လူထုအသံ

လောပိတကျေးရွာအုပ်စု အတွင်းက ရွာတွေအချို့ကနေ ကျေးရွာဒေသခံတချို့နဲ့တွေ့ဆုံခဲ့စဉ် ၎င်းတို့၏ အသံကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ ဦးသိန်းဇံ ရှမ်းရွာ မီးအားတွေကမကောင်းဘူး။ ပြီး ဟိုဘက်ကပိုင်းတွေဆို ထရမ်စဖာ(transformer) နဲ့ဝေးတော့ မီးအားက ခရမ်းချဉ်သီးလောက်ပဲ ရှိတယ်လေး။ အဲ့ကြောင်း ကျတော်တို့ကလည်း ဒီ အခုအစိုးရပေါ်လာတဲ့ အစိုးရ အရပ်သားပေါ်မှာ ပြန်တင်တောင်းတာပေါ့နော်။… အဲ့ဒီအပေါ်မှာတော့ ကျတော်တို့ မီတာဘောက်တွေ အိမ်တိုင်းထိလိုချင်တယ်။ မီးကလည်းအိမ်တိုင်းထိ ထွန်းချင်တာပေါ့နော်။ မီးလင်းလုပ်ပေးတဲ့ အဖွဲ့ကလာလုပ်ဖို့ဆိုရင်တော့ ပိုကောင်းတယ်။ လာလုပ်ပေးရင် ပိုကောင်းတယ်ပေါ့။ မီတာဘောက်ဆိုလည်း အစိုးရကို ခက်ခဲခက်ခဲနဲ့မလျှောက်ဘူးပေါ့နော်။ အလုံးအလောက်အိမ်တိုင်းထိ အခုဟာကျတော်တို့ ရွာမှာ အိမ်ခြေ ၂၀ဝကျော် ရှိတဲ့အထည့်မှာ ၁၀ဝကျော်ပဲ မီတာဘောက်ရတယ်လေး။ ဦးစိုးရယ် ဆိုလစယ်ကျေးရွာအုပ်ချုပ်ရေးမှူး အရေးကြီးတာကရေပေါ့နော။.. […]