အလုပ်အကိုင်များ ဖန်တီးပေးမည့် စက်ရုံများကို ကန့်ကွက်ခြင်းမပြုကြရန် ဝန်ကြီးချုပ် တိုက်တွန်း

မူအက်စတာ လုပ်သား အများအပြား ဝင်ရောက်လုပ်ကိုင်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ မရှိသည့်အတွက် ကယားပြည်နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေခြင်းဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုးက ပြောကြားသည်။ “ကျွန်တော်မေးမယ် ကျွန်တော်တို့ ပြည်နယ်မှာ စက်ရုံအလုပ်ရုံတွေ ရှိလား။ ဘာစက်ရုံ၊ အလုပ်ရုံတွေရှိလဲ။”ဟု ဝန်ကြီးချုပ်က မေးခွန်းထုတ်သည်။ ၎င်းက မတ်လ ၂ဝ ရက်နေ့တွင် ကျင်းပခဲ့သော ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်၏ အမှတ်စဉ် ၄ ၏ သင်ယူမှုပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် ကျောင်းသားများက လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေခြင်းအပေါ် ဝန်ကြီးချုပ်ကို မေးမြန်းခဲ့သည်။ “လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ဘာကြောင့်နည်းပါးနေရတာလဲ။”ဟု ဆယ်သဲ၏ ကျောင်းသားတစ်ဦးဖြစ်သူက မေးမြန်းသည်။ မြန်မာနိုင်ငံရှိ အခြားသော တိုင်းနှင့် ပြည်နယ်များတွင် လျှပ်စစ်ကဏ္ဍ၊ ဘိလပ်မြေစက်ရုံ၊ […]

ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက တိုင်ကြားနိုင်

ထျိုးမြာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ CSOs NGOs ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အစိုးရဌာနများမှ ပူးပေါင်းဆောင်ရွက်မှုမရှိပါက ၎င်းထံ တိုင်ကြားနိုင်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။ မတ်လ ၁၆ ရက်နေ့ ကုန်းမြင့်ဒေသရန်ပုံငွေစီမံကိန်း၏ ပြည်နယ်အဆင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ပံ့ပိုးထားသော ပြည်နယ်တွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို လိုက်လံကြည့်ရှုချိန်တွင် ပြောသွားပါသည်။ “အခုကျနေ် မှာမယ်။ NGOs တွေအကုန်လုံး။ ကိုယ်လုပ်တဲ့ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးတွေမှန်သမျှ ဌာနနဲ့ သွားပူးပေါင်းတဲ့အခါ ဌာနက မပူးပေါင်းဘူးဆိုရင် ကျနော့်ကို တင်လာပေး။ အဲ့ကတိ ကျနော်ပေးတယ်။ တင်လာပေး။ အဲ့ဌာနကို ကျနော်ကြပ်မတ်ပေးမယ် ”ဟု ဝန်ကြီးချုပ်က ပြောသည်။ ထို့အပြင် ဝန်ကြီးချုပ်က […]

၂၆ နှစ်အကြာ သိမ်းယူထားသော တပ်မြေ အသုံးမပြုပါက စွန့်လွှတ်ပေးရန် တောင်းဆို

ထျိုးမြာ ၂၆ နှစ်ကြာ တပ်မတော်မှ သိမ်းယူရန် လျာထားမြေပေါ်တွင် တပ်နှင့်ဆိုင်သော အဆောက်အဦး တစ်စုံတစ်ရာဆောက်လုပ်ထားခြင်းမရှိသဖြင့် အမြန်ဆုံးပြန်လည်စွန့်လွှတ်ပေးနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီချုပ်နှင့် NLD ပြည်သူ့အစိုးရတို့အား တောင်သူများက မေတ္တာပို့သ ဆုတောင်းပေးခြင်းနှင့် ရိုးရာနတ်ထံ တိုင်တည်ဆုတောင်းခဲ့ကြသည်။ ယင်းဆုတောင်းပွဲ အခမ်အနားကို မတ်လ၁၉ ရက်နေ့၌ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာမြောက်ဘက် တောင်ယာကွင်းထဲတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လျာထားမြေများကို မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးသင့်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်ပေးပို့ထားပြီးဖြစ်သည်။ ဒေသခံတောင်သူများအနေနှင့် အမြန်ဆုံးပြန်လည် စွန့်လွှတ်ပေးစေရန်အတွက် မေတ္တာပိုု့ဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း မြေနီကုန်းကျေးရွာမှ ဦးမြတ်စိုးက ပြောသည်။ အခမ်းအနားတွင် ဓမ္မဆရာမှ ဆုတောင်းခြင်း၊ ရိုးရာဘာသာစကားဖြင့် ဆုတောင်းခြင်း နှင့် ကယားရိုးရာ […]

အစာထုတ်စက်ရုံများက နိုင်ငံခြားပြောင်း ဝယ်ယူတင်သွင်းမည့် အစီအစဉ်ကို တောင်သူများ ကန့်ကွက်

လင်းသန့် တိရိစာ္ဆန်အစာထုတ်စက်ရုံများက ကုန်ကြမ်းပြောင်းဆံများကို ပြည်ပမှ တင်သွင်းမည့် အစီအစဉ်အား ပြောင်းစိုက်တောင်သူများက ကန့်ကွက်နေကြသည်။ ယခုနှစ် ပြည်တွင်းဈေးကွက်၌ စံချိန်တင်ဈေးမြောက်နေသော ပြောင်းများအစား ယင်းထက် ကုန်ကျစရိတ် ပိုမိုသက်သာသည့် နိုင်ငံခြားပြောင်းများကို ဝယ်ယူရန် မြန်မာနိုင်ငံရှိ တိရိစာ္ဆန်အစာထုတ်စက်ရုံများက စီစဉ်နေသည်။ ပြောင်းများကို ပြည်ပမှ တင်သွင်းလာပါက ပြည်တွင်းပြောင်းဈေး ကျဆင်းသွားနိုင်သဖြင့် ပြောင်းလုပ်ကိုင်သူများက ကန့်ကွက်သည်။ နောက်ဆက်တွဲအနေဖြင့် တောင်သူများက လာမည့်နှစ် ပြောင်းစိုက်ပျိုးရန် အယုံအကြည်မရှိတော့မည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။ ယခုလအတွင်း မြန်မာ့ပြောင်းဆံများက စံချိန်တင်ဈေးမြှင့်နေပြီး ၁ ပိဿာ ကျပ် ၅၆ဝ ကျော်အထိ ဈေးပေါက်သည်။ အစာထုတ်လုပ်သူများက ပြည်ပပြောင်းကို ဝယ်ယူမည်ဆိုပါက ယင်းထက် ဈေးသက်သာသော ၅၁ဝ ကျပ်သာ […]

ယခုနှစ်ထွက် ကယား ပြောင်း ဆယ်စုနှစ်အတွင်း စံချိန်တင် တန်ချိန်အများဆုံး တင်ပို့နိုင်ခဲ့ 

စိုးရယ် ကယားပြည်နယ်ထွက် ယခုနှစ် ပြောင်းဆံများကို ဆယ်စုနှစ်တစ်ခုအတွင်း တန်ချိန် အများဆုံးတင်ပို့နိုင်ခဲ့သည်ဟု ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။ “ကယားပြည်နယ်ရဲ့ အဓိကတင်ပို့နေတဲ့ ပြောင်းဖူးစေ့ရယ် ကျွန်တော်တို့ ကယားဆန်ရယ် နှမ်းရယ် ဒီနှစ်ကတော့ ထူးထူးခြားခြားကို တက်ပါတယ်။ ကုန်သွယ်ရေးစကားနဲ့ ပြောရရင် ကုန်သွယ်မှုပမာဏ အများကြီးတိုးတယ်” ဟု ဦးခမ်လျန်စွမ်းက ပြောသည်။ ပြောင်းဆံ တန်ချိန် ၃ သောင်းနီးပါး တင်ပိုခဲ့ပြီး ရရှိငွေပမာဏမှာ ကျပ်သန်း ရ ထောင်ကျော်ရှိကြောင်း မတ်လ ၁၈ ရက်နေ့တွင် ဦးခမ်လျန်စွမ်းက ပြောကြားခဲ့သည်။  ကယားပြည်နယ်ထွက် ပြောင်းများကို ထိုင်းနှင့် တရုတ်နိုင်ငံကို အဓိက တင်ပို့သည်ဟု ဦးခမ်လျန်စွမ်းက ပြောသည်။ ကယားပြည်နယ်၏ […]