မူအက်စတာ မူလပိုင်ဆိုင်မှုတွေကို ပြန်ရရှိရန် ပိုင်ဆိုင်မှုအထောက်အထားများကို ပြည့်စုံအောင်တင်ပြပေးနိုင်ပါက သိမ်းယူထားသော မြေများကို ပြန်လည်ရရှိရန် တောင်းခံနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် သိမ်းဆည်းခံမြေကို အဆိုပါတောင်သူပိုင်ဆိုင်ကြောင်း အများကယုံကြည်သောပုဂ္ဂိုလ်က ထောက်ခံပေးခြင်းဖြစ်လည်း ပြန်လည်တောင်းဆိုနိုင်ကြောင်း သိရသည်။ “အဲ့သိမ်းထားတဲ့မြေတွေကို ဘယ်အဖွဲ့အစည်းကသိမ်းသိမ်း ဘယ်တပ်၊ ဘယ်ပုဂ္ဂလိက ကပဲသိမ်းသိမ်း စွန့်လွတ်ရန်ရှိမရှိ ခင်များတို့မေးနေတာက ခရိုင်မှူးကြီးလည်း စွန့်လွတ်ပေးလို့မရဘူး။ ကျနော်လည် စွန့်လွတ်ပေးလို့မရဘူး။ ဗဟိုကော်မတီကမှ စွန့်လွတ်ပေးလို့ရမယ်။ အဲ့တော့ ခင်ဗျားတို့က အောက်ခြေကနေပြီးတော့ အမှန်တစ်ကယ်လိုအပ်တဲ့မြေအတွက် တင်ပြတောင်းခံတဲ့စာ ပူးတွဲတင်ပြရမယ်။ ကွင်းဆင်းပြီး စစ်မယ်ဆိုရင် အဓိက အခြေခံလိုအပ်ချက်တွေက သူ့ရဲ့ပိုင်ဆိုင်မှု အထောက်အထားတွေလိုမယ်။ ပိုင်ဆိုင်မှုအထေက်အထားမရှိတော့ဘူးဆိုရင် ရပ်ရွာက အများယုံကြည်အားကိုးလေးစား ယုံကြည်ရလောက်တဲ့ပုဂ္ဂိုလ်နဲ့ ဒီလူက ဒီမြေကိုဘယ်နှစ်ခုနှစ်က ပို်င်ဆိုင်ခဲ့တယ်။ ဘယ်လောက်ကြာကြာလုပ်စားခဲ့တယ်ဆိုတဲ့ […]

ကယားထဲ နှစ်စဉ်နှစ်တိုင်း အစဉ်အလာပျက် ရိုးရာဓလေ့တခုအနေနဲ့ အထွတ်အမြတ် ဆောင်ရွက်ကြ တဲ့ ကရင်နီမျိုးနွယ်စုတွေရဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူးပွဲဟာဆိုရင် ဘာသာရေးအနေနဲ့မလုပ်ရ ဘူးလို့ တားမြစ်ထားတယ်လို့ တချို့သော ဘာသာဝင်တွေက ပြောဆိုထားကြတာရှိပါတယ်။ ယခုလို အချိန်ကာလဟာ ကရင်နီလူမျိုးတွေနေထိုင်ကြတဲ့ ကျေးရွာတိုင်း နေရာတိုင်းမှာ အဲ့ဒိုပေါ်မီ ပွဲကို ပြုလုပ်နေကြပါတယ်။ အဲဒီပွဲဟာ ဘာသာရေးအနေနဲ့ တခြား တားမြစ်ထားတာမရှိပေမယ်လို့ ဘုရားမှအပ နတ်ကတော်ကဲ့သို့ အသက်သွင်းပြီး ယုံကြည်တဲ့တခုကိုတော့ တားမြစ်ထားတယ်လို့ ဖရူဆိုမြို့က ကက်သလစ်ဘာသာ ဘုန်းတော်ကြီး ကိုယ်တော်လီးရယ်က ဒေါခရော့ခူ ကျေးရွာမှာ လုပ်တဲ့ အဲဒိုပေါ်မီပွဲမှာ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာမှာ စုပေါင်းပြီး အဲဒိုပေါ်မီပွဲ […]

ထျိုးမြာ——- ဦးပိုင်ကုမ္ပဏီမှ ဆီဆိုင်ဆောက်လုပ်ရန်အတွက် အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ(လွိုင်ကော်)မြေနေရာဟုဆိုပြီး နေအိမ်တစ်လုံးကို ဖယ်ရှားပေးရန် စာပို့တောင်းဆိုသည့်အပေါ် ဒေသခံများမှ စိုးရိမ်းနေကြသည်။ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ(လွိုင်ကော်)၏ တပ်ပိုင်မြေနယ်နိမိတ်ဟုဆိုကာ မြေနီကုန်းကျေးရွာရှိ ဒေါ်နန်းကွယ်၏ နေအိမ်ကို ရက်သုံးဆယ်အတွင်း ရွေ့ပေးရန် အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း လွိုင်ကော်မြို့က စက်တင်ဘာလ(၉)ရက်နေ့တွင် ဒေါ်နန်းကွယ်ထံ အကြောင်းကြားစာပို့ထားသည်ဟုသိရသည်။ ထို့အပြင် တပ်ပိုင်မြေနယ်နမိတ် (၁၅၆.၂၈) ဧကအား ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၉၅ ခုနှစ်တွင် မြေသိမ်းဆည်းမိန့်ရရှိခဲ့ပြီးဖြစ်သောကြောင့် တပ်မြေအတွင်းရောက်ရှိနေသော ဒေါ်နန်းကွယ်၏နေအိမ်အား ရက်(၃၀) ရက်အတွင်းဖယ်ရှားပေးရန်နှင့် (၃၀) ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စာထဲတွင် ရေးထားသည်။ ဦးပိုင်ကုမ္မဏီမှ ဆီဆိုင်ဆောက်လုပ်ရန် ဒေါ်နန်းကွယ်၏ နေအိမ်ကို ဖယ်ရှားစေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဧရိယာ […]

ကန္တာရဝတီတိုင်း(မ်)အယ်ဒီတာ ===== ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသည့် ဒေသခံများ အများစုသည် စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုလုပ်လျှက် ရှိသည်။ စပါးစိုက်ပျိုးရန်အတွက် ရေရရှိသော နေရာများတွင် လယ်စပါးများ စိုက်ပျိုးကြရာ၌ ဈေးအတန်အတင့်ရရှိနေသော်လည်း၊ အခြား ကုန်းမြင့်ဒေသဘက်တွင် စိုက်ပျိုးသည့် စပါး၏ ဈေးကွက်သည် ကွာဟမှုများ ရှိနေသည်။ ကယားပြည်နယ်သည် ကုန်းမြင့်ဒေသအများစုဖြစ်ပြီး မြေပြန့် အနည်းငယ်သာ ရှိသည်။ ကုန်းမြင့်ဒေသဘက်တွင် အများစု နေထိုင်ကြသည့်အတွက် ရွှေ့ပြောင်းတောင်ယာဖြင့် အသက်မွေးကြ ရကြသည်။ အဓိက ဝင်ငွေရရှိသော အရင်းအမြစ်မှာ ဆန်စပါးစိုက်ပျိုးခြင်း လုပ်ငန်းသာ ဖြစ်သည်။ သို့သော် အိမ်ထောင်စု အများစုသည် လယ်ယာစိုက်ပျိုးရေးတစ်ခုတည်းဖြင့် စားဝတ်နေရေး မဖူလုံပေ။ စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကြသည့် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာကို ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း […]

လင်းသန့် လူထုကျန်းမာရေးနှင့် ရေရှည်တွင် ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမိုများပြာလာနိုင်သဖြင့် လွိုင်ကော်တွင် တည်ဆောက်ရန် လျာထားသော တစ်ရက် တန် ၄၀၀ဝ ကျ ဘိလပ်မြေစီမံကိန်းကို ဒေသခံများက အပြီးတိုင်ဖျက်သိမ်းပေးရန် တောင်းဆိုလိုက်သည်။ ရင်းနှီးမြှပ်နှံရန် ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလိမိတက်၏ အစပြုမှုကိုလည်း နောက်ဆုတ်ပေးရန် စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော သဘောထားဆန္ဒထုတ်ဖေါ်ပွဲအပြီးတွင် ဦးဆောင်ကျင်းပခဲ့သော ကယားမြေသက်သေအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ စီမံကိန်းတည်ဆောက်ရန် လျာထားသော နေရာသည် လွိုင်ကော်မြို့နှင့် လွန်စွာနီးကပ်နေပါသဖြင့် လူထု၏ အနာဂတ်ကျန်းမာရေးအာမခံချက်ကိုလည်း ခြိမ်းခြောက်လာနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်က ဝေဖန်သည်။ ထို့အပြင် စီမံကိန်းအစပြုလုပ်ဆောင်ခဲ့သော ၂၀၁၃ ခုနှစ်ကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းသည်လည်း လူထုအတွက် ယုံကြည်နိုင်စရာမရှိဟု ထောက်ပြထားသေးသည်။ သို့သော် ကယားပြည်နယ်ဝန်ကြီးချုပ်ကမူ […]

