​ကျော်​ထင်​​အောင်​ (ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ တစ်နှစ်ကျော်ကာလကို လေ့လာခြင်း) ၂၀၁ရ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် တစ်နေရာလစ်လပ်မှုကို ယှဉ်ပြိုင်ခဲ့ကြရာတွင် အမျိုးသားများသာ ယှဉ်ပြိုင်ခဲ့ကြ၍ ကယားပြည်နယ်လွှတ်တော်၏ ထူးခြားချက်မှာ ယခုအချိန်အထိ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ မပါဝင်သေးခြင်းပေ။ (ပထမအကြိမ်တွင်လည်း မပါခဲ့ပါ ။) ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်သည် တစ်နှစ်ကျော် ( ၁ရ လ ကျော် ) အတွင်း ပုံမှန် အစည်းအဝေး ( ၆ ) ကြိမ်ကို နှစ်လကျော် သုံးလနီးပါးမှ တစ်ကြိမ်ပြုလုပ်ခဲ့သည် ။ ဘယ်အကြိမ်မျှ သုံးရက်ထက် ပိုမကြာခဲ့ပေ ။ ထို့အတွက်ကြောင့် ဆဋ္ဌမ ပုံမှန်အစည်းအဝေးမှသာ ကယားပြည်နယ်၊ […]

စူးမယ် နှမ်းကို အဓိကထားစိုက်ပျိုးကြသည့် ဒေါတမကြီးအုပ်စုအတွင်းရှိ တောင်သူများမှာ ယခုနှစ်တွင် နှမ်းဈေးမကောင်းမည်ကို စိုးရိမ်နေကြသည်။ ဒေါဆိုဖျကျေးရွာမှ ဒေါ်ကူးမိုက “ဟိုးပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ကိုက်တာပေါ့နော။ ဒါပေမဲ့ အရင်နှစ်ကတော့ သိပ်မကိုက်ဘူး။ နှမ်းတွေတက်ရောင်းတာက ဈေးက ၂၉၀ဝ တချို့ ၂၈၅ဝ တချို့ ပေါ့။ နှမ်းတွေအပေါ်မှာလည်းမူတည်သေးတယ် ဈေးက။ လှရင်တော့ တမျိုး၊ မလှရင်တမျိုးပေါ့နော။”ဟု ပြောသည်။  ဒေသခံများအနေဖြင့် နှမ်းများကို လွိုင်ကော်ရှိ ပွဲစား၊ အဝယ်ဒိုင်များထံ သွားရောက် ရောင်းချကြရသော်လည်း နှမ်းကို ဈေးကောင်းမရကြကြောင်း ဆိုသည်။ အချို့သော တောင်သူများအနေဖြင့် နှမ်းမပေါ်မီအချိန်ကတည်းကပင် ငွေလိုအပ်ချက်ကြောင့် ကြိုတင် ငွေတွေ ရယူပြီး ဈေးပေါပေါဖြင့် ရောင်းချရခြင်းလည်း ရှိကြောင်း သိရသည်။  […]