ဖြစ်မြောက်နိုင်စွမ်းမရှိ၍ ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း ၂ ခု ရုတ်သိမ်း

လင်းသန့် ၂၀၁၅ ခုနှစ်ကတည်းကစ၍ လေ့လာနေသော စမ်းသပ်တိုင်းတာမှုရလဒ်အရ ပွန်ချောင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းလျာထားရာ နေရာ ၂ ခုကို ဖြစ်မြောက်နိုင်စွမ်းမရှိသဖြင့် ယင်းအစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ လေ့လာချက်အရ ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း နမ့်ပွန်ချောင်းပေါ်ရှိ အထက်ဟော်ခမ်း (Upper Haw Khan ) လျှပ်စစ်စီမံကိန်း နှင့် အောက်နမ့်ပွန် (Lower Nam Pawn) လျှပ်စစ်စီမံကိန်းတို့ကို ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာတွေ့ရှိချက်အပေါ်အခြေခံကာ ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ပေ။ ယင်းစီမံကိန်းကို ရင်းနှီးမြှပ်နှံမည့် HTCT Energy Inverestment Co.Ltd က ဖေဖေါ်ရီ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရရုံးတွင် တွေဆုံခဲ့ပြီး အဆိုပါ လေ့လာစပ်သပ်မှုရလဒ်များကို အသိပေးရှင်းလင်းခဲ့ကြောင်း ကယားပြည်နယ် သယံဇာတနှင့် […]