ပွန်ချောင်းအရှေ့ဘက်ကမ်းတလျှောက် တောင်ယာ တိုးချဲ့ခြင်းမပြုရန် ကန့်သတ်ထား

စိုင်းလင်းလင်းဦး ဘောလခဲ – ရှားတောမြို့နယ် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ပွန်ချောင်းအရှေ့ဘက် ကမ်းတလျှောက်တွင် တောင်ယာတိုးချဲ့လုပ်ကိုင်ခြင်းမပြုလုပ်ရန် ကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးတိုးချဲ့လုပ်ကိုင်လိုသူများ အခက်တွေ့နေကြရကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာသား တစ်ဦးမှ ကန္တာရဝတီတိုင်း(မ်)သို့ ဇန်နဝါရီ ၁၆ ရက်နေ့က စာရေးသား ပေးပို့ထားသည်။ “ပွန်ချောင်းအရှေ့ဖက်ကမ်း တောင်ယာခြံမြေ လုပ်ကိုင်ခြင်းမပြု (ပုံ-ဒေသအာဏာပိုင်)” ဟူသော တားမြစ်စာကို သစ်ပင်များတွင် လိုက်လံကပ်ထားကြောင်း နှင့် ပွန်ချောင်းအနောက်ဖက်ကမ်းတွင် တည်ရှိသော ဒေါတမကြီးကျေးရွာနေ ရွာသားအချို့မှ စိုက်ပျိုးမြေများရှားပါးလာခြင်းကြောင့် လိုအပ်ချက်အရ သီးနှံစိုက်ပျိုးရန်အတွက် သွားရောက် လုပ်ကိုင်လိုကြသော်လည်း တားမြစ်စာကြောင့် အခက်တွေ့နေခြင်းဖြစ်ကြောင်း ပေးပို့ထားသော စာတွင်ပါရှိပါသည်။ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ကယားပြည်နယ်ဒေသလေ့လာစောင့်ကြည့်ရေးကွန်ရက် ဒီးမော့ဆိုအရှေ့ခြမ်း မြို့နယ်ကိုယ်စားလှယ် ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူကျေးရွာနေ ဦးကေးရယ်ဝင်းမောင်းနှင့် […]

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲပေးပုံပေးနည်းကို အနည်းငယ်ပြောင်းထား

ထျိုးမြာ လာမည့်၂၀၁ရ ကြားဖြတ်ရွေးကောက်ပွဲတွင် ပယ်မဲများ လျော့နည်းစေရန်အတွက် မဲပေးပုံပေးနည်းကို ပြောင်းလဲထားသည်ဟု ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောကြားလိုက်သည်။ “စာတော့မထုတ်သေးဘူး။ မဲပေးပုံပေးနည်းကတော့ အခုနောက်ပိုင်း ကြိုတင်မဲတွေပေါ့နော။ ကြိုတင်မဲတွေအားလုံးကို မင်နဲ့ပဲချစ်မယ်။ မဲရုံမှာလုပ်မဲ့ဟာတွေကတော့ တဆိပ်တုံးနဲ့ပဲထုမှာ” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။ ပြီးခဲ့သောရွေးကောက်ပွဲကာလ၌ ဆန္ဒမဲလက်မှတ်တွင် တစ်ကြိမ်ထက်ပိုပြီး တံဆိပ်တုံးထုခဲ့လျှင် ပယ်မဲအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအတစ်ကြိမ်တွင် အမတ်လောင်းတစ်ဦးတည်းကို ရွေးချယ်ကြောင်းပေါ်လွင်ပါက တံဆိပ်တုံး တစ်ကြိမ်ထက် ပိုထုမိသော်လည်း ခိုင်လုံမဲအဖြစ် သတ်မှတ်ပေးမည်ဟု သိရသည်။ ၂၀၁ရခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲမွမ်းမံသင်တန်းကို ဇန်နဝါရီလ (၂၃)ရက်နေ့ နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပရန်ရှိသည်ဟု သိရသည်။ “ဆရာတို့နေပြည်တော်မှာ သင်တန်းသွားတက်ကြမယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မဲပေးဆိုင်ရာ သင်တန်းကို […]