ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဟန်ချက်ထိန်းခြင်း

သျှံထွန်းတောက် ရေးသားသည်။ နေ့ရက်က ၂၀၁၈ ခုနှစ် မေလ ၂၆ ရက်။ နေရာက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယား ပြည်နယ်ခန်းမ။ ကျင်းပသွားတဲ့ပွဲက ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်။ ကျင်းပရတဲ့ ရည်ရွယ် ချက်က ကယားပြည်နယ်အတွင်း ပြည်တွင်း/ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့။ ဟုတ်ကဲ့။ ဖိုရမ်ကို ကယားပြည်နယ်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေ ဌာနဆိုင်ရာတွေ ပေါင်းရင် လူဦးရေ ၆၀ဝ လောက်တက်ရောက်သွားတဲ့ ပွဲဖြစ်လေတော့ ကယားပြည်နယ်မှာ အောင်မြင်တဲ့ ပွဲတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ ကဲ ဒါဆို ဖိုရမ်ကြောင့် ကယားပြည်နယ်အတွက် ဘာတွေကျန်ခဲ့လဲဆိုတဲ့ မေးခွန်းကတော့ လူတိုင်း သိချင်နေတဲ့ […]

ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်တဲ့ ကယား(ကရင်နီ)ရဲ့ ငြိမ်းချမ်းရေး

မော်ဦးမြာ ရေးသားသည်။ ကယား( ကရင်နီ) ပြည်နယ်သည် လက်ရှိအခြေအနေတွင် အခြားသော ပြည်နယ်များထက် ငြိမ်းချမ်းနေသည့် ပြည်နယ်ဟု ဆိုရပေမည်။ လူဦးရေ ၃ သိန်းကျော် ရှိသည့် ကယား ( ကရင်နီ) ပြည်နယ်အတွင်းတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) အပါအဝင် စစ်အစိုးရခေတ်က ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ (၇) ဖွဲ့လောက် ရှိနေသည်။ စစ်အစိုးရခေတ်ကတည်းက ငြိမ်းချမ်းရေးယူထားကြတဲ့ အဖွဲ့များသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရှိကြတော့ပဲ မိမိတို့ အကျိုးစီးပွားရေးများသာ ဦးစားပေး လုပ်ကိုင်ကြသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP)ကမူ ၎င်း မျှော်မှန်းထားသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအခင်းအကျင်းရရှိရေး  လက်ရှိအစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်သည်။ KNPP သည် […]

လူငယ်များ အလုပ်အကိုင်ရရှိရေး အသက်မွေးဝမ်းကျောင်း ၃ လ သင်တန်း ဖွင့်မည်

နော်ဒွေးအယ်ခူ ပြည်နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အစိုးရစက်မှုအထက်တန်းကျောင်းနှင့် FRC တို့မှ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းသင်တန်း ကာလတိုသင်တန်းတစ်ခုကို လာမည့် ဩဂုတ်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ “သူတို့ဆီမှာ ပညာရေးနဲ့ပတ်သက်ရင် ဆုံးခန်းမတိုင်တဲ့လူငယ်တွေပေါ့ အဲဒီလူငယ်တွေကို သက်မွေးပညာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတစ်ခုခုကို ရစေချင်တာပေါ့။” ဟု သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို FRC ၏ Project Office Manager ကိုစိုင်းလင်းထက်အောင်က ပြောသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရသည့် လူငယ်များအတွက် ယခုသင်တန်းမှ ရရှိလိုက်သောပညာဖြင့် အလုပ်အကိုင်ရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်မည်ဖြစ်သည်။ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ အခြေခံဆောက်လုပ်ရေးပန်းရံသင်တန်း၊ အခြေခံလျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံလက်သမားနှင့် ဆေးသုတ်သင်တန်း အစရှိသည့် သက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဘာသာရပ်များကို […]

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်ကိစ္စ လူထုအသံနားထောင်ပါ

အယ်ဒီတာအာဘော် မြန်မာနိုင်ငံတစ်ဝန်း၌ ကြေးရုပ်ထားရှိသော အလေ့အထသည် ကယား(ကရင်နီ)ပြည်နယ်သို့ ကူးစက်လာကာ ဗိုလ်ချုပ်ကြေးရုပ်ကို လွိုင်ကော်မြို့ ာဂေန္ဓာဟေဝန်ပန်းခြံတွင်ထားရှိရန် ပြည်နယ်အစိုးရက ကမကထလုပ်ခဲ့သည်။ တိုင်းဒေသကြီးများတွင် အလွယ်တကူထားရှိလို့ရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ကယားပြည်နယ်၌မူ လူထုအကြား သဘောထားကွဲလွဲနေကြသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးဖခင်ဖြစ်၍ ကြိုက်နှစ်သက်သူရှိသလို ကယား(ကရင်နီ)ပြည်နယ်နှင့် ဗိုလ်ချုပ်သည် လုံးဝမသက်ဆိုင်ဟုယူဆကာ မနှစ်သက်သူများလည်း ရှိကြသည်။ သမိုင်းသို့ ပြန်လည်ကြည့်သောအခါ မြန်မာနိုင်ငံ၌ ကယားပြည်နယ်သည် နယ်ချဲ့လက်အောက်သို့ မကျရောက်ခဲ့သော တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါသည်။ ၁၉၄ရ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်အဖြစ်နှင့် ချစ်ခင်လေးစားခဲ့ကြပေသည်။ သို့သော် ကယား(ကရင်နီ)ပြည်နယ်၌ ရှေးယခင်တည်းက ၎င်းတို့မြတ်နိုးရသည့် ရိုးရာ၊ ယဉ်ကျေးမှုများနှင့် […]