မူအက်စတာ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွင် ကယားပြည်နယ်မှ ရာသီပေါ်သီးနှံများသာ တင်ပို့နိုင်သည့်အတွက် ဒေသခံကုန်သွယ်ရေးပွဲစားများ နစ်နာနေကြောင်း မယ်စဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။ “သူ့ကာလ မဟုတ်သေးလို့ပါ။ ပို့ကုန်က အများအားဖြင့် ကြက်သွန်ဖြစ်တယ်ကော။ ကြက်သွန်ထွက်တဲ့ ကာလမဟုတ်သေးလို့ ပို့ကုန်နည်းတာပေါ့ အဲဒီသဘောပါပဲ။ ခုချိန် ငရုပ်သီးဆိုလည်း ခုချိန်ဆို မရှိသေးဘူးလေနော သူ့ရာသီကာလ မဟုတ်သေးဘူး။ ပို့ကုန်က ကြက်သွန်တို့ ငရုပ်သီးတို့လို ပို့တဲ့အတွက် ဒီအချိန်ကာလမှာ မထွက်သေးဘူး။ ရာသီသီးနှံမထွက်တဲ့အတွက် မပို့နိုင်သေးတဲ့ အတွက်ရှုုံးတာပေါ့” ဟု ပြောသည်။ ထိုင်းနိုင်ငံမှ အဓိကအားဖြင့် အလှကုန်ပစ္စည်းနှင့် အချိုရည်၊ ပင်လယ်စာစသည့် အသင့်စားအစားအစာများကို တင်သွင်းနေပြီး ကယားပြည်နယ်မှ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ […]