မူအက်စတာ ကယား(ကရင်နီ)ပြည်နယ်အစိုးရသစ်သက်တမ်း ၁ နှစ်တာအတွင်း တာဝန်နှင့် လုပ်ဆောင်ချက် ကိုက်ညီမှု မရှိကြောင်းကို Myanmar Center To Empower Regional Parliaments (MCERP) ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့က ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စာအုပ် မိတ်ဆက် အစီအစဉ်အပြီး LAIN Technical Support Group မှ ကိုကျော်ထင်အောင်က ပြောကြားသွားပါသည်။ ၂၀၁၆ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ရာ ၂၀၁ရခုနှစ် ဧပြီလတွင် ၁နှစ်ပြည့်တော့မည်ဖြစ်သည်။ သို့သော် ပြည်နယ်အတွင်းရှိ အစိုးရများ၏ လုပ်ဆောင်ချက်နှင့် ၎င်းတို့၏ တာဝန်သည် ကိုက်ညီမှုမရှိပဲ၊ အားနည်းနေကြောင်း ဆိုပါသည်။ “အဓိက ဦးစားပေးအနေနဲ့ သူတို့အစိုးရတွေရဲ့ တာဝန်ဆိုပေမယ့် သူတို့ရဲ့ […]

စိုင်းလင်းလင်းဦး အချိုးအစား ကျနသော မျက်နှာထားပိုင်ဆိုင်ထားကာ လည်ဂုတ်အထိ ရှည်လျားသော ဆံပင်ကို သူ၏ ဘယ်ဖက်မျက်နှာအခြမ်းတွင် ပင့်တင်ထားသည်။ သူသည် အမျိုးသားအဖြစ်ကို ခံယူချင်နေချင်သူတစ်ဦး ဖြစ်သည်။ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်နေ မောင်အောင်လင်းနိုင်၏ ရည်မှန်းချက်သည် ထိုသို့ဖြစ်သည်။ ငယ်စဉ်ခါက မောင်အောင်လင်းနိုင်ကို အမျိုးသမီးအင်္ဂါနှင့် မိန်းမတစ်ယောက်၏ ပုံဏ္ဍာန်အဖြစ်သာ ဖွေးဖွားလာခဲ့သည်။ မိန်းကလေးတစ်ယောက်ကဲ့သို့ပင် သူ့ကို မိသားစုနှင့် လူ့ပတ်ဝန်းကျင်အသိုင်းအဝန်းက သတ်မှတ်ထားကြလေသည်။ သူ့၏ ငယ်နာမည်ကာ မအဲလစ်ဝင်း ပင်ဖြစ်သည်။ နက်နဲထူးခြားဆန်းကျယ်သော လူ့ဘဝ၏ တစ်ဆစ်ချိုးအကွေးကို မအဲလစ်ဝင်ကနေ မောင်အောင်လင်းနိုင် ဖြစ်သွားခဲ့ပြီ။ အဖြစ်က ဤသို့တည်း။ ကျောင်းနေအရွယ် အသက် ရ နှစ်အရွယ်ရောက်လာစဉ်က ဖြစ်သည်။ သူ့၏ မအင်္ဂါအတွင်းမှ ယောကျင်္ားလေ၏ […]