မူအက်စတာရေးသားသည်။ ရှားတောမြို့နယ်၊ ကေ့ထျိုးဘိုးကွင်းနံဘေးရှိ ၁ ဧကဝန်းကျင်ရှိ မြေနေရာတွင် ပညာရေးဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် အစပြုနေစဉ်အတောအတွင်း မြေယာပိုင်ဆိုင်မှုအငြင်းပွားစရာများ စတင်လာသည်။ ကယားတိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားရာ ကေ့ထျိုးဘိုကွင်းနေရာအား ယင်းအဆောင်အဦးကို လာရောက်ဆောက်လုပ်ခြင်း ခွင့်မပြုဟု ရှားတောမြို့နယ်ကေ့ထျိုးဘိုးအဖွဲ့နှင့် ဖေစိုးလေးအဖွဲ့က ကြေညာထုတ် ကန့်ကွက်သည်။ မူလက ယင်းနေရာကို မြို့နယ်ဘောလုံးကွင်းတည်ဆောက်ရန် လျာထားသဖြင့် ကေ့ထျိုးဘိုးကော်မတီက ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။ သို့သော် ခွင့်ပြုထားသော ဘောလုံးကွင်းအဖြစ် အကောင်အထည်ဖေါ်ခြင်းမဟုတ်ဘဲ ဝန်ထမ်းအိမ်ယာဆောက်လုပ်နေခြင်းကို ရပ်တန့်ထားရန် ၎င်းတို့က တာဝန်ရှိသူထံ တောင်းဆိုလိုက်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေ ကျပ်သန်း ၂၃ဝ ဖြင့် ပေ ၁၅ဝ ၊ ၃ဝ ( ၆ )ခန်းတွဲ […]

၂ နှစ်ပြည့် ကယားပြည်နယ်လွှတ်တော်မှာ အဆိုပေါင်း ၅ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၃၈ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆ ခု၊ ကတိကဝတ်ကြယ်ပွင့်မပြမေးခွန်း ၁ ခု နဲ့ ကတိကဝတ်ကြယ်ပွင့်ပြမေးခွန်း ၁၆ ခု အားလုံးပေါင်း ၆၆ ခု နဲ့ အဆို၊ မေးခွန်းတွေအများဆုံး တင်သွင်း မေးမြန်းနိုင်ခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း။ ထျိုးမြာမေးမြန်းသည်။ မေး။ ။မေးခွန်းတွေကို ဘယ်လိုရွေးချယ်ပြီးတော့ မေးမြန်းခဲ့လဲ။ ဖြေ။ ။ ကျွန်တော်က လွှတ်တော်ဥက္ကဌရဲ့ လမ်းညွန်ချက်ကိုလည်း ခံယူတယ်ပေါ့နော။ ဘာလို့လဲဆို ကျနော်တို့ ကွင်းဆင်းတဲ့အခါကျရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကွင်းဆင်းတဲ့အခါကျရင် အကုန်လုံးကို လေ့လာထားတယ်ပေါ့နော။ ပြည်သူက ရွေးချယ်ထားတဲ့ […]