spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Monthly Archives: January, 2017

မျက်နှာချင်းဆိုင် ဆိုင်ကယ်တိုက်မိရာမှ လူတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

မူအက်စတာ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ ၅းဝဝ ချိန်တွင် ဒီး​မော့ဆိုမြို့နယ်​၊ ဟန်​​သောခို​ကျေးရွာတွင်​ ဆိုင်​ကယ်​မျက်​နှာချင်​းဆိုင်​တိုက်​မိကာ လူတစ်​ဦး​သေပြီး နှစ်​ဦးဒဏ်​ရာရခဲ့​ကြောင်​း သိရသည်​။ ဖြစ်​စဉ်​မှာ ဒီးမော့ဆိုမှ မိုးဗြဲဘက်သို့ ဦးယုတမောင်းနှင်လာပြီး နောက်မှ မောင်ဝိလပါ လိုက်ပါစီးနင်းလာ ဆိုင်ကယ်နှင့် မိုးဗြဲဘက်မှ ဒီးမော့ဆိုဘက်သို့ မောင်းနှင်လာသည့် ဦးနသားလယ်ဆိုင်ကယ်တို့သည် ဟန်သောခိုကျေးရွာအဝင်တွင် မျက်နှာချင်းဆိုင်...

ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးသွယ်တန်းပေးနေစဉ် အမျိုးသားတစ်ဦးပြုတ်ကျ သေဆုံး

မူအက်စတာ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးများကို ပြုပြင်သွယ်တန်းပေးနေစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်ပြီး ပြုတ်ကျ သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဇန်နဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ယူဆမိုဆိုကျေးရွာတွင် ဓာတ်ကြိုးများကိုတက်ရောက်ပြုပြင် သွယ်တန်းနေစဉ် ပေါင်းလောင်းကျေးရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်နေ မျိုးလှိုင်ဝင်း(၂၅)နှစ်၊ အေဘယ်ဝင်းနားကုမ္ပဏီဝန်ထမ်း ဓာတ်လိုက်ပြီး ဓာတ်တိုင်ပေါ်မှ ပြုတ်ကျကာ...

ပွန်ချောင်းအရှေ့ဘက်ကမ်းတလျှောက် တောင်ယာ တိုးချဲ့ခြင်းမပြုရန် ကန့်သတ်ထား

စိုင်းလင်းလင်းဦး ဘောလခဲ - ရှားတောမြို့နယ် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ပွန်ချောင်းအရှေ့ဘက် ကမ်းတလျှောက်တွင် တောင်ယာတိုးချဲ့လုပ်ကိုင်ခြင်းမပြုလုပ်ရန် ကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးတိုးချဲ့လုပ်ကိုင်လိုသူများ အခက်တွေ့နေကြရကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာသား တစ်ဦးမှ ကန္တာရဝတီတိုင်း(မ်)သို့ ဇန်နဝါရီ ၁၆ ရက်နေ့က စာရေးသား ပေးပို့ထားသည်။ “ပွန်ချောင်းအရှေ့ဖက်ကမ်း တောင်ယာခြံမြေ လုပ်ကိုင်ခြင်းမပြု (ပုံ-ဒေသအာဏာပိုင်)” ဟူသော...

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲပေးပုံပေးနည်းကို အနည်းငယ်ပြောင်းထား

ထျိုးမြာ လာမည့်၂၀၁ရ ကြားဖြတ်ရွေးကောက်ပွဲတွင် ပယ်မဲများ လျော့နည်းစေရန်အတွက် မဲပေးပုံပေးနည်းကို ပြောင်းလဲထားသည်ဟု ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောကြားလိုက်သည်။ “စာတော့မထုတ်သေးဘူး။ မဲပေးပုံပေးနည်းကတော့ အခုနောက်ပိုင်း ကြိုတင်မဲတွေပေါ့နော။ ကြိုတင်မဲတွေအားလုံးကို မင်နဲ့ပဲချစ်မယ်။ မဲရုံမှာလုပ်မဲ့ဟာတွေကတော့ တဆိပ်တုံးနဲ့ပဲထုမှာ” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။ ပြီးခဲ့သောရွေးကောက်ပွဲကာလ၌ ဆန္ဒမဲလက်မှတ်တွင် တစ်ကြိမ်ထက်ပိုပြီး တံဆိပ်တုံးထုခဲ့လျှင် ပယ်မဲအဖြစ်...

ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဂတိလိုက်စားမှု အသိပေးတိုင်ကြားနိုင်

ကန္တာရဝတီတိုင်း(မ်) ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ၊ အဂတိလိုက်စားမှု အန္တရာယ်ကင်းရှင်းရေးအတွက် အကြံပြုချက်နှင့် အသိပေးတိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနက ပြည်သူ့ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲလျက်ရှိသော ဘဏ္ဍာငွေများကို အကျိုးရှိပြီး ထိရောက်စွာ အသုံးပြုရေးနှင့် အလေအလွင့် အနည်းဆုံးဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၊ ထင်သာမြင်သာ ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ထိုအတွက်...

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုအပေါ်သက်ရောက်နေသည့် အခြေအနေကို အစီရင်ခံစာတရပ် ထုတ်ပြန်

စိုင်းလင်းလင်းဦး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုအပေါ်သက်ရောက်နေသည့် မြေယာပြဿနာ၊ အကြီးစားစီမံကိန်း၊ အခွန်ကောက်ခံခြင်း၊ စစ်ဆေးရေးဂိတ်နှင့် လုံခြုံရေးကိစ္စရပ်များ၏ အခြေအနေများကို (Karenni State Situation Update) အစီရင်ခံစာတရပ်ကို ထုတ်ပြန်လိုက်သည်ဟု သိရသည်။ ထိုအချက်များအနက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် စီပွားရေးလုပ်ငန်းရှင်များမှ ကယား(ကရင်နီ) ပြည်နယ်အတွင်း အဆိုပါအချက်များနှင့် ပတ်သက်၍ ပြည်သူလုထုထံသို့...

ရှားတောဖက်တွင် သံလွင်မြစ်ကူးတံတား တည်ဆောက်ဖို့ရှိ

ဖဲဘူး ရှားတော မြို့နယ် တာတမောတွင် သံလွင် မြစ်ကူးတံတားတစင်း တည်ဆောက်ရန် ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တံတားအထူးအဖွဲ့ ၆ တာဝန်ရှိသူ ကပြောသည်။ ၎င်းတံတားမှာ ပေ ၁၂၅ဝ ရှည်လျားမှာ ဖြစ်ပြီး သံကူကွန်ကရစ် တံတားအမျိုးအစား တည်ဆောက်မည်ဖြစ်သည်။ ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန် လျာထားကြောင်း...

အရည်အသွေးမပြည့်မှီသည့် စီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနက အရေးမယူနိုင်သေး

ဖဲဘူး၊ ဦးမြာ အရည်အသွေး မပြည့်မှီသည့် ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်ရေး ၊ ပြုပြင်ရေး ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား၊ အဆောက်အဦး စီမံကိန်း စစ်ဆေးတွေ့ရှိချက်များကို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းြ ကားထားသော်လည်း အရေးယူဆောင်ရွက်ခြင်း၊ အကြောင်းပြန်ခြင်းမရှိကြောင်း အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်တီ ဥက္ကဌ...

ဆိုင်ခန်းခပိုပေးရသည်ဟု တိုင်တန်းထားသူများကို ငွေပြန်အမ်းမည်

စိုင်းလင်းလင်းဦး ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲဈေးဆိုင်ခန်းနေရာဝယ်ယူရာတွင် သတ်မှတ်ထားသော အခကြေးငွေထက် ပိုမိုပေးဆောင်ရသော ဆိုင်ခန်းဝယ်ယူသူများအား ငွေပြန်အမ်းပေးမည်ဟု သိရသည်။ ပွဲတော်၌ ဈေးရောင်းချရန်အတွက် နေရာချပေးထားသော ဆိုင်ခန်းနေရာများကို ဝယ်ယူရာ၌ အစိုးရမှ သတ်မှတ်ထားသော ဈေးနှုန်းထက်ကြီးနေခြင်းသာမက ယခင်နှစ်ကပေးဝယ်ရသော ဈေးနှုန်းများထက်ပင် ပိုများနေခြင်းကြောင့် ဆိုင်ခန်း ဝယ်ယူသူများမှ ဇန်နဝါရီလ ၁၈...

တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေး

ထျိုးမြာ ပထမအကြိမ် တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ ကယား(ကရင်နီ)ပြည်နယ်ရှိအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ(KSWDC) ပြည်တွင်းတာဝန်ခံ ကိုဗညားက ပြောသည်။ “ကျနော်တို့စဉ်းစားထားတာက ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခုကျင်းပမဲ့ပထမဦးဆုံးအကြိမ် peace forum မှာ အဆင်သင့် မဖြစ်နေသေးတဲ့အပေါ်မှာ ကျနော်တို့ ဒီပထမအကြိမ်ကိုတော့ ကျနော်တို့ သွားနိုင်မှာမဟုတ်ဘူးပေါ့နော။...

Latest news

- Advertisement -spot_img