ဒေသအာဏာပိုင် တရားဝင် အသိအမှတ်မပြုသေးသည့်ကြားက ဆယ်တောရိုကျောင်း ဖွင့်လှစ်

ခူးစိုးရယ်ဦး ပြည်ထောင်စုအဆင့်က နုတ်ဖြင့် အသိမှတ်ပြုထားသော်လည်း ဒေသအစိုးရပြည်နယ်အဆင့်အသိမှတ်ပြုပေးရန် လိုအပ်နေကြောင်း ဆယ်တောရိုကျောင်း တည်ထောင်သူ ဆရာခူးထဲဘူးက ပြောသည်။ အစိုးရစာသင်ကျောင်းတွင် ပညာသင်ကြားနေသော အခြေခံပညာအဆင့်ကျောင်းသူ/သားများကို ဆယ်တောရို၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များနှင့်အတူ လူမှုသိပ္ပံဘာသာရပ်များကို တွဲဖက် လေ့ကျင့်သင်ကြားပေးနိုင်ရန် တည်ထောင်သူများက ရည်ရွယ်ထားသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ပညာရေးအစီအစဉ်တစ်ခုဖြစ်သော ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးစင်တာကျောင်းကို ၂၀၁၈ ဇွန်လ ၉ နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသား ၉၅ ဦး စတင်ခေါ်ယူထားပြီး ၎င်းတို့က ဆယ်တောရိုကျောင်းတွင် နေထိုင်ပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ရှိ အစိုးရစာသင်ကျောင်းသို့ သွားရောက်ပညာသင်ကြားမည်ဖြစ်သည်။ အဆိုပါကျောင်း စတင်ဖွင့်လှစ်ရန် စီစဉ်နေသည့်ကာလအတောအတွင်း အစိုးရ၏ ကန့်ကွက်မှုကြောင့် ဖွင့်လှစ်နိုင်ရေး ကြန့်ကြာမှု ရှိခဲ့သည်။ ယခင်အစိုးရလက်ထက်ကတည်းက […]