ကေအဲန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်နှင့် တွေ့ဆုံခြင်း

စူးမယ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သေဘောတူ စာချုပ် ချုပ်ဆိုသည့် အချိန်မှာ ယခုဆိုလျှင် ၅ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ၅ နှစ်တာအတွင်း သဘောတူညီထားကြသည့် အချက်အလက်များနှင့် မြေပြင်တွင်ကြုံတွေ့နေရသည့် အခြေအနေမေးမြန်ထားချက်တွေကို ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။ မေး။ ပြည်နယ်အဆင့် ကေအဲန်ပီပီနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေးယူထားတာ ဒီလမှာဆိုရင် ၅ နှစ်ပြည့်ပြီပေါ့နော်။ ၅ နှစ်တာအတွင်းမှာ ဘာတွေ တိုးတက်ပြောင်းလဲလာပြီလဲ။ ဖြေ။ ကျနော်တို့ အပစ်ခတ်ရပ်စဲရေးလုပ်တာကတော့ ၂၀၁၂ ခုနှစ်၊ မတ်လ၊ ရဆိုတော့ ဒီ ၂၀၁ရ မတ်လထဲက ၅ နှစ်ပြည့်ပြီပေါ့။ အမှန်ကတော့ ကျနော်တို့ တောင်းဆိုထားတာက အချက် ၂ဝ ပေ့ါ။ အချက် […]

ခရီးသွားလုပ်ငန်းများ စိတ်ဝင်စားလာကြသည့် သဘာဝ ဖရူနူ ရေတံခွန်အလှ

မူအက်စတာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်/တိုင်းတွေအလိုက်မှာ ၎င်းတို့ကိုယ်စီအလှတရားလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်မတို့ ကယားပြည်နယ်မှာဆိုရင်လည်း သွားရောက်လည်ပတ်စရာ နေရာလေးတွေ၊ တောတောင်သဘာဝအလှ၊ ရေမြေအလှ၊ တိုင်းရင်းသားရိုးရာ အလှလေးတွေ၊ ရောက်လေရာနေရာတိုင်းမှာလည်း အမှတ်ရစရာနေရာလေးတွေက အများကြီးရှိနေပါတယ်။ ကယားပြည်နယ်မှာ လေ့လာစရာ၊ လည်ပတ်စရာကောင်းတဲ့ နေရာလေးတွေ အများကြီးရှိတဲ့အနက် ဖရူဆိုမြို့ပေါ်ကနေ နာရီဝက်လောက်အကြာ တောင်တက်တောင်ဆင်း အကွေ့အပတ်တွေကြားမှာ ကားစီးရင်း တောင်အမြင့်ကြီးတစ်နေရာအရောက်မှာတော့ အောက်ဘက်ကို ငုံ့ကြည့်လိုက်ရင် ရေတံခွန်လေးတည်ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ရေတံခွန်လေးရဲ့ နာမည်လေးကတော့ ဖရူနူလို့ ခေါ်ပါတယ်။ ရေတံခွန်အနီး လမ်းဘေးနေရာမှာ ကားရပ်ပြီး ရေတံခွန်တည်ရှိရာနေရာထိကို တောင်ကုန်းအတိုင်း ခြေကျင်နဲ့ဆင်းရမှဖြစ်ပါတယ်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ခြေကျင်နဲ့ကုန်းဆင်းပြီးရင် တော့ ရေတံခွန်ရှိရာ ရောက်သွားခဲ့ရပါတယ်။ လမ်းကတော့ လူသွားလမ်းကျဉ်းကျဉ်းလေး လူတစ်ဦးစာတစ်လမ်းပဲရှိပါတယ်။ […]