စိုင်းလင်းလင်းဦး တမူထူးခြားသော ပတ်ဝန်းကျင်နှင့် ဌာနေလူမျိုးစုတို့၏ လူနေမှုဘဝကို ကျနော်တို့ဒေသအတွင်းတွင် တွေ့မြင်နေရပါသည်။ သဘာဝအတိုင်းနီးပါး ကျန်ရှိလျှက်ရှိသော သစ်တော၊ တောင်တန်းတစ်လျှောက်ကုန်မြင့်ပေါ်တွင် အများစုနေထိုင်ကြသော လူမျိုးစုများ၏ ဒေသဟုဆိုလည်း မမှားပေ။ သူတို့သည် ယာလုပ်ငန်းကို အဓိကအလုပ်အကိုင်အဖြင့် ဝမ်းစာကို ဖြည့်ကြလေသည်။ လူမျိုးစုတစ်ခုစီတိုင်းသည် သူတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ကိုယ်စီရှိကြသည်။ မတူကွဲပြားဟန်ရှိလေသော ရိုးရာဓလေ့ထုံးတမ်းပွဲတော်၊ ဝတ်စားဆင်ယဉ်မှု၊ အမူအကျင့်များကို အပေါ်ယံမျှသာ ကြည့်မြင်တွေ့ရုံဖြင့်ပင် စိတ်ဝင်စားစရာကောင်းလေသည်။ ထဲထဲဝင်ဝင်သာ စူးနှစ်လေ့လာပါက ဆန်းသစ်ခြင်းနှင့် ညှိ့ယူဖမ်းစားနိုင်မှုကို ဆိုဖွယ်ရာမရှိတော့ပါ။ ထို့ကြောင့် ထိုမူဟန်များက ခရီးသွားများကို ဆွဲဆောင်လေတော့သည်။ ယင်းမူဟန်များပိုင်ဆိုင်ထားသော ထိုဒေသကား မူလအသုံးအနှုန်း ကရင်နီပြည်ခေါ် ကယားပြည်နယ်ပင် ဖြစ်နေသည်ဟု ဦးဌေးအောင်က အခိုင်အမာပြောသည်။ ဦးဌေးအောင်သည် […]

ထျိုးမြာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မှာ ကယားပြည်နယ်မှာတော့ဖရူဆိုမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တစ်နေရာတည်း ကျင်းပမှာဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်အတွက် ပြည်နယ်ကိုယ်စားလှယ်လောင်းသုံးဦးကို မဲဆွယ်ကာလအတွင်း သူတို့မဲဆန္ဒနယ်မှာရှိတဲ့ဒသခံပြည်သူလူထုုတွေကို သူတို့အနေနဲ့ အရွေးချယ်ခံရလို့အမတ်တစ်ဦးဖြစ်လာခဲ့ရင် ဘယ်လိုကဏ္ဍတွေကိုဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိကဝတ်တွေပေးထားခြင်းရှိ/မရှိနဲ့ ဒေသခံလူထုဘက်က သူတို့အပေါ်ဘယ်လိုတောင်းဆိုမှုမျှော်လင့်ချက်တွေရှိထားလဲ ဆိုတာကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။ ဦးသဲရယ်( လူမျိုးပေါင်းစုံဒီမိုကရေးစီပါတီ ( ကယားပြည်နယ်)) ကျနော့်အနေနဲ့ကော ကျနော်တို့ပါတီအနေနဲ့ကတော့ ပြည်သူလူထုကို ကတိပေးထားတယ်ဆိုတာကတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ ကျနော်တို့ လုပ်ဆောင်သွားဖို့နဲ့ နေရာရခဲ့ရင် တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ပိုပြီးတော့ လုပ်သွားမယ်ဆိုတဲ့ဟာမျိုးတွေကိုတော့ ပြည်သူတွေကို မေ့စေ့ပေးထားတယ်ပေါ့နော။ အမတ်တစ်ယောက်ဖြစ်လာခဲ့ရင် အဓိကဒီလယ်ယာမြေနဲ့ ပတ်သက်တဲ့ဟာတွေကို ကျနော်အရင်လုပ်ဖို့စဉ်းစားထားတယ်။ ဥပမာ- ဒီလယ်ယာမြေသိမ်းဆည်းခံရတဲ့အပေါ်မှာလည်း […]

စူးမယ် အသားဖြူဖြူ အရပ်မြင့်မြင့် အပြာရောင် ကယားအဆင် အကျင်္င်္ီ ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ ဗမာစကားကို အသံဝဲဝဲလေးနဲ့ လုပ်ငန်းအကြောင်း ပြောနေပါတယ်။ လုပ်ငန်းအကြောင်း ပြောနေချိန်မှာ သူ့ရဲ့ အကျင်္ီ ဘယ်ဘက် ရက်ဘတ်ပေါ်မှာတော့ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ နေ့စဉ်အသုံးပြုနေကြတဲ့ မိုဘိုင်းဖုန်းကွန်ယက်တစ်ခုဖြစ်တဲ့ တယ်လီနော အမှတ် တံဆိပ်ကို ထိုးထားတာ တွေ့ရပါတယ်။ သူကတော့ ဥပဒေဘွဲ့နဲ့ နိုင်ငံတကာကျောင်းပြီးထားတဲ့ ရှေ့နေတစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနော ကုမ္ပဏီ မှာ ဝန်ကြီးဌာနဆိုင်ရာကိစ္စတွေနဲ့ ပါတ်သက်ပြီး နေပြည်တော် မှာ ရုံးထိုင်ပြီး တာဝန်ခံ ပြောဆို ဆက်ဆံနေရတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကယား(ကရင်နီ)ပြည်နယ် […]

ဦးမြာ ရှားတောမြို့နယ် စုစည်းရွာမှာနေတဲ့ အသက် ၂ရ နှစ်အရွယ် ကူးရယ်နိုရာဟာလည်း သူ့ရဲ့ ဇာတိမြေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ သူတယောက်ပါ။ သုံးနှစ်သား အရွယ်ကတည်းက မိသားစုတွေနဲ့ ရှားတောမြို့နယ် ဒေါခရောအော့ရွာ ဇာတိမြေကနေ ထွက်ပြေးလာခဲ့ရတဲ့သူဖြစ်ပါတယ်။ ″ ဖြတ်လေးဖြတ်တုန်းကကျနော်ကငယ်ငယ်လေးပဲရှိပါသေးတယ်။ ဘာမှလည်းမသိဘူး ကျတော် ရှားတောမှာပဲ ကြီးလာတယ်။ ကျတော် သုံးနှစ်လောက်ပဲ ရှိသေးတယ် အဲ့ဒီ ဖြတ်လေးဖြတ်တုန်းက အရမ်းရှူပ်ခဲ့တယ်လေ ″ လို့ဆိုပြီး သူ့ရဲ့ ဖြတ်လေးဖြတ်တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြသွားပါတယ်။ ခူးကူးရယ်နိုရာဟာဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် မဆည်းပူးနိုင်ခဲ့ပဲ ၂၀၀၆-၀ရ ခုနှစ်မှာ ၉တန်းကျောင်းသားဘဝနဲ့ ပညာသင်ဘဝကို ကျောခိုင်းခဲ့ရတယ်လို့ ဆိုုပါတယ်။ ပညာဆက်လက် မဆည်းပူးနိုင်တော့ပဲ တစ်နေ့မှာ […]