စိုင်းလင်းလင်းဦး ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲဈေးဆိုင်ခန်းနေရာဝယ်ယူရာတွင် သတ်မှတ်ထားသော အခကြေးငွေထက် ပိုမိုပေးဆောင်ရသော ဆိုင်ခန်းဝယ်ယူသူများအား ငွေပြန်အမ်းပေးမည်ဟု သိရသည်။ ပွဲတော်၌ ဈေးရောင်းချရန်အတွက် နေရာချပေးထားသော ဆိုင်ခန်းနေရာများကို ဝယ်ယူရာ၌ အစိုးရမှ သတ်မှတ်ထားသော ဈေးနှုန်းထက်ကြီးနေခြင်းသာမက ယခင်နှစ်ကပေးဝယ်ရသော ဈေးနှုန်းများထက်ပင် ပိုများနေခြင်းကြောင့် ဆိုင်ခန်း ဝယ်ယူသူများမှ ဇန်နဝါရီလ ၁၈ ရက်နေ့က ပြည်နယ်အစိုးရရုံးထံသို့ လာရောက်တိုင်တန်းခဲ့ကြသည်။ ထို့နောက် ငွေပြန်အမ်းပေးမည်ဟု ဆိုင်ခန်းများနေရာချထားရေး၊ စစ်ဆေးရေးနှင့် သန့်ရှင်းရေးဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးရဲနိုင်အောင်က မိမိတို့ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရထံ သွားရောက်တိုင်တန်းရာတွင်ပါဝင်ခဲ့သည့် ပွဲဈေးတန်း၌ အထည်ဆိုင်ခန်းဝယ်ယူထားသော လွိုင်ကော်မြို့ခံတစ်ဦးဖြစ်သူ ကိုကျော်သူက ပြောသည်။ “ကျနော်တို့ တိုင်တဲ့သူတွေကိုပဲ တာဝန်ယူပေးမယ်။ ကျန်တဲ့သူတွေကိုတော့ ကိုယ်ကိစ္စမဟုတ်ဘူး […]

ထျိုးမြာ ပထမအကြိမ် တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ ကယား(ကရင်နီ)ပြည်နယ်ရှိအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ(KSWDC) ပြည်တွင်းတာဝန်ခံ ကိုဗညားက ပြောသည်။ “ကျနော်တို့စဉ်းစားထားတာက ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခုကျင်းပမဲ့ပထမဦးဆုံးအကြိမ် peace forum မှာ အဆင်သင့် မဖြစ်နေသေးတဲ့အပေါ်မှာ ကျနော်တို့ ဒီပထမအကြိမ်ကိုတော့ ကျနော်တို့ သွားနိုင်မှာမဟုတ်ဘူးပေါ့နော။ ကျနော်တို့မှာ အကြောင်းအရာတွေ ကိစ္စတွေ အများကြီးကျန်သေးတယ်။ ဖြစ်စဉ်တစ်ခုလုံးကို ကျနော်တို့က မကြေညပ်တာတွေရှိသေးတယ်။ အဲ့ဒါကြောင့်မလို့ မသွားနိုင်သေးဘူး” ကိုဗညားကပြောပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မကြိုက်မနှစ်၍ ဖိုရမ်ကို မတက်ရောက်ခြင်းမဟုတ်ဘဲ အခြေအနေတစ်ခုအပေါ်တွင် ဂဃနဏ နှင့်အကြေအလည် ဆွေးနွေးဖို့ရန် လိုအပ်သေးသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ဇန်နဝါရီလ(၁၄)ရက်နေ့ လွိုင်ကော်မြို့စေတမန် ခန်းမဆောင်တွင် ပြည်နယ်အတွင်းရှိ […]

ထျိုးမြာ ဇန်နဝါရီလ (၁၅)ရက်နေ့ ကယားပြည်နယ်နေ့ပွဲတော်အကြောင်း သမိုင်းနှင့်ပတ်သက်ပြီး ကျေးလက်နေ လူငယ်တချို့များ၏ သိထားကြသည့် သတင်းအချက်အလက်နှင့် ထင်မြင်ယူဆချက်များကို တင်ပြအပ်ပါသည်။ မရီရီအေး (စူးမြာ) ငူးပလော့ရပ်ကွက်၊ ဒီးမော့ဆိုမြို့နယ်။ “ကယားဒေးနေ့ဆိုတာတော့ ကျမအနေနဲ့က သိတတ်စအရွယ်ကတည်းက နှစ်တိုင်းတော့ကြားဖူးတယ်ပေါ့နော။ ဒါပေမဲ့ သူ့သမိုင်းအကြောင်းတော့ ကျမမလေ့လာဖူးဘူးရှင့်။ ကျမတို့ ဆရာတွေပြောပြတာကတော့ ကယားပြည်နယ်နေ့ဆိုတာက သူများသတ်မှတ်တာပဲတဲ့ တစ်ကယ့်ကယားပြည်နယ်အမျိုးသားနေ့ ဆိုတာတည်းတံ့ရှိတယ်လို့ သူတို့ပြောတာပဲ။ ကယားဒေးနေ့နဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြောရမလဲ အဲ့လိုကျင်းပလို့လည်းကောင်းတယ်ပေါ့နော။ ကယားဒေးနေ့ကျင်းပတဲ့ အတွက်ကြောင့်မလို့ တစ်ပြည်နယ်လုံးမှာရှိတဲ့ မော်ချီးကလူတွေ ဟိုဒရပ်ဝေးကလူတွေဆိုရင်လည်း တစ်နှစ်မှတစ်ခါပြန်လည်တွေ့ဆုံကြတယ်ပေါ့နော။ ကိုယ့်ရဲ့ကယားပြည်နယ်နေ့တွေဆိုရင် အဝေးကနေတဲ့သူတွေဆိုရင်လည်း ကိုယ့်ရဲ့ဌာနေကိုလည်း ပြန်ပြီးတော့ အလည်ရောက်ရှိကြတယ်။ ကောင်းပါတယ်လု့်ိ ပြီးတော့ ပြခန်းတွေ ပြပွဲတွေ အမျိုးမျိုးပြုလုပ်ပေးတဲ့အတွက်လည်းဒီလို ကယားပြည်နယ်ရဲ့ ရိုးရာယာဉ်ကျေးမှုပဲဖြစ်ဖြစ်၊ […]

စိုင်းလင်းလင်းဦး ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်တင်မြောက်ခံခဲ့ရသည့် ဘောလခဲမြို့နယ် ဦးအေးမောင်ကို သူ့ရဲ့ လွှတ်တော်သက်တမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ လက်ရှိ လွှတ်တော် အခြေအနေနှင့် နိုင်ငံရေးအခြေအနေတွေကို ဇန်နဝါရီလ ၁ဝ ရက်နေ့က မေးမြန်းထားခဲ့တဲ့ အချက်တွေထဲက ကောက်နုတ် တင်ပြလိုက်ရပါတယ်။ မေး။ ။ ဒုတိယအကြိမ်လွှတ်တော်အသီးသီးရဲ့ သက်တမ်းက တစ်နှစ်ပြည့်တော့မယ်။ ဒီကာလအတွင်း ဆရာအနေနဲ့ ဘယ်လိုအဆို မေးခွန်းမျိုးတွေမေးမြန်း လုပ်ဆောင်ခဲ့ပြီးပြီလဲ။ ဖြေ။ ။ ကျနော်အဆိုတရပ်ဆွေးနွေးခဲ့ပါတယ်။ တင်သွင်းတာမဟုတ်ဘူး။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးမှာ ပြည်သူတွေပါဝင်တဲ့အဖွဲ့အစည်း အဲ့ဒီအဖွဲ့အစည်းတွေနဲ့ပတ်သတ်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်မေးခွန်းအနေနဲ့ကတော့ ကြယ်ပွင့်မပြမေးခွန်းတခုပဲ မေးပါသေးတယ်။ နန်းဖဲကျေးလက်ဆေးပေးခန်းကနေ တိုက်နယ်ဆေးရုံအဖြစ်ပြန်ဆောင်ရွက်ပေးဖို့ ဝန်ကြီးဌာနနဲ့ တွန်းအားပြုပြီးတော့ ကျနော်မေးခွန်းမေးလိုက်တာဖြစ်တယ်။ တခြား […]