ကရင်နီသူ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ ဈေပိုင်းရပ်ကွက် နှစ်ခြင်းအသင်းတော် ခန်းမဆောင်တွင် ကရင်နီလူငယ်များ နှီးနှောဖလှယ်ပွဲ  ၅ရက်တာ ကျင်းပပြုလုပ်ရန် ပြည်နယ်အစိုးရမှ ခွင့်မပြုခဲ့ကြောင်း သိရသည်။ ̏ကျွန်မတို့လူငယ်တွေကို တစ်ခုပြီးတစ်ခု လိုက်ပြီးပိတ်နေတာက ဒီအစိုးရလက်ထက်မှာ တကယ်စိတ်ပျက်စရာ အရမ်းကောင်းတယ်ပေါ့နော ကျွန်မတို့ဘာလုပ်လုပ် လူငယ်တွေကို ဘာလို့အဲ့လောက်ထိ ဖိနေတာလဲပေါ့နော။ လူငယ်တွေကို ဘာလို့ပြည်သူတစ်ယောက်လို မမြင်တာလဲပေါ့နော ဒီလူငယ်တွေကို ဘာလို့အဆိုးမြင်နေလဲဆိုတာ ကျွန်မနားမလည်ဘူး ဒါကြောင့်မို့ အရမ်းစိတ်ပျက်တယ်ပေါ့နော ˝ဟု ကရင်နီအမျိုးသားလူငယ်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ၂  မော်မိုးမြာကပြောသည်။ ယနေ့အချိန်ကာလသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP﴿သည် အဲန်စီအေစာချုပ်တွင် ငြိမ်းချမ်းရေးလက်မှတ် ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ကာလဖြစ်သည့်အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP အဖွဲ့မှ ပါဝင်ပြုလုပ်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ […]

ကရင်နီသူ ဖရူဆိုမြို့နယ်ရှိ ဒေသခံများသည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်းမှု ပြုနေကြသည်။ တောင်များကို ခုတ်ထွင်ရှင်းလင်းပြီး တောင်ယာစိုက်ပျိုးကြသည်။ သို့သော် ရွှေ့ပြောင်းတောင်ယာပြုလုပ်ခြင်းကို ဆက်လက်မလုပ်ဆောင်ရန် လွှတ်တော်တွင် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းဖြင့် သစ်တောပြုန်းတီးခြင်း၊ တောကောင်များနေရာရွှေ့ပြောင်းခြင်း စသည်တို့ဖြစ်လာခဲ့သည်။ ကယားပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း မရှိတော့ရန် လက်ရှိခုတ်ထွင် ရှင်းလင်းထားသည့်နေရာတွင်သာ စပါး၊ ပြောင်း၊ ငရုတ်တို့ဖြင့်သာ ဆက်လက်စိုက်ပျိုးရန်နှင့် ကျန်သည