ကယားမှာ မူးယစ်ဆေးဖြတ်စခန်း လိုနေပြီ

မူအက်စတာ ရေးသားသည်။ “ကျွန်တော့်ဘဝကို ဖျက်ဆီးနေတဲ့ ဒီဆေးတွေကို ကျွန်တော်အရမ်းရွံတယ်။” မူးယစ်အာသာပြေစေဖို့အတွက် ပါးစပ်ထဲမှာ ပီကေကိုဝါးရင်း မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်က ဖွင့်ဟလာပါတယ်။ အတိတ်ရဲ့ မူးယစ်ဆေးဝါး အရိပ်မည်းတွေကြားမှာ ပင်ပန်းတဲ့ ရုန်ကန်မှုတွေအတွက် အထောက်အပံ့က သူတို့အတွက် ရှားလှပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က အပေါင်းအသင်းတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ မူးယစ်သားကောင်အဖြစ်နဲ့ ဆိုးသွမ်းနေတဲ့ လူငယ်တစ်ဦးဟာ လက်ရှိအချိန်မှာ မူးယစ်ဆေးဖြတ်ရာ ကျောင်းတော်ကို ရောက်ရှိလာပြီး ဘဝကိုနားလည်နေပါပြီ။ ကယားပြည်နယ်မှာ လူငယ်အများစုက နေရပ်စွန့်ခွာပြီး ပြည်ပမှာသွားရောက်လုပ်ကိုင်ကြပြီး ကျန်ရှိတဲ့လူငယ် တွေက မူးယစ်ဆေးဝါးနဲ့ အဖော်ပြုပြုတဲ့ လမ်းကြောင်းပဲ ရောက်သွားကြတယ်။ မူးယစ်ဆေးဖြတ်ဖို့အတွက် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒါဝိတ်ကျောင်းတော်  တစ်ခုတည်းသာ ရှိပါတယ်။ ဒီကျောင်းတော်တည်ရှိတာ လေးနှစ်ရှိပြီး […]

မော်ချီးသတ္တုတွင်းလုပ်ကွက်တွင် စွန့်ပစ်မြေစာပုံ ပြိုကျ၍ လူ ၂ ဦး သေဆုံး

ကန္တာရဝတီတိုင်း(မ်) မော်ချီးသတ္တုတွင်း လုပ်ကွက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်က စွန့်ပစ်မြေစာပုံ ပြိုကျသဖြင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်။ မိုးသည်ထန်စွာရွာသွန်းရာမှ ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ တောင်ပေါ်ရွာ (၁၅)ရပ်ကွက် ကျောက်ကြားရပ် ခဲကျင်းလုပ်ကွက်(၅၁)မှ ကျင်းဦးစီး ဦးလင်းမိုး၏ အလုပ်သမားနေသည့် တဲပေါ်သို့ ၎င်းအထက်ရှိ စွန့်ပစ်မြေစာပုံမှ မြေစာများ အလုပ်သမားတဲပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။ တဲအတွင်းရှိ အိပ်နေသော ခဲကျင်းလုပ်သားများဖြစ်သော မြို့သစ်မြို့နယ်၊ အင်းရွာကြီး ကျေးရွာအုပ်စု၊ သလင်း ကုန်းကျေးရွာနေ ဦးအောင်သူ (၂၇) နှစ်နှင့် ဦးအောင်ဝင်း ထွန်း (၂၉) နှစ်တို့ (၂) ဦးသည် […]