မူအက်စတာ အန်အယ်လ်ဒီအစိုးရအဖွဲ့ အာဏာလွဲပြောင်းရယူခဲ့သည်မှာ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁ရ ဧပြီလအထိမှာ ၁ နှစ်ပြည့်ခဲ့ချေပြီ။  ကယား(ကရင်နီ)ပြည်နယ်တွင် အန်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် အကြောင်းအရာများအပေါ် အခြေခံကာဆန္ဒပြတောင်းဆိုမှုများ အများအပြားဖြစ်လာခဲ့သည်။ အဘယ်ကြောင့် ဆန္ဒပြမှုများ နေ့စဉ်နှင့်အမျှ များပြားလာခဲ့ရသလဲဆိုတာ ။ ပြန်ကြည့်လိုက်မည်ဆိုလျှင် ပြည်သူများအပေါ် အစိုးရများ၏ လျစ်လျူရှုမှုများလာခြင်းများ၊ ပြည်သူများ၏ ဆန္ဒများကို စိတ်ပါဝင်စားမှုများလာခြင်းတို့ကြောင့်သာ ဖြစ်ပါသည်။ ပြည်သူများသည် ၎င်းတို့ ကိုယ်တိုင်ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များကို ၎င်းတို့အစား ပြုလုပ်ပေးနိုင်ရန်အတွက် တိုက်တွန်းခြင်းများသာ ဖြစ်ပေသည်။ ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များကို  ပြည်သူများက တစ်နည်းနည်း တစ်ဖုံဖုံ တိုက်တွန်းနေကြတော့သည်။ အန်အယ်လ်ဒီအစိုးရ၏ တာဝန်ယူထမ်းဆောင်နေသည့် တစ်နှစ်တာအတွင်း ပြည်သူများ ဆန္ဒပြမှုများ (၁၁)ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည်။ […]

  ဖယ်ဒရယ်ဆိုသည်မှာ Federal ဆိုသည့်စကားလုံးမှ မြန်မာမှုပြုထားသော စကားလုံးပင်ဖြစ်သည်။ ဒါကြောင့် ဖက်ဒရယ်ဟုခေါ်လည်း ရပေသည်။ ဖယ်ဆိုသည်မှာ ဖယ်ထုတ်သည့်သဘော ဖက်ဆိုသည်မှာ ပေါင်းဖက်သည့်အဓိပ္ပာယ်ရှိသောကြောင့် ဖက်ဒရယ်ဟုသာ ခေါ်သင့်သည်ဟု ယူဆသူများလည်း ရှိပေသည်။ သို့ရာတွင် အမည်နာမတွေထက် အမှန်တကယ်အရေးကြီးသည်မှာ လက်တွေ့ အပိုင်းပေဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ယခုအချိန်ထိ အစိုးရမျိုးစုံ၊ မူဝါဒမျိုးစုံဖြင့် ကျင့်သုံးအုပ်ချုပ်လာခဲ့သော်လည်း ယနေ့အချိန် အထိ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်က မတက်လှမ်းနိုင်ခြင်း၏ အဓိကအကြောင်းအချက်များ လက်တွေ့ကျင့်သုံး အကောင်ထည်ဖော်ခြင်းအပိုင်း အလွန်တရာညံ့ဖျင်းခြင်းပေ ဖြစ်သည်။ ကျောင်းသားဘဝတုန်းက မေဂျာများခွဲရာတွင် အသုံးချပညာဆိုသည့်လိုင်းများ အသစ်ပေါ်လာချိန်၌ ဆရာများရှင်းပြသည့် အကြောင်းများကို ခုထိမှတ်မိနေပေသည်။ “ပညာတွေဘယ်လောက်တတ်တတ်၊ ဘွဲ့တွေဘယ်လောက်ရရ လက်တွေ့အသုံးမချနိုင်ရင် အလကားပဲ ကွ ဒါကြောင့် […]

ဦးမြာ ယဉ်မောင်းလိုင်စင်လျောက်ထားသည့် စာမတတ်သူသူများအတွက် အခက်အခဲမရှိစေရန် ကူညီပေးလျက်ရှိသည်ဟု ကုန်လမ်းပို့ဆောင်ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေမှူး ဒေါ်နန်းစိုးစိုးဟတ် ကပြောသည်။ စာမတတ်သည့်သူများ လိုင်စင်လျောက်ထားရာတွင် စာတတ်သည့် စကားပြန်တစ်ဦးနှင့်အတူ တပါတည်းခေါ်လာပြီး ဖောင်များဖြည့်ခြင်း ၊ ယာဉ်စည်းကမ်းများ စစ်မေးခြင်းများ ပြုလုပ်ပေးသည်ဟု ဆိုပါသည်။ ‘‘ စည်းကမ်းကို သူတို့က နားလည်တယ်။ ဒါပေမဲ့ ဒီပုံစံဖြည့်တာတွေ ရေးဖြေတွေကို သူတို့က စာမတတ်တဲ့ခါကျတော့ သူတို့ဆီက အပိုတစ်ယောက် ခေါ်လာခိုင်းတယ်။ ခေါ်လာခိုင်းပြီး သူပြောတာကို ဟိုတစ်ယောက်ကလိုက်ပြီးတော့ ရေးပေးရတာပေါ့နော်။’’ဟု ဒေါ်နန်းစိုးစိုးဟတ်ကပြောပါသည်။ လက်ရှိ ယာဉ်မောင်းလိုင်စင်လာရောက် လျောက်ထားသူများထဲမှ စာမတတ်သူများ အနည်းငယ်သာ ရှိသေးကြောင်း ဆိုပါသည်။ ဒေါ်နန်းစိုးစိုးဟတ် ‘‘ရှားတော့ ရှားပါတယ်။ ဒါပေမဲ့ အမှန်တကယ်ရှိတယ်။ အဲဒီကားမောင်းလိုင်စင် […]

ထျိုးမြာ သစ်ပင်တွေပြောင်လုနီးဖြစ်အောင်ရှင်းလင်းထားတဲ့ တောင်ကုန်းတောင်တန်းတွေရဲ့ကြားထဲမှာရွာလေးတစ်ရွာရှိပါတယ်။ အဲ့ဒီရွာရဲ့နာမည်ကတော့ ဒေါကလဲတင်ရွာလို့ခေါ်ပါတယ်။ ဒေါကလိုက်တေရွာဟာ ကယားပြည်နယ်၊ ရှားတောမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့စီးသွားမယ်ဆိုရင် တောင်ကုန်းတောင်ကြားတွေထဲကို တစ်နာရီလောက်ရှိပါတယ်။ ရွာထဲမှာတော့ ကျွဲတစ်ကောင်နှစ်ကောင်စတွေ့ရပြီးတော့ တစ်ရွာလုံးမှာရေတွင်းတစ်တွင်းနဲ့ ကြက်၊ ဝက်တို့ကိုပဲတွေ့ရပါတယ်။ ပြီးတော့ ဘုရားကျောင်းတစ်ကျောင်းနဲ့ အိမ်ခြေလေးငါးဆယ်အိမ်လောက်သာလျှှင်တွေ့ရပါတယ်။ လူမျိုးတွေကတော့ ကယားရိုးရာခေတ်ဟောင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ချို့နဲ့ လူအနည်းငယ်ကိုသာတွေ့ရပါတယ်။ အိမ်ခြေလေးငါးဆယ်အိမ်ပဲရှိတဲ့ရွာဟာ အမှန်တော့ဒေါကလိုက်တင်ရွာဟောင်းပါ။ အရင်တုန်းက အခြေအနေကြောင့်စစ်ဖြစ်လို့ ကျေးရွာတွေပြောင်းရွေ့နေထိုင်ခဲ့ရပြီးတော့ ရွာဟောင်းကို သံယောဇဉ်မကုန်လို့ ပြန်လာနေကြတဲ့သူတွေပါ။ အမှန်တော့ ရွာရဲ့အနီးအနား( အရှေ့ဘက်)လောက်မှာလည်း ရွာသစ်ချပြီးတော့ အိမ်ခြေတစ်ချို့နေထိုင်ကြပါသေးတယ်။ အရင်က စစ်ဖြစ်ခဲ့လို့ပစွည်းတွေဆုံးရှုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဘဝကနေ အခု ဘဝအသစ်ကိုရွာဟောင်းမှာ ပြန်လည်အခြေချနေထိုင်ကြတဲ့သူတွေထဲမှာ ဦးဗျားရယ်နဲ့ ဒေါ်မီးမြာတို့မိသားစုပါဝင်ပါတယ်။ ဦးဗျားရယ်ဟာ အသက်ခုနှစ်နှစ်၊ လေးနှစ်၊ နှစ်နှစ်အရွယ်ရှိတဲ့သားသုံးယောက်နဲ့ မျက်စိတစ်ဘက်ကွယ်နေတဲ့ […]