spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: Feb 5, 2018

မိဘ ဒေသပညာရတနာ “ဝါးခမောက်”

Simple(LmT)ရေးသားသည်။ ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်း မပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။ အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို ​မေးကြည့်ခဲ့မိတယ်။ ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။ ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ...

ဝါးပင်​​အောက်က ရွာ​လေး“ဒေါကလော်လဲ”

Simple (LMT)ရေးသားသည်။ ​ဒေသထွက်ကုန်အတွက် ဒေသလမ်းက ခက်ခဲမှတော့ ဒေသဖွံ့ဖြိုးရေးဆိုတာက ရုံးစာပွဲပေါ်ကနေ ဥုံဖွ ဟချလောင်ဆိုပြီးတိုးတက်လာပါလိမ့်မယ်။ ဒီရွာလေးကိုရောက်ဖြစ်တာ ဒီအခါနဲ့ဆို လေးခါမြောက်ပေါ့။ နွေနဲ့ဆောင်းမှာဆို ဖုန်းထောင်းထောင်းထပြီ မိုးတွင်းမှာတော့ လူမပြောနဲ့ ဖိနပ်တောင် သူ့ဟာသူချောနေရလောက်အောင် ချော်တဲ့ မြေသားလမ်းလေးကိုပဲ အားပြုသွားလာကြရတာပေါ့။ နွေနဲ့ဆောင်းမှာ သောက်သုံးရေဆိုတာ ရွှေထက်ရှားတဲ့နေရာလေးတစ်ခုပေါ့။ အိမ်ခြေ (၃၁) အိမ်လောက်သာရှိတဲ့ ဒီရွာလေးဟာ ခေတ်အဆက်ဆက်ကတည်းက စစ်ရဲ့အနိဌာရုံတွေအောက်​မှာ  ကြံ့ကြံ့ခံရင်းနဲ့ အခုဒီချိန်ထိအောင် အေးချမ်းစွာနဲ့ မိရိုးဖလာတောင်သူ အလုပ်တွေနဲ့ပဲ အသက်ဆက်နေခဲ့ကြရတာပေါ့။သူတို့ရွာလေးနာမည်က ဒေါကလော်လဲ (ညောင်ပင်အောက်ရွာ)ပေါ့။ အခုခါမှာတော့ အဲ့ရွာလေးကို ဝါးပင်အောက်ကရွာလို့ ချစ်စနိုးလေးခေါ်ချင်မိတယ်ဗျ။ မိရိုးဖလာစိုက်ပျိုးနည်းတွေနဲ့ ဒီဝါးလေးတွေဟာ ဖြစ်ထွန်းနေလိုက်တာများ လော်ဂျာရွာအောက်က...

Latest news

- Advertisement -spot_img