အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်သေဆုံးမှု ပွင့်လင်းမြင်သာစွာ တရားစီရင်ရန် နိုင်ငံရေးအင်အားစုများ တိုက်တွန်း 

နော်ဒွေးအယ်ခူ အရပ်သား ၁ ဦးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP ) ၏ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် တရားမျှတမှုရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် ကယား(ကရင်)နီပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးအင်အားစုများက တောင်းဆိုလိုက်သည်။ ကယန်းအမျိုးသားပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုတို့က ဒီဇင်ဘာလ ၂ဝ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ကြေညာချက် ၁ စောင်ကို ဒီဇင်ဘာလ ၃၁ ရင်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကယန်းအမျိုးသားပါတီ၏ ပါတီဥက္ကဌ ခွန်ဘီထူးက “အဲလိုအခြေအနေရှိဖို့လိုအပ်တယ်။ ဒကစဘက်သော်လည်းကောင်း တပ်ဖက်သော်လည်းကောင်း ထုတ်ပြန်ပေး ဖို့လိုသေးတယ်။ KNPP ဘက်ကတော့ ထုတ်ပြန်နေတယ်။ ကြားနေတဲ့ […]

ကယားပြည်နယ်ရှိ ဆင်ဖြူတောင်တန်း တလျောက် ခရီးနှင်ခြင်း

(စိတ်ဝင်စားဖွယ် တိုုင်းရင်းသားဒေသ ခရီးသွားစာစုု) မင်းဂေါလ်လိုုက်ခ်ရွှေရေးသားသည်။ ဆင်ဖြူတောင်ကြောသည် လွိုင်ကော်မှ ဖရူဆို ထိုမှတဆင့် လိပ်သို တလျောက် သွယ်တန်းနေသော တောင်ကြော ဆိုလဲ မမှားပါဘူး။ ဖြစ်ချင်တော့ လေယာဉ်ပေါ်မှဆင်း၊ ပစ္စည်းစု၊ မနက်စာ စားပြီးသည်နှင့် လွိုင်ကော်မှ ဟိုယာကျေးရွာသို့ ခရီးဆက်လာခဲ့သည်။ ၃ နာရီခန့် ကြာမြင့်သည်။ ရည်မှန်းချက်ကတော့ ခေါသမော့တောင်တက်ရန်ဖြစ်သည်။ လွိုင်ကော်မှ ထွက်လာပြီး ၁ နာရီခန့်အကြာတွင် “ထီးပရူနူ သဘာဝလိုဏ်ဂူ” ကို ရောက်ရှိပါလိမ့်မည်။ ကယောဒေသ၏ အမွေအနှစ်တခု ဆိုရင်လဲ မမှားပါ။ သက်ရင့်ကျောက်များပင် ရှိသည်ဟု ယုံကြည်ရသည့်အတွက် သုတေသနပြု မှတ်တမ်း တင်နိုင်ရန် ကြိုးစားနေကြဆဲ။ ဒီလိုဏ်ဂူသည် ပြောရမည်ဆိုလျှင် ယခင့် ယခင်ကတည်းရှိခဲ့သော်လည်း […]

လူသိနည်းလာတဲ့ ပရဲလူမျိုးတို့ တံခွန်တိုင်ပွဲ(သို့) နှစ်သစ်ကူးပွဲ

စိုးရယ်ဦး ဒီဇင်ဘာလအတွင်း ကရင်နီမျိုးနွယ်စုအနွယ်ထဲက ပရဲမျိုးနွယ်တွေရဲ့ နှစ်စဉ်နှစ်တိုင်းပြုလုပ်လျက်ရှိတဲ့ ရိုးရာပွဲတော်တခုကို မတွေ့ကြုံ စဖူး ပွဲတော်တခုကို အလည်ရောက်ရှိခဲ့ပါတယ်။ ၂၀၁ရ ခုနှစ်ရဲ့ အေးချမ်းလှတဲ့ ဒီဇင်ဘာလအတွင်း ကယား(ကရင်နီ) ပြည်နယ်ရဲ့ အနောက်ဘက်ခြမ်း ဖရူဆိုမြို့နယ်ဘက်ကို ခရီးဆက်ခဲ့ရင်း ကေကောအုပ်စု ဘွတ်လွတ်တာ ရွာ ပရဲမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတခုဖြစ်တဲ့ စုပေါင်း ကေ့ထျိုးဘိုး စိုက်ထူခြင်းပွဲတော်ကို ရောက်ခဲ့ပါတယ်။ ပရဲမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုးပွဲတော်ဟာ တခြား ကျနော်တို့ ကယား(ကရင်နိ) မျိုးနွယ်စုတို့နဲ့တော့ ပြုလုပ်ပုံ ပြုလုပ်နည်းတွေ ခြားနားတာကို တွေ့ရပါတယ်။ တမူထူးခြားဆုံးကတော့ ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင်ကို ဝါးလုံးကြီးနဲ့ ပြုလုပ်ထားပြီး တံခွန်ကိုလည်း ဝါးရွက်တွေနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ တိုင်တော်ထူပြီး […]