ထျိုးမြာ ကယားပြည်နယ်ရှိ မသန်စွမ်းညီအကိုများအတွက် လိုအပ်သောအထောက်အကူပစွည်းနှင့်မသန်စွမ်းသူများအခွင့်အရေးတရားဝင်ရရှိရန်အတွက် မြန်မာနိုင်ငံကို်ယ်အင်္ဂါမသန်စွမ်းသူများအသင်း မှ ကယားပြည်နယ်တွင် အသင်းခွဲဖွဲ့ရန်ရှိသည်ဟု သိရသည်။ ဩဂုတ်လ (၁၇) ရက်နေ့တွင် ရန်ကုန်ရှိအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက ကယားပြည်နယ်ရှိ မသန်စွမ်းသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အဖွဲ့အစည်းတစ်ချို့တို့ကိုအကြိုလာရောက်ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံကို်ယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဌ ဦးမြတ်ဦးက ပြောပါသည်။ “ကျနော်တို့က ကယားမှာရှိတဲ့ မသန်စွမ်းညီအကို မောင်နှမတွေအတွက် အကူအညီပေးဖို့အတွက် ဖွဲ့ဖို့လာတာ။ ဒီမှာလည်း မြေမြုပ်မိုင်ဒဏ်ခံစားရတဲ့သူတွေလည်း အများကြီးပဲတဲ့ ခုဏက ကျနော်ကြားတာ ” ဟုသူကပြောပါသည်။ မြန်မာနိုင်ငံတွင် မျက်မမြင်အသင်း၊ ကိုယ်အင်္ဂါအသင်း၊ နားမကြားသူများအသင်း၊ ညဏ်ရည်မမှီသည့်ကလေးများအသင်း ဟူ၍အသင်းလေးသင်းရှိပြီး၎င်းတို့အသင်းသည် ကိုယ်အင်္ဂါနှင့်ပတ်သက်ပြီး ဖွဲ့သည့်အသင်း ဖြစ်သည်ဟု သိရသည်။ မသန်စွမ်းသူများအသင်းဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတစ်ကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လိုအပ်သော အထောက်အကူပစွည်းတွေ ချိုင်းထောက်၊ ခြေတု၊ […]

“သတင်းအချက်အလက်တွေ အမှောင်ချထားလို့ မရတဲ့ခေတ်ကြီးမှာ သာမန်စစ်ပွဲတွေကနေ အမျိုးသားရေးဆိုင် ရာပဋ္ဋိပက္ခ အဆင့်အထိတက်လှမ်းသွားနိုင်ပါတယ်” လို့ ပြောဆိုလိုက်တဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားချက်များကို ကောက်နုတ်တင်ပြထား လိုက်ပါတယ်။  မေး။ ။ လက်ရှိအစိုးရမှဖော်ဆောင်နေသောငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြင်သဘောထားလေးပြောပြပေးပါ။  ဖြေ။ ။ လက်ရှိအစိုးရဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ ရေးဆွဲချမှတ်ပြီး တနိုင်ငံလုံးသဘောတူညီချက်အဖြစ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုအစိုးရနဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အပေါ် အခြေခံတယ်၊ သည်စာချုပ်ရဲ့အဓိကအနှစ်သာရဟာ – ၁) ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဆွေးနွေးညှိနှိုင်းနေဆဲကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်စွန့်စရာမလိုဘူး၊ ၂) အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ တန်းတူရည်တူဆွေးနွေးခွင့်ရှိတယ်၊ ၃) ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကနေ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ပြည်ထောင်စု […]

ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် သတ်မှတ်ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ဆရာဝန်အင်အား ၃ဝ ရာခိုင်နှုန်းကသာ လူနာများကို ကုသစောင့်ရှောက်ပေးနေရကြောင်း သိရသည်။ လွိုင်ကော်ဆေးရုံကြီးတွင် ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော လက်ထောက်ဆရာဝန်များမှာ ၁၀၃ ဦး ဖြစ်ပြီး လက်ရှိတွင် ၃၅ ဦးသာ တရားဝင်ခန့်အပ်ထားကာ ၆၈ ဦး လစ်လပ်နေခြင်​း​ကြောင်​့ ၃ ပုံ ၁ ပုံကသာ တာဝန်​ထမ်​း​ဆောင်​​နေကြရခြင်​း ဖြစ်သည်။ ကယားပြည်နယ်အစိုးရအစီအစဉ်ဖြင့် ခန့်အပ်ထားသော လက်ထောက်ဆရာဝန်များ အပါအဝင် ဘွဲ့လွန်စာပေးပွဲဖြေဆိုအောင်မြင်ပြီးသော လက်ထောက်ဆရာဝန်များသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကာလ၂ နှစ်ခွဲ ပြီးဆုံးပါက ပြောင်းရွေ့ခွင့်များ တင်ကြတော့မည် ဖြစ်သည်။ အဆိုပါ လက်ထောက်ဆရာဝန်များ ပြောင်းရွေ့သွားပါက လွိုင်ကော်ပြည်သူ့ဆေးရုံအတွက် ဆရာဝန်မျာကို အစားထိုးခန့်အပ်ရန် […]

ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်) နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)မှ တင်ပြဆွေးနွေးသော အချက် ၈ အနက် ၄ ချက်ကို နှစ်ဦးနှစ်ဘက်သဘောတူလက်ခံနိုင်ပြီသော်လည်း ထပ်မံကျန်ရှိသော ၄ ချက်မှာ ကျန်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းပြီး သဘောတူညီမှုရယူရန်လိုအပ်သောကြောင့် မဖြတ်နိုင်သေးခြင်းဖြစ်သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ဆဋ္ဌမအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ အမျိုသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဩဂုတ်လ ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့ နှစ်ရက်တာ ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ တွေ့ဆုံပွဲမတိုင်မှီက UNFC ၏ တင်သွင်းတောင်းဆိုချက်များအပေါ် နှစ်ချက်ကျန်သည် လေးချက်ကျန်သည်စသည့်သတင်းအမျိုးမျိုး ပေါ်ထွက်နေသော်လည်း လက်တွေ့တွင် ၈ ချက်လုံးကို […]