https://www.youtube.com/watch?v=RCLJVKfHrvI ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အသံတွေကို ကနာ္တရဝတီတိုင်း(မ်)သတင်းဌာနက ကရင်နီဘာသာနဲ့ ထင်ဟပ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ – အရည်သွေးမပြည့်မီတဲ့ ဆိုလျားကူးကျေးရွာလမ်းကို ပြည်သူ့ငွေစာရင်းစောင့်ကြည့် လေ့လာရေးကော်မတီက တတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပါတယ်။ – သံလွင်မြစ် လွတ်လပ်စွာ စီးဆင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖားဆောင်းမြို့မှာ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ – အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ကယားပြည်နယ်က မြို့နယ်တချို့ကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ – ဖားဆောင်းမြို့အနီး သံလွင်မြစ်ပေါ်မှာ လူငယ်တွေ သံလွင်ဆုတောင်းပွဲ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ သံလွင်မြစ် ဖြတ်သန်းစီးဆင်းလာတဲ့ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်က လူငယ်တွေလည်း လာရောက်ခဲ့ကြပါတယ်။ […]

မူအက်စတာ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ဒေသထွက် လက်မှုထုတ်ကုန်များသည် ဈေးကွက်တွင်မရှိဘဲ ပြခန်းများတွင်သာ တွေ့နေရသည်။ ဈေးကွက်တွင် မရှိသည့် ဒေသထွက်သီးနှံ၊ ကုန်စည်၊ အမှတ်တရပစ္စည်းများသည် ယခုလို ကယားပြည်နယ်နေ့ နေ့ထူးနေ့မြတ်တွင် အစိုးရမှ ဒေသခံတောင်သူများအတွက် အစီအမံတခု ဆောင်ရွက် ပေးထားသင့်သည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။ သို့သော် ပြခန်းတွင် ပြသထားသည့် ဒေသထွက်ကုန်များမှာ ဈေးကွက်တွင်းသို့ရောင်းချနိုင်ရန် အခွင့်အရေးနည်းလမ်းများမရှိဘဲ ပြည်နယ်အထိမ်းအမှတ်ပွဲနေ့ ရောက်မှသာလျှင် လာရောက်ပြသထားကြသည်ကို တွေ့ရသည်။ ပြခန်းတွင် ပြသထားရသည့် ရည်ရွယ်ချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှ ပြခန်းတာဝန်ကျသူက ရှင်းပြသည်။ “ဒေသထွက်ကုန်လေးတွေ အလေအလွင့်မရှိအောင် […]

ဖဲဘူး သံလွင်မြစ်ကို လွတ်လပ်စွာစီးဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ဖားဆောင်းမြို့ တွင် ကလျာဏမိတ္တ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်ပြီး “သံလွင်ပွဲတော်” ကိုပြုလုပ် ခဲ့ကြပါတယ်။ “တခြားနိုင်ငံတွေရဲ့ဥပမာကို ကျနော်တို့ကြည့်မယ်ဆိုရင် တော့လည်း ဒီရေကာတာကြီးတွေကို ဆောက်တဲ့ဆိုးကျိုးတွေ ၊ မြစ်ဝှမ်းဒေသတွေမှာသွားပြီးတော့ စက်မှုဇုံတွေလုပ်လိုက်လို့ pollution( ညစ်ညမ်းမှု) တွေဖြစ်ခဲ့တာတွေ ၊ မြန်မာနိုင်ငံမှာဆိုရင် စစ်တောင်းမြစ်မှာဆိုရင် ငါးသလောက်တွေမျိုးတုန်းတဲ့အထိ ဖြစ်ခဲ့တဲ့အဖြစ်ဆိုးတွေရှိ ခဲ့ဖူးတယ်လေ။ ဆိုတော့ ဒီသံလွင်မြစ်ကိစ္စကို လည်းကျနော်တို့အရမ်းစိုးရိမ်တယ်” ကလျာဏ မိတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဘိုဘိုလွင် ကပြောပါသည်။ စွမ်းအင်အရင်းမြစ် ထုတ်လုပ်နိုင်ရေးအတွက် သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက် ရန်အတွက် စစ်အစိုးရလက်ထက် အပြင် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း သဘောတူ လက်မှတ်ရေးထိုးတာမျိုးရှိခဲ့တာပါ။ လက်ရှိကယားပြည်နယ်မှာတော့ […]

