တရားမဝင်​ခဲသတ္တု သို​လှောင်​ထား​သော တရားခံကို မဖမ်းမိသေး

ကန္တာရဝတီတိုင်​း(မ်​) ဩဂုတ်​လ ၁ဝ ရက်​​နေ့က လွိုင်​​ကော်​မြို့နယ်​ရှိ ​နေရာ နှစ်​​နေရာတွင်​ တရားမဝင်​ခဲသတ္တုများကို တရားဝင်ရောင်းချရန် သိမ်းဆည်းထားသည်ကို သက်​​သေခံပစ္စည်​းများနှင်​့တကွ သိမ်​းဆည်​းရရှိခဲ့​သော်လည်း ပစ္စည်းများ၏ ပို်င်ရှင်ကိုမူ ဩဂုတ်လ ၁၄ ရက်နေ့အထိ ဖမ်းမိရရှိခြင်း မရှိသေးကြောင်း လွိုင်ကော်မြို့၊ မြို့မရဲစခန်းမှ သိရသည်။ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာနေ အိမ်ရှင်ကို တွေ့ရှိရခြင်း မရှိဘဲ သက်သေခံပစ္စည်းများကိုသာ တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။ အမှုဖွင့်ထားသော ၁၁ ရက်နေ့အထိ အဆိုပါ ပိုင်ရှင်များကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။ ခဲသတ္တုမာျး တွေ့ရှိခဲ့သော အိမ်ပိုင်ရှင်ကို ရှာဖွေဖေါ်ထုတ်ရန် လုပ်ဆောင်နေသည်ဟု အဆိုပါ အမှုကို အမှုစစ်အဖြစ်တာဝန်ယူထားသူ ဒုရဲအုပ် ငြိမ်းဇော်မင်းက ကန္တာရဝတီတိုင်း(မ်)ကို ဩဂုတ်လ […]