ထျိုးမြာ ဖယ်ခုံအင်း(မိုးဗြဲဆည်)အတွင်း ဂေဟစနစ်ကို ပျက်စီးစေနိုင်သော တရားမဝင် ရှော့တိုက် ငါးဖမ်းယူခြင်းကို စည်းကမ်းချက်အနေဖြင့် တင်းတင်းကျပ်ကျပ်တားမြစ်ထားကြောင်း သိရသည်။ ဖယ်ခုံအင်းနှင့် ပတ်သက်၍ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အင်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အင်းထဲရှိ ရေနေငါးသတ္တဝါများကို သဘာဝနည်းဖြင့် မဟုတ်ဘဲ ရှော့ရိုက်ဖမ်နေမှုများကို တားမြစ်နိုင်ရေးအတွက် အဆိုပါ ကော်မတီအား ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။ “အင်းထိန်းသိမ်းရေးကော်မတီဆိုတာ ကျနော်ကိုယ်၌က လုပ်ချင်တဲ့အရာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ကျနော်ဝန်ကြီးဖြစ်တော့ ကိုယ်တိုင်မသွားနိင်ဘူးလေးနော့ ၊ အဲ့ဒါဖြစ်မြောက်ဖို့ဟာ ကျနော်ဟိုးရှမ်းပြည်နယ်အင်းလေးဒေသမှာလည်း အုပ်ချုပ်ရေးအဖွဲ့ထဲမှာလည်း ကျနော်ပါတယ်။ ကျနော်အဲ့ဒီအဖွဲ့မှာ ကျနော်ထဲထဲဝင်ဝင်လုပ်နိုင်မယ်လို့ ကျနော်မယူဆတဲ့အတွက် ကျနော်လုပ်နိုင်တဲ့ဖယ်ခုံအင်းလေးကိုတော့ ကျနော်နိုင်အောင်လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်လုပ်လိုက်တာပါ။ ဒီလိုမိတ်ဆက်ပွဲကို ကယားပြည်နယ်မှာ ကျနော်တစ်ခါမိတ်ဆက်ဖူးတယ်။”ဟု ကယန်းတို်င်းရင်းသားရေးရာဝန်ကြီး ဦးအေးမောင်က […]

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်တွင် ပညာရေးကောလိပ်ကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၂ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း အောက်ခြေ၌ ကျောင်းဆရာ/မ လိုအပ်ချက်များ ရှိနေသေးကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ပြောကြားလိုက်သည်။ ပညာရေးဌာနကို ပြည်နယ်ကနေတဆင့် ပြည်ထောင်စုမှ တိုက်ရိုက် ကိုင်တွယ်ပြီး ဝန်ထမ်းခန့်အပ်သောစနစ်ကြောင့်လည်း လိုအပ်ချက်များ ဖြစ်နေခြင်းဟု စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကန္တာရဝတီတိုင်း(မ်)သို့ ထုတ်ဖေါ်ပြောကြားသည်။ “ဒါကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ ပထမတစ်ချက်ကတော့ ပွင့်ပွင့်လင်းလင်းပြောတဲ့သူရှိတာပေါ့နော။ ပွင့်ပွင့်လင်းလင်းဆိုတာက ဝန်ထမ်းတွေ နေရာချပေးတာ ပြည်ထောင်စုကနေ ကိုင်သွယ်လုပ်တာပေါ့နော။ ကျောင်းဆိုလို့ရှိရင်လည်း ဆရာက တင်ပြပြီးတော့ ခွင့်ပြုပြီးမှ သွားရတာလေ။ ဆိုတော့ လောလောဆယ်မှာ အကြောင်းကြောင်းကြောင့် ပြည်ထောင်စုအဆင့်မှာ မရှိသေးတဲ့ ကျောင်းတွေဆိုလို့ရှိရင် ဘာကြောင့်မရှိတာလဲ တကယ်လို့ဒီမျိုးမဖြစ်အောင် […]