ထျိုးမြာ ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြသသွားသည့် ကျန်းမာရေးဌာနပြခန်းအတွင်း သွားရောက်လေ့လာခဲ့စဉ် မြင်တွေ့ခဲ့ကြရသည့် ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍများနှင့် ပတ်သက်၍ ကလေးကျန်းမာဖွံ့ဖြိုးရေးစီမံချက် အဖွဲ့ခေါင်းဆောင် ဆရာဝန် ဖြစ်တဲ့ ဒေါက်တာ ဘာဘရာငယ်ငယ်ကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက်များက တွေ့ဆုံမေးမြန်းခဲ့တာတွေကို ကောက်နုတ်တင်ပြထားလိုက်ပါတယ်။ မေး။ ။ ပြခန်းမှာပြသွားတဲ့ ၂၀၁ဝ ခုနှစ်က ကနေ ၂၀၁၆ ခုနှစ် အထိ HIVပိုးရှိတဲ့လူဦးရေဇယားက ရှင်းပြပေးပါအုံး။ ဖြေ။ ။ AIDS ကဆေးတွေကို ပိုပြီးတိုးပေးလာနိုင်တယ်။ လူနာတွေကိုလည်း ပိုပြီးရှာဖွေ ဖော်ထုတ်လာနိုင်တယ်ပေါ့။ ဂိုက်လိုင်းတွေပိုပြီးတော့ ပေးလာနိုုင်တယ်။ ကျမတို့ HIV ကိုက်လိုင်းဆိုရင် အရင်တုန်းကဘယ်လောက်ပေးမယ်တို့ဘာတို့တွေရှိတယ်။ အဲ့ကိုက်လိုင်းလည်း ကျမတို့တစ်ဖြေးဖြေးနဲ့ HIVပိုးရှိတဲ့လူတွေကို ပိုပိုပြီးပေးလာနိုင်တဲ့အမျှ […]

ထျိုးမြာ ကယားပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် တစ်ချို့ပူးပေါင်းကာ ကယားပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လူငယ်များနှင့် မြို့နယ်အသီးသီးမှ ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖိတ်ခေါ်ပြီး ကယားပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ပေါ်ထွက်နိုင်ရေးကို ဇန်နဝါရီလ ၆ ရက်နေ့က ရွေးချယ်စေခဲ့သည်ဟု သိရသည်။ ထိုသို့ ရွေးချယ်လိုက်သောပုံစံကို မြန်မာနို်င်ငံလူငယ်မူဝါဒ ရေးဆွဲရေးလုပ်ငန်း ကော်မတီမှ စစ်ကိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ် ကိုဇော်သူရိန်ထွန်းက ယခုလို ရှင်းပြသွားပါသည်။ “တက်လာတဲ့လူငယ် (၂၇၂) ယောက် ပေါ့နော။ သူတို့ကပဲ အချင်းချင်း ရွေးလိုက်တာပါ။ ရွေးကိုရွေးရမယ်ဆိုပြီး ကျနော်တို့ကလည်း ဘာမှမပြောသလို ပြည်နယ်အစိုးရကလည်း မပြောပါဘူး အဲ့ဒါလူငယ်တွေရဲ့သဘောထားကို ကျနော်တို့မေးပါတယ်။ ရွေးမလားဆိုပြီးတော့ အဲ့မှာတက်လာတဲ့လူငယ်တွေက သူတို့က ပြည်နယ်တစ်ခုတည်းပဲ […]