spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: May 10, 2017

လယ်ယာမြေများစစ်တပ်မှပြန်လည်စွန့်လွှတ်နိုင်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

မူအက်စတာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာပိုင်တောင်ယာမြေများကို မြန်မာ့တပ်မတော်တပ်များမှ နိုင်ငံတော်လုံခြုံရေးအတွက်ဟုဆိုကာ သိမ်းဆည်းခဲ့သည်ကိစ္စရပ်များအတွက် စွန့်လွှတ်ရန် တောင်သူများ ယနေ့သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားခဲ့ကြသည်။ ၎င်းမြေယာများပြန်လည်ရရှိရန်အတွက် မြေသိမ်းဆည်းခံတောင်သူများမှ သိမ်းဆည်းထားသော တောင်သူတို့၏ လယ်ယာမြေများပြန်လည်ရရှိရေးကော်မတီ ဥက္ကဌ ခူးဦးရယ်က “ကျနော်တို့လုပ်ရတာက သိမ်းဆည်းထားတဲ့လယ်ယာမြေတွေ၊ တပ်ကအသုံးမပြုတော့ပဲ ပိုလျှံနေတဲ့ဟာတွေပေါ့နော မဖြစ်မနေပြန်ပေးဖို့ပေါ့နော အဲ့ဒါကျနော်တို့က အစိုးရတွေပိုပြီးထဲထဲဝင်ဝင်သိစေဖို့နဲ့ ဒီထက်ထိထိရောက်ရောက်လုပ်ပေးဖို့...

တပိုင်တနိုင်ဆိုင်လေးတွေ မပျောက်ဖို့ရာ

မူအက်စတာ ထားလဲကျေးရွာ ကားလမ်းမကြီးဘေးမှာ တဲကလေးနဲ့ရောင်းနေတဲ့  ရိုးရာခေါင်ရည်ဆိုင်လေးတွေမှာ အမျိုးသမီးလေးတွေပဲ ရောင်းနေတာကိုတွေ့ရပါတယ်။ တချို့အမျိုးသမီးငယ်များက နွေရာသီကျောင်းပိတ်ရက်ရောက်လို့ အပိုဝင်ငွေလေးတွေ ရရှိအောင်ဆိုပြီးမှ ဈေးလာရောင်းတဲ့သူတွေရှိသလို၊ ငယ်ငယ်လေးတည်းက ကျောင်းထွက်ပြီး ဈေးရောင်းနေတဲ့ အမျိုးသမီးငယ်လေးတွေ ရှိပါတယ်။  ထားလဲခေါင်ရည်ချိုဆိုရင် မသိသူမရှိ၊ မကြိုက်သူမရှိ နာမည်ကြီးနေပြီး ဖရူဆိုမြို့နယ် ထားလဲရွာ ကားလမ်းမကြီးဘေးမှာ ရှိနေတဲ့ ခေါင်ရည်ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။  ထားလဲခေါင်ရည်ချိုကို...

အကြမ်းဖက်မှု သံသရာအောက်က အကြမ်းဖက်ခံရသူတွေ

စူးမယ် ဝါးထံရံ၊ ဖက်မိုး မိုးထားတဲ့ အိမ်တွေဟာ တစ်လုံးနဲ့ တစ်လုံး ကပ်ပြီး ရှိနေပါတယ်။ ဝါးခြမ်းပြားတွေနဲ့ ကာရံထားတဲ့ ခြံဝင်းထဲမှာ ဖက်မိုးထားတဲ့ နှစ်ထပ်ဆောင်ကြီးတစ်ခုကို တွေ့နေရပါတယ်။ အဆောင်ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကိုပဲ တွေ့နေရပါတယ်။ အဲဒီထဲက အသားညှိညှိ ဆံပင်ရှည်ရှည်နဲ့ အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ယောက်က...

ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ စီမံကိန်းသက်တမ်းထပ်တိုးမည်

ထျိုးမြာ အလုပ်လက်မဲ့လူငယ်များ၏ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများတက်ရောက်ပြီးသူ ငါးဆယ်ရာခိုင်နှုန်းကို အသက်မွေးဝမ်းကြောင်းပညာရစေရန်ဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက်အားရကြေနပ်မှုရှိခဲ့သည်ဟု Mercy Corps မှ program manager ဦးမြတ်သူ ကပြောပါသည်။ “ပြောချင်တာက ဒီလိုမျိုးသင်တန်းတွေကတစ်ဆင့်ပေါ့နော။ အုပ်ချုပ်မှုစနစ်တွေပိုအားကောင်းလာလိုရှိရင် ကျနော်တို့ရဲ့အဓိကရည်မှန်းချက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးကူညီဖို့ဆိုတာတွေပါတယ်။ အဲ့ဒါတွေကို အထောက်အကူပြုတယ်လို့မြင်တယ်။ ဒါကြောင့် အဲ့ဒါတွေကိုအားရတယ်။” ဟု ဦးမြတ်သူကပြောသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သော လူငယ်များကို...

Latest news

- Advertisement -spot_img