့ဘက်ကတော့...

နိုင်ငံအဆင့်ပြိုင်ပွဲဝင် စကိတ်စီးတဲ့ စောရော်နယ်ကလိုမူးနှင့်တွေ့ဆုံခြင်း

စိုင်းလင်းလင်းဦး မြန်မာနိုင်ငံမှာ စကိတ်အားကစားနည်းတွေထဲက Aggressive Inline အကြမ်းစီးစကိတ် အမျိုးအစားမှာ ယခုနှစ် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ထူးချွန်အဆင့် (၅) ဝင်တဲ့ ကယားပြည်နယ်က စကိတ်စီးသူ စောရော်နယ်ကလိုမူးသူ့ရဲ့ စကိတ်အားကစားအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းနေသလဲဆိုတာ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။ ကယားပြည်နယ်ဖွား စောရော်နယ်ကလိုမူးဟာ ၂၀၁၄ ခုနှစ်ကတည်းက စကိတ်ပြိုင်ပွဲတွေမှာ...

လိုဘာခိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံမေးမြန်းခြင်း

မူအက်စတာ နှစ်စဉ်နှစ်တိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းက ဘိန်ခင်းနေရာတွေကို ရဲတပ်ဖွဲ့ တွေကနေ သွားရောက် ဖျက်ဆီးလေ့ရှိပါတယ်။ ဒီးမော့မြို့နယ် လိုဘာခိုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဘိန်းခင်းတွေကို အောက်တိုဘာ ၂၂ ရက်နေ့က ဒေသခံရဲတပ်ဖွဲ့တွေက သွားရောက်ဖျက်ဆီးခဲ့ပါတယ်။ လိုဘာခို အုပ်စုက ရွာသူရွာသားတွေ ၁၉၉၅ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလာကြတာဖြစ်ပါတယ်။ အဓိက စိုက်ပျိုးရေးဖြစ်တဲ့...

ကယားပြည်နယ်နှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခြေအနေ

မူအက်စတာ အောက်တိုဘာလအတွင်းမှာပင် ကယားပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်လိုက် ပြီဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်သူများ ဝင်ရောက်လာ တော့မည်ဖြစ်သည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း အစိုးရဘက်က ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ကို ပေးထားပါသည်။ ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုသည်...

ပြည်နယ်ကုန်သွယ်ရေးစခန်းမှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေး

မူအက်စတာ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်နယ်မှ သစ်ချောထည်များကို ကုန်သွယ်မှုမပြုနိုင်သေးကြောင်း ကယားပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကယားပြည်နယ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဦးဆော်လမွန်ကပြောသည်။ ယခုချိန်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှနေ၍ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်လို့ရသည်မှာ စိုက်ပျိုးရေးသီးနှံများသာ ဖြစ်ကြောင်း ဆိုပါသည်။ “ကယားပြည်နယ်ကနေပြီးတော့ အဓိက တင်ပို့လို့ရတာကတော့ စိုက်ပျိုးရေးထွက်ကုန်ပဲ ရှိဦးမယ်၊ စိုက်ပျိုးရေးထွက်ကုန်ရယ် နောက်ပိုင်းကျရင် ကျနော်တို့ သစ်အချောတွေ၊...

“တောင်သူအကျိုးစီးပွားမြင့်တင်ဖို့ဆိုတာ ခိုင်မာတဲ့ဈေးကွက်ကို ရှာပေးရမယ်”

စိုင်းလင်းလင်းဦး   လက်ရှိကာလ၌ ပြောင်းစိုက်တောင်သူများနှင့် အခြားစိုက်ပျိုးသီးနှံစိုက်ပျိုးသည့်တောင်သူများ ၎င်းတို့ သီးနှံများ ထုတ်ရောင်းချရာတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် အခြေအနေအား နိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဌ ဦးမင်းခိုင်နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်။ မေ။ ။လက်ရှိမြန်မာနိုင်ငံအပါအဝင်နဲ့ ကယားပြည်နယ်မှာ ပြောင်းထွက်ရာသီမှာ ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ကြုံနေကြရတယ်။ အဓိကပြဿနာက ဘာကြောင့်လဲပေါ့။ ဖြေ။ ။အဓိက ပြောင်းဈေးမတည်ငြိမ်မှုဆိုတာက အဓိကအချက်ကို ပြောရမယ်ဆိုရင်...

Latest news

- Advertisement -spot_img