ဧပြီလမှစ၍ နိုင်ငံ့ဝန်ထမ်းအားလုံး လစာ တိုးမည်

လင်းသန့် နိုင်ငံဝန်ထမ်းများအားလုံးကို ဧပြီလ ၃ဝ ရက်မှ စတင်ပြီး လစာတိုးရန် ထုတ်ပြန် ထားသည့်နှုန်းထားများအတိုင်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဧပြီလ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ “ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂၀၁၈ ခုနှစ် ဧပြီလအတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။ တိုးမြှင့်ပေးလိုက်သည့်အထဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းများလည်း ပါဝင်သည်။   အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနတွင်းခန့်အပ်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းကိုမူ ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။ ဧပြီ ၂၅ […]