ကန္တာရဝတီတိုင်း(မ်) ထိုင်းနိုင်ငံနယ်စပ်နှင့် ကယားပြည်နယ်၊ ရှားတောမြို့ကို ဆက်သွယ်ထားသော တာတမော့(ရှားတော) -ဘီပီ ၉ လမ်းအပိုင်းအတွက် ဇူလိုင်လမှစ၍ လမ်းကြောင်းအသစ်ကို စတင်ရှာဖွေနေကြောင်း ကယားပြည်နယ်၊ ရှားတောမြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။ လက်ရှိအသုံးပြုနေသော လမ်းကြောင်း၏ အစိတ်အပိုင်းနေရာအချို့၌ မိုးရာသီအတွင်း ပျက်စီးနေမှုများကြောင့် တစ်နှစ်ပတ်လုံး သွားလာအသုံးပြုရန်အတွက် လမ်းကြောင်းသစ်အား ရှာဖွေနေခြင်းဟု ရှားတောမြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်ဇော်အောင်က ပြောသည်။ “လောလောဆယ်တော့ စတိုင်းရုံပဲရှိပါသေးတယ်။ အသစ်ဖေါက်ဖို့မဖေါက်ဖို့ကတော့ ကေအဲန်ပီပီနဲ့ ပြည်နယ်အစိုးရတို့ရဲ့ သဘောထားအပေါ်မှာပဲရှိတယ်။ သူတို့နဲ့ပဲ ပိုသက်ဆိုင်လိမ့်မယ်။” ဦးခင်ဇော်အောင်က ပြောသည်။ မူလလမ်းကြောင်း၏ လမ်းအစိတ်အပိုင်းအချို့မှာ အဆင်းအတက်မတ်စောက်ခြင်းနှင့် မိုးရာသီအချိန် ချောင်းရေများကာ ဖြတ်သန်းသွားလာရန် ခက်ခဲနေခြင်းကြောင့် အဆိုပါနေရာများအား ရှောင်ကွင်းဖေါက်လုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။ လမ်းကြောင်းရှာဖွေရေးနှင့် […]

ထျိုးမြာ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေအား ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)က အတည်ပြုခဲ့ကြောင်း သိရသည်။ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)ကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်သို့ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာတင်ပြခြင်း၊ ပြတိုက်နှင့်စာကြည့်တိုက်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန်အမည်စာရင်းတင်သွင်းခြင်းနှင့် ဆွေးနွေးမည့် နေ့ရက်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အဆိုပါဥပဒေ(မူကြမ်း)အား အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားခြင်းမရှိသဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အစီရင်ခံစာအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့သည်။ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်နယ်လွှတ်တော်တွင် […]