နိုဝင်ဘာလ ၂ရ ရက်နေ့မှာ မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ပထမအကြိမ် ကြွရောက်လာမယ့်အပေါ် ကယားပြည်နယ်မှ ပြည်နယ်သူ၊ပြည်နယ်သားတွေက ဘယ်လိုမျှော်လင့်နေကြပါသလဲ။ ဒေါ်ထရေးဇာခင်ဦး – ဒေါငံရောက်ကျေးရွာ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိစေဖို့ အဘဘုရားသခင် ကောင်းချီးပေးတော်မူပါလို့ တောင်းဆိုချင်ပါတယ်။ ဦးကာဆမီးရို – ဒေါငံရောက်ကျေးရွာ ကျွန်တော်အနေနဲ့ အခုလိုမျိုး ပုပ်ရဟန်းမင်းကြီး ကြွရောက်လာမယ့် မြန်မာနိုင်ငံခရီးစဉ်ကို မမျှော်လင့်ပဲနဲ့ တစ်သက်မှတစ်ခါ ရောက်ရှိတဲ့အတွက်ကြောင့် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့ အခုလိုမျိုး မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးက ကြွရောက်တဲ့အတွက်ကြောင့် ပုပ်ရဟန်းမင်းကြီးအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နို်င်ငံသားကို ကောင်းချီးပေးဖို့ ကျွန်တော်အနေနဲ့ ဆန္ဒပြုချင်ပါတယ်။ ဒေါ်ဘီဘျားနာ – […]

ထျိုးမြာ နေပြည်တောင်တွင်ပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းဖိုရမ်သို့ ကယားပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်မည်မဟုတ်ကြောင်း Lain နည်းပညာအထောက်အကူပြုအဖွဲ့၏ ဒါရိုက်တာ ကိုကျော်ထင်အောင်က ပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)မှ ချမှတ်ထားသော လုပ်ငန်းလမ်းညွန်များသည် ဗဟိုဦးစီးမှုစနစ်များလွန်းသည့်အပြင် သတ်မှတ်ထားသော ဆွေးနွေးမည့် ခေါင်းစဉ် ၃ ခုသည်လည်း လက်ရှိကာလအနေနှင့် အဆင်မပြေသောကြောင်း ၎င်းက ပြောသည်။ ကယား(ကရင်နီ)ပြည်နယ်ရှိ အရက်ဖက်အဖွဲ့အစည်း များအနေဖြင့် ပထမအကြိမ် CSOs ဖိုရမ်တွင် မတက်ရောက်ခဲ့သည့်အပြင် ယခုအကြိမ်တွင် လည်း တက်ရောက်မည်မဟုတ်ပေ။ ဗဟိုဦးစီးသည့် လုပ်ငန်းလမ်းညွှန်းများကို ပြင်ဆင်ပေးရမည့်အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးနေသည့် ခေါင်းစဉ်အားလုံးကို ဆွေးနွေးခွင့်ပြုနိုင်သည့် အခင်းအကျင်းတစ်ရပ်ဖြစ်လာမှသာ ကယား(ကရင်နီ)ပြည်နယ်ရှိ CS0sများအနေနှင့် တက်ရောက်မည်ဟု ဆိုသည်။  “တစ်ကယ့်ဆွေးနွေးသင့်တဲ့ […]