spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: Jun 15, 2018

မိုးအဆက်မပြတ်ရွာသွန်းပြီး ဆောက်လုပ်ပြီးစီးခါစ ၁ လကျော်သက်တမ်းရှိ ကတ္တရာလမ်းပိုင်း ပြတ်ကျ

မူအက်စတာ ယခုသတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကယားပြည်နယ်၊ မိုဆို-ဟိုယာ-ကေကောသွား ကားလမ်းမကြီး ရာဧပရားကျေးရွာနှင့် ထေခိုကျေးရွာတို့ကြားတွင် ပေ၂ဝ ကျော်ခန့်အလျားရှိသည့် ကတ္တရာလမ်းပိုင်း ပြိုကျပျက်စီးခဲ့သည်။ ယမန်နေ့ ညဦးပိုင်းတွင် တောင်ကျရေများ ကားလမ်းပေါ်တက်လာကာ ကတ္တရာလမ်းပိုင်း ပြတ်ကျခဲ့ခြင်းဖြစ်သည်။ လမ်းများဖောက်လုပ်ရာတွင် ရေနုတ်မြောင်းများ မပါရှိသဖြင့် ရေများ လမ်းပေါ်တက်လာကာ ကတ္တရာလမ်းပိုင်း ကျိုးကျခဲ့ခြင်းဖြစ်သည်။ ဒေသခံရွာသားများမှ လတ်တလောအသုံးပြုရန်အတွက် ဝါးလှေကားထစ်များ...

လွိုင်ကော်တွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် အာဇာနည်နေ့တွင် ဖွင့်လှစ်မည်

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံထဲတွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးပုံတူကြေးရုပ်ကို လာမည့် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ရန် လျာထားကြောင်း လွိုင်ကော်မြို့နယ် မြို့နယ်စည်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ "လာမယ့် အာဇာနည်နေ့မှာ ဖွင့်ဖို့ လျာထားတယ်။"ဟု ၎င်းက ပြောသည်။ သိန်းပေါင်း ၅၀ဝ...

အမှုဖြစ်ယာဉ်များ သိမ်းဆည်းရာ၌ စနစ်တကျမထားရှိသဖြင့် သံချေတက်ပျက်စီးနေဟု ဆို

နော်ဒွေးအယ်ခူ လွိုင်ကော်မြို့နယ်တရားရုံးနှင့် ဖရူဆိုမြို့နယ် တရားရုံးတွင် ယာဉ်မတော်တဆမှုကြောင့် သိမ်းဆည်းထားသော သက်သေခံမော်တော်ယာဉ်များသည် နှစ်ရှည်လကြာသည်နှင့်အမျှ ထိုမော်တော်ယာဉ်များမှာလည်း သံချေးများတက်ပြီး ပျက်စီးနေသည်ကို တွေ့ရှိရကြောင်း ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမ)နေ့တွင် ထပ်ဆင့်မေးခွန်း...

လွတ်မြောက်လာသည့် KNPP ဖက်မှ မျက်မြင်တစ်ဦး သက်သေ လာရောက်ထွက်ဆိုရန်လိုအပ်

၂၀၁ရ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ အသတ်ခံလိုက်ရတဲ့ KNPP ရဲဘော်သုံးဦးနဲ့ အရပ်သားတစ်ဦး ကိစ္စရပ်မှာ KNPP ဖက်က လွှတ်မြောက်လာတဲ့မျက်မြင်တစ်ဦးက သက်သေထွက်ဆိုချက်တွေ လာရောက်ထွက်ဆိုမှပဲ အပြီးသတ်ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက ပြောပါတယ်။ https://www.youtube.com/watch?v=ftg_i8sfl2w&feature=youtu.be

မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ကယားပြည်နယ်အတွင်း စီးနှင်းနိုင်မည့် KYH- လိုင်စင်ဖြင့် ပြုလုပ်ပေးမည်

မူအက်စတာ ကယားပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားခြင်းမရှိသေးသည့် မော်တော်ဆိုင်ကယ်များကို KYH လိုင်စင်ဖြင့် တရားဝင်မှတ် ပုံတင်ခြင်းလုပ်ငန်းကို ဇွန်လ၁ရ ရက်နေ့မှ ဩဂုတ်လ ၃၁ရက်နေ့ထိ မြို့နယ်တိုင်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၁၄ ရက်နေ့မှ ၁၆ရက်နေ့ထိ ပညာပေးကာလဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ယခင်ရှိနှင့်ပြီးဖြစ်သည့် “ယ”လိုင်စင်များကိုလည်း သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရမည်ဖြစ်ပြီး ၅ နှစ်ထက်ကျော်လွန်ပါက လိုင်စင်ဖျက်သိမ်းမည်ဖြစ်ကြောင်း...

Latest news

- Advertisement -spot_img