spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Monthly Archives: June, 2018

သယံဇာတထုတ်ယူသူက ရင်းနှီးမြှုပ်နှံမှု၏ ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရမည်

နော်ဒွေးအယ်ခူ ဒေသအတွင်း သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ CSR (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) လုပ်ငန်းများဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု၏ ၂ ရာခိုင်နှုန်း သို့မဟုတ် ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းကို CSR လုပ်ငန်းဆောင်ရွက်ရန် စာချုပ်ပေါ်မူတည်ပြီး ကန်ထရိုက်တာများ၏ အဆိုပြုချက်ဖြင့် ဆောင်ရွက်ခြင်းကြောင်း သိရသည်။ “သက်ဆိုင်ရာ ကန်ထရိုက်တာရဲ့ လိုလားချက်နဲ့...

နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအသင်းမှ လူ့အခွင့်အရေးသင်တန်း မြို့နယ်အလိုက် ပို့ချပေးမည်

ခူးစိုးရယ်ဦး လူ့အခွင့်အရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အစရှိသော သင်တန်းများကို ကယားပြည်နယ်ရှိ မြို့နယ် ရ မြို့ကို သွားရောက်ပြီး အေအေပီပီ (AAPP - Assistance Association for Polities Prisoners) မှ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းမှ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း...

ခနောက်စိမ်းနှင့် ခဲသတ္တုလုပ်ကွက်များ အသေးစားတူးဖေါ်လုပ်ကိုင်ရန် လျှောက်ထားနိုင်ပြီ  

နော်ဒွေးအယ်ခူ ကယားပြည်နယ် မြို့နယ်လေးခုရှိ မြေဧရိယာ ၄ သောင်းကျော်ပေါ်တွင် ခနောက်စိမ်းနှင့် ခဲသတ္တုများတူးဖော်ထုတ်လုပ်ရန် အသေးစားနှင့် လက်လုပ်လတ်စားလုပ်ကွက်များကို ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကယာပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ သိရသည်။ "လုပ်ကွက်ကိုလျှောက်ထားနိုင်ပြီ။ ဒါပေမယ့် လျှောက်ထားတာကိုတော့ မြေစာရင်းပုံစံနဲ ့ပြောရရင် မြေယာပိုင်ဆိုင်မှု ပုံစံ-၁၀၅က လက်ထဲမှာရှိရမယ်။ကိုယ့်ရဲ ့လယ်၊ကိုင်းထဲမှာ ကိုယ်ပိုင်တဲ့တောတောင်ထဲမှာဆိုရင်တော့ မြေပိုင်ဆိုင်မှုက ကိစ္စမရှိဘူး။ဒါပေမယ့်...

ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်ကြောင်းစာ ဖြန့်ဝေသူများကို အာဏာပိုင်များ ဟန့်တား

မူအက်စတာ ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခြင်းကိစ္စအား ကန့်ကွက်ကြောင်း အသိပေးစာရွက်ကို လိုက်လံဝေနေသည့် ကယား(ကရင်နီ)ပြည်နယ်ရှိ ကျောင်းသားလူငယ်များကို ဒေသအာဏာပိုင်များက ယနေ့ နေ့လည်ပိုင်းက ဟန့်တားလိုက်သည်။ လွိုင်ကော်မြို့ပေါ်တွင် ကယား(ကရင်နီ)ပြည်နယ် သမိုင်းစာရွက်ကို လိုက်လံဝေပေးနေစဉ် လွိုင်ကော်မြို့နယ်ရှိ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့ကို စာရွက်စာတမ်းဥပဒေနှင့်တကွ အထက်သို့တင်ပြကာ ဆက်လက်ဆောင်ရွက်ရန် ပြောကြားသည်။ “အဓိကကတော့ ဒီလိုစာတွေလိုက်ဝေချင်တယ်ဆိုရင်...

ရှားတောမြို့နယ်ထဲက အသက်မွေးဝမ်းကျောင်းကို ခက်ထန်စွာ ရုန်းကန်နေကြရသူများ (ရုပ်သံ)

ဒေသခံတွေဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြပြီး ဝင်ငွေရရှိဖို့ တစ်နိုင်တစ်ပိုင်နှမ်းကို စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိသားစုဝင်ထဲမှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေ ရှိမှသာ နှမ်းစိုက်ပျိုးဖို့ အားသာကြတာ ဖြစ်ပါတယ်။ မိသားစုတိုင်းတော့ မစိုက်နိုင်ကြပါဘူး။ နေ့စဉ်ညတိုင်း စားသောက်ရဖို့အတွက် တောင်ယာခင်းတွေထဲမှာ ပြောင်း၊ မြေပဲ၊ စပါးနဲ့...

မူးယစ်သတင်းပေးတိုင်ကြားသူနှင့် လက်ရဖမ်းဆီးပေးသူများကို ဆုကြေးပေးမည်

လင်းသန့် မူးယစ်ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားမှုများအား သတင်းပေး တိုင်ကြားသူများနှင့် လက်ရ ဖမ်းဆီးသူများအား ဆုကြေးများ ချီးမြှင့်ပေးသွားမည်ဟု ဇွန် ၂၆ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ သမ္မတဦးဝင်းမြင့်က ပြောကြားသည်။ “သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက် တန်တန်ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို...

မတည်ငြိမ်သောနိုင်ငံရေးကြောင့် ကယား၌ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံရန် မဝံ့မရဲဖြစ်

မူအက်စတာ လက်ရှိကယား(ကရင်နီ)ပြည်နယ်သည် ငြိမ်းချမ်းနေပြီဟုဆိုသော်လည်း နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခဲ့သည့် အချိန်များစွာ ကြုံတွေ့နေခဲ့သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးပြည်နယ်ထဲတွင် ပါဝင်နေရသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံး၏ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။ “စီးပွားရေးလုပ်ငန်းရှင်နဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီဟာကိုစောင့်ကြည့်နေတယ်ပေ့ါ။ အထူးသဖြင့် NCA မထိုးရသေးတဲ့အချိန်ကိုလည်း သူတို့စောင့်ကြည့်နေပါတယ်။ ဒီအခြေအနေတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက်...

တိုင်းရင်းသားအခွင့်အရေးတိုးတက်မှု ပထမခြေလှမ်းသာရှိသေးဟု တိုင်းရင်းသားရေးရာဝန်ကြီးဆို

နော်ဒွေးအယ်ခူ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ခြင်းအားဖြင့် တိုင်းရင်းသားများ ထပ်မံအခွင့်အရေးများရရှိနိုင်ရန် ပထမခြေလှမ်းသာဖြစ်သေးကြောင်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ပြောသည်။ “ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးဟာ ကျွန်တော်တို့လုပ်နိုင်ရင်လုပ်နိုင်သလောက်၊ တိုင်းရင်းသားတွေ ကြိုးစားရင် ကြိုးစားနိုင်သလောက် အခွင့်အရေးရပါမယ်။ ဒီလိုပဲ ကျွန်တော်ခံယူထားတာပေါ့”ဟု ၎င်းက ပြောသည်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲကို ဇွန်လ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ကယန်းတိုင်းရင်းသားတွေအနေနဲ့ ပိုပြီးတော့...

စစ်ဆေးရေးဂိတ်တွေ ပြည်သူအတွက် လုံခြုံမှုရှိရဲ့လား

မူအက်စတာရေးသားသည်။ ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကြီးကနေ ထွက်လာပြီဆိုတာနဲ့ စစ်ဆေးရေးဂိတ်တစ်ခုတော့ အနည်းဆုံးတွေ့ရမှာဖြစ်ပါတယ်။ လွိုင်ကော်မြို့ကြီးကနေ ဒီးမော့ဆိုမြို့ ဖရူဆိုမြို့သို့ သွားလာမယ်ဆိုလျှင်တော့ တောက်လျှောက်ဂိတ်တွေရှိပါတယ်။ ကယား(ကရင်နီ)ဂိတ်တွေတော်တော်များများကို ပြည်သူတွေက ဖြတ်သန်းသွားလာဖူးကြပါတယ်။ မြန်မာနိုင်ငံမှာ အသေးဆုံးပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်မှာ အစိုးရဌာနဆိုင်ရာစုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်တွေ ၊ ပြည်သူ့စစ်ဂိတ်၊ စစ်လေ့ကျင့်ရေးကျောင်းဂိတ် နိုင်ငံခြားနယ်စပ်ဂိတ်နဲ့ အကောက်ခွန်ဂိတ်...

တရားမဝင်ယမ်း လက်ဝယ်ထားရှိသူများကို ၂ လအတွင်း ဖေါ်ထုတ် တရားစွဲဆို

နော်ဒွေးအယ်ခူ ကယားပြည်နယ်၊ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံအတွင်း တရားမဝင်ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ရမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံများကို အမှုဖွင့်တရားစွဲဆိုထားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်တွင်တရားခံဖြစ်သူ ဒေါ်မြမြစိမ်း(ခ)အားတုံအား လက်နက်ဥပဒေ ပုဒ်မ ၁၈(ဂ)/ ၁၉(စ)၊ လျူကြင်းအား လက်နက်ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့်လည်းကောင်း၊ ယာဉ်မောင်း...

Latest news

- Advertisement -spot_img