နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအသင်းမှ လူ့အခွင့်အရေးသင်တန်း မြို့နယ်အလိုက် ပို့ချပေးမည်

ခူးစိုးရယ်ဦး လူ့အခွင့်အရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အစရှိသော သင်တန်းများကို ကယားပြည်နယ်ရှိ မြို့နယ် ရ မြို့ကို သွားရောက်ပြီး အေအေပီပီ (AAPP – Assistance Association for Polities Prisoners) မှ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းမှ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အေအေပီပီက မြန်မာနိုင်ငံတဝန်း၌ ၎င်းသင်တန်းများကို လိုက်လံပို့ချခဲ့ပြီး ကယားပြည်နယ်ကို ၂၀၁၈ ခုနှစ် ဇွန်လ တတိယအပတ်က လွိုင်ကော်မြို့တွင် သင်တန်းပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသား မရှိသော၊ နိုင်ငံသားနှင့် နိုင်ငံရေးအရေးများကို ကာကွယ်၊ ထိန်းသိမ်း၊ ဖြည့်ဆည်းပေးသော လွတ်လပ်သည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်လာစေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကူညီပေးရန် […]

ခနောက်စိမ်းနှင့် ခဲသတ္တုလုပ်ကွက်များ အသေးစားတူးဖေါ်လုပ်ကိုင်ရန် လျှောက်ထားနိုင်ပြီ  

နော်ဒွေးအယ်ခူ ကယားပြည်နယ် မြို့နယ်လေးခုရှိ မြေဧရိယာ ၄ သောင်းကျော်ပေါ်တွင် ခနောက်စိမ်းနှင့် ခဲသတ္တုများတူးဖော်ထုတ်လုပ်ရန် အသေးစားနှင့် လက်လုပ်လတ်စားလုပ်ကွက်များကို ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကယာပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ သိရသည်။ “လုပ်ကွက်ကိုလျှောက်ထားနိုင်ပြီ။ ဒါပေမယ့် လျှောက်ထားတာကိုတော့ မြေစာရင်းပုံစံနဲ ့ပြောရရင် မြေယာပိုင်ဆိုင်မှု ပုံစံ-၁၀၅က လက်ထဲမှာရှိရမယ်။ကိုယ့်ရဲ ့လယ်၊ကိုင်းထဲမှာ ကိုယ်ပိုင်တဲ့တောတောင်ထဲမှာဆိုရင်တော့ မြေပိုင်ဆိုင်မှုက ကိစ္စမရှိဘူး။ဒါပေမယ့် သူများရဲ ့လယ် မြေ ခြံထဲမှာဆိုရင်တော့ ကိုယ်က မြေပိုင်ဆိုင်မှုကိုအရင်စလုပ်ရမယ်။”ဟု  ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးမောင်အေးက ပြောသည်။ ခနောက်စိမ်း၊ ခဲသတ္တု အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခြင်းလုပ်ကွက်များကို ဘောလခဲခရိုင်အတွင်းရှိ မယ်စဲ့မြို့နယ် ဟွေပုံလောင်းဒေသရှိ မြေဧရိယာ တစ်သောင်းလေးထောင်ကျော်နှင့် ရွာသစ်မြို့ ပိလုတောင်ဒေသရှိ မြေဧရိယာ ၉ ထောင်ကျော်တွင် […]