လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရရှိရေးအတွက် လျှောက်ထားခြင်း

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူဦးကြီးများသည် ယင်းတို့၏ မြေယာပိုင်ဆိုင်မှုပုံစံအမျိုးမျိုးနှင့် အစဉ်တစ်ဆက်လုပ်ကိုင် လာခဲ့ကြသည်။ အများစုမှာ ဘိုဘောင်စဉ်ဆက် အသိအမှတ်ပြုမှုနှင့်သာ လုပ်ကိုင်ခဲ့သည်။ သို့သော် ခေတ်ကာလအခြေအနေက မြေယာများနှင့် ပတ်သက်၍ ဥပဒေများ ရေးဆွဲ၊ ပြင်ဆင်မှုများ ပြုလုပ်လာနေပြီဖြစ်သည်။ ထို့ကြောင့် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေစွာ သမရိုးကျနည်းလမ်းမှ ဥပဒေဘောင်အတွင်း လုပ်ကိုင်ခြင်းသည် လက်ရှိနိုင်ငံရေးအခြေအနေနှင့် တောင်သူများရင်ဆိုင်နေရသော မြေယာပြဿနာများကို ကျော်လွှာနိုင်မည်ဖြစ်သည်။ မြေယာပုံစံများအနက် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရရှိရေးအတွက် လျှောက်ထားခြင်းအပေါ် ကန္တာရဝတီတိုင်း(မ်)၏ စာဖတ်ပရိသတ်များအတွက် ရေးသားဖေါ်ပြပေးလိုက်ရပါသည်။ အမှန်စင်စစ် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ရရှိရေးအတွက် ပုံစံ(၁၀၅) လျှောက်ထားရန်သို့မဟုတ် ပုံစံ (၁၀၅)ကို ရှေးဦးစွာ […]

ဘိန်းစိုက်တောင်သူများအတွက် အမှန်တရားကို လွှတ်တော်တွင် ပြောခွင့်မရှိဟု လွိုင်ကော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ကန္တာရဝတီတိုင်း(မ်) ဘိန်းစိုက်ပျိုးရာတွင် ဘိန်းစိုက်တောင်သူများက ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်များကို အခွန်းပေးဆောင်ရကြောင်း လွိုင်ကော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးပြောဆိုခဲ့ရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှ ကန့်ကွက်ပြောဆိုခဲ့ခြင်းနှင့် အဆိုပါ ဆွေးနွေးချက်စကားအချို့အား လွှတ်တော်က ပယ်ဖျက်ခဲ့ခြင်းအပေါ် အမှန်တရားကို လွှတ်တော်တွင် ပြောကြားခွင့် မရှိဟု ၎င်းက ဝေဖန်လိုက်ခြင်း ဖြစ်သည်။ ဩဂုတ် ၁၈ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာခင်စည်သူက မြန်မာနိုင်ငံ၌ ဘိန်းစိုက် တောင်သူများအား ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေးနိုင်ငံတော်မှအမျိုးသားရေး တာဝန် အဖြစ် စနစ်တကျစီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာတွင် မေးခွန်းဖြေကြးသူမှ မတ်တပ်ရပ်ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ‘‘ဘိန်းစိုက်တောင်သူများက ဒေသဆိုင်ရာအဖွဲ့အစည်းအချို့၊ လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြတဲ့ ရဲ၊ တပ်မတော်၊ […]