ကန္တာရဝတီတိုင်​း(မ်​) ၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့အပြီး ကယားပြည်နယ်၏ ၈၈ မျိုးဆက်မှ အင်အားစုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်အဖြစ် အလုံးအရင်းလိုက် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။ ၈၈ မျိုးဆက်များမှ စုစည်းကာ ပါတီအဖြစ် တည်ထောင်ရန် ကနဦးက ရည်ရွယ်ခဲ့သော်လည်း ကယားပြည်နယ်၏ အနေအထားနှင့် နိုင်ငံရေးလမ်းကြောင်းတစ်ခုအဖြစ် NLD ပါတီသို့ ဝင်ရောက်ပြီး နိုင်ငံရေးတွင် ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရန် ကယားပြည်နယ် ၈၈ မျိုးဆက်က ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ လက်တလော၌ ကယားပြည်နယ် ၈၈ မျိုးဆက်များမှ ဦးဆောင်ပြီး NLD ပါတီထဲ ဝင်ရောက်ရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေခဲ့ကာ ၈၈ မျိုးဆက်များ ကိုယ်တိုင် […]

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူပြည်သားတွေဟာ ဘဝတစ်ခုတိုးတက်အောင်မြင်ဖို့အတွက် နေ့မအား ညမအားသွားလာလှုပ်ရှား ရုန်းကန်နေကြတာကို တွေ့ရှိပါသည်။ ကျားကြီး ခြေရာကြီးဆိုတဲ့စကားအတိုင်း စားဝတ်နေရေး အသင့်အတင့်ပြေလည်တဲ့ လူတွေဟာ တစ်နေ့လုပ် တစ်နေ့စား လူတွေထက် တိုးတက်အောင်မြင်ဖို့ကို ပိုပြီး လိုလားသလို စီးပွားရေး အခြေခံ ကောင်းများရှိသူတွေဟာလည်း တိုးတက်အောင်မြင်မှု ပေါင်း သောင်းခြောက်ထောင်ရရှိဖို့ိကို လိုလားနေကြပါသည်။ အချိန်ကုန် ငွေကုန် အပင်ပန်းခံပြီး ဘဝတိုးတက်အောင်မြင်မှုအတွက် ရုန်းကန်ကြိုးပမ်း နေပါလျက်နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော် သစ်တစ်ခုကို ဒီနေ့ဒီချိန်ထိ မတည်ဆောက်နိုင်တာ ဘာကြောင့်ပါလဲ။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် တစ်ခုကို မတည်ဆောက်နိုင်တဲ့ အဓိက အကြောင်းရင်းကတော့ ဒီမိုကရေစီနှင့် ကိုက်ညီပြီး နည်းလမ်းမှန်ကန်တဲ့ […]