ထျိုးမြာ တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်မျိုးတင်အစား ပြောင်းလဲတာဝန်ပေးလိုက်သည့် ဗိုလ်ကြီးရွှေတိုးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် ယခင်အစိုးရသက်တမ်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ကိုင်တွယ်ခဲ့သည်။ ယခုမူကာ ၎င်းရာထူးအား အခြားတပ်မတော်သား ကိုယ်စားလှယ်ဖြစ်သော ဗိုလ်မှူးကြီးမြင့်ဝေအား အစားထိုး ခန့်အပ်ထားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် သာမန်တပ်မတော်သားလွှတ်တော်ကိုယ်စားအဖြစ်သာ တာဝန်ယူထားရာက ပြောင်းလဲ ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မေလ(၁၆)ရက်နေ့ ထုတ်ပြန်ချက်အရ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်းအား ဇူလိုင်လ(၂၀)ရက်နေ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် […]

ကန္တာရဝတီတိုင်း(မ်) လူထုဗဟိုပြုဖွံ့ရေးစီမံကိန်းတွေဆိုတာ လူထုတရပ်လုံးနဲ့ နီးနီးကပ်ကပ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အတူတူ အကောင်အထည် ဖော်ဆောင်ပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရတဲ့ စီမံကိန်းဖြစ်တယ်လို့ သဘောပေါက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းအစပြုခဲ့တဲ့ လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေအထောက်အပံ့၊ နည်းပညာအကူအညီနဲ့ ကယားပြည်နယ်က ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ်မှာ စတင်အကောင်အထည်ဖော်လာခဲ့ကြပါတယ်။ ဒီလို အောက်ကနေ အစပြုတဲ့ လူထုဗဟိုပြုစီမံကိန်းတွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နေချိန်ကာလမှာ စီမံကိန်းတွေကို လူထုကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲတတ်လာနိုင်ဖို့က အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်လာပါတယ်။ ဒါ့အပြင် တစ်ပြည်နယ်လုံး အတိုင်းအတာ ၊ တနိုင်ငံလုံးအတိုင်းအတာ ၊ နိုင်ငံတကာအဆင့်ရှိတဲ့အတိုင်းအတာနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ ဒေသခံတွေရဲ့ လူထုပါဝင်မှုအရည်အချင်း ၊ အရည်အသွေးကလည်း […]

ဖဲဘူး ဖားဆောင်းမြို့သစ် စီမံကိန်းအတွက် လျာထားသော မြေနေရာများအနက် ဒေသခံများကို အချိုးကျ ပြန်ပေးမည့် မြေဧရိယာကို အစိုးရဘက်မှ တိကျသည့် အာမခံချက်ပေးရန် ဒေသခံများက လိုလားနေကြသည်။ ကယားပြည်နယ် ဖားဆောင်းမြို့၏ မြို့ပြစီမံကိန်းအတွက် ဒေသခံများ၏ စိုက်ပျိုးယာမြေ ၁၀၃၉ ဧကကို စီမံကိန်းဖေါ်ဆောင်ရန် အစိုးရဘက်မှ လျာထားနေခြင်း ဖြစ်သည်။ မြေနေရာများကို စီမံကိန်းအတွက် အကောင်အထည်ဖော်လိုက်မည်ဆိုပါက ဒေသခံအတွက် ပြန်လည်ရှိနိုင်မည့် မြေဧကအတွက် တိကျသည့် အာမခံချက်အား အစိုးရမှ တာဝန်ယူပေးရန် ဒေသခံများက ဆန္ဒရှိနေကြခြင်းလည်း ဖြစ်သည်။ ဖားဆောင်းမြို့မြောက်ပိုင်းရပ်ကွက်မှ ဒေါ်နန်းမြအေးက “အနည်းဆုံးတော့ ၃ ပုံ ၂ ပုံလောက် ပြန်ပေးစေချင်တယ်။ တစ်ပုံကတော့ သူတို့သိမ်းသွားပါ။ ဒါပေမယ့် ကျမတို့ကို […]

ကယားပြည်နယ်လွှတ်တော်ကို လေ့လာခြင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းသည် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်ပေသည်။ ပြီးခဲ့သော ပုံမှန် အစည်းအဝေး ၅ ကြိမ်နှင့် အရေးပေါ် အစည်းအဝေး ၃ ကြိမ်တွင် ကယားပြည်နယ်လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ပေ။ ယခု ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ်၊ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ (မူကြမ်း) အား တင်သွင်းရာ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်း ထားခြင်း မရှိသဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ […]

မူအက်စတာ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်သည့်နေရာတွင် ပညာရေးအခြေအနေကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဖရူဆိုမြို့နယ်တာဝန်ခံက ပြောသည်။ ဖရူဆိုမြို့နယ် လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတာဝန်ခံ စောဘရာထူးက “ပညာရေးအရ နည်းနည်းလေး။ ကျောင်းမတက်ရတော့လေနော။ ၂ တန်း ၃ တန်း အထိပဲ တက်ဖူးတော့ ဗမာစကားသိပ်နားမလည်တော့ စာရင်းဇယားလုပ်တဲ့အခါမှာ တအားနဲ့ခက်တယ်။ တချို့ဆိုရင် အဝေးကရွာတွေဆိုရင် လက်မှတ်မထိုးတတ်တဲ့ ရွာတွေရှိတယ်။ ပထမနှစ်မှာ တအားခက်တယ်။ ဒုတိယနှစ်မှာတော့ နည်းနည်းလေး အဆင်ပြေလာပြီ။ နည်းနည်းလွယ်ကူလာတာပေါ့”ဟု ပြောသည်။ ကယားပြည်နယ်ရှိ လူထုဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းသည် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ အစရှိသော မြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ […]