နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသူ/သား နှစ်ဆတိုးခေါ်

စိုးရယ် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားတဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယခင်နှစ်ထက် ကျောင်းသား၊သူများကို နှစ်ဆပ်ကျော် လက်ခံခေါ်ယူမယ်လို့ ၎င်းကျောင်းမှ ကျောင်းအုပ် ဦးထွန်းအောင်က ပြောပါတယ်။ ယခင်နှစ်တွေမှာ ၅ဝ ယောက်ဘဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို ခေါ်ယူမှာဖြစ်ပါတယ်။ အရပ်ဝေးအရပ်နီးဒေသက ဆင်းရဲနွမ်းပါးတဲ့ မိသားစုနှင့် မိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဥင်္ီးစားခေါ်ယူထားပါတယ်။ ကျောင်းက ကလေးတွေကို စလက်ခံတာကတော့ အစိုးရကျောင်းအောင်စာရင်း ထွက်ပြီးတစ်ပတ်အကြာ စတင်ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ ခေါ်ယူပုံအဆင့်ဆင့်မှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် အသိပေးခေါ်ယူပြီး ကွင်းဆင်းတာတွေ လုပ်တယ်လို့သိရပါတယ်။ ၎င်းကျောင်းရဲ့ စည်းမျဉ်းအရ မိန်းခလေး ၅ တန်းအထိ ခေါ်ယူမှာဖြစ်ပြီး ယောကျင်္ားလေးမှာ […]

မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့နည်းလာရေး လူငယ်ပြုပြင်ရေးစခန်း ဖွင့်ရန် တောင်းဆို

နော်ဒွေးအယ်ခူ ကယားပြည်နယ်တွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် လူငယ်ပြုပြင်ရေးစခန်းကို တည်ဆောက်ဖွင့်လှစ်ပေးရန် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့သော အမျိုးသမီးဖွံ့ဖြိုးရေးစင်တာ(WDC)မှ ခွန်းပီတယ်က ပြောသည်။ အဆိုပါ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူ့စကားဝိုင်းကို မေလ ၉ ရက်နေ့က ဒီမော့ဆိုမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ “ခုပြည်နယ်မှာဆိုရင် လူငယ်တွေ ၅ဝ ရာခိုင်းနှုန်းက မူးယစ်ဆေးဝါးနဲ့ မကင်းပါဘူး။ လူငယ်တွေ မသုံးစွဲပါနဲ့ လိုက်ပြောလို့မရပါဘူး။ အမှန်တကယ် ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်ရပါမယ်။ ဒါမှ မူးယစ်ဆေးဝါးလျော့ချမှုက ပိုမိုထိရောက်နိုင်ပါမယ်” ဟု ၎င်းက ပြောကြားသည်။ လူငယ်ပြုပြင်ရေးစခန်း တည်ဆောက်မည့် အစီအစဉ်ရှိ၊ မရှိ တက်ရောက်လာကြသူများက မေးခွန်းထုတ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက တိကျသည့်အဖြေ […]

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှာ ကျောင်းသူ/သား နှစ်ဆတိုးခေါ်ယူ (ရုပ်သံ)

အရင်နှစ်တွေက လူဦးရေ ၅ဝ ယောက်ပဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို ခေါ်ယူမှာဖြစ်ပါတယ်။ ရပ်ဝေးရပ်နီးဒေသက ဆင်းရဲနွမ်းပါးတဲ့ မိသားစုနဲ့ မိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဦးစားပေးခေါ်ယူထားတာပါ။ https://www.youtube.com/watch?v=aXgoVF1qFBg&feature=youtu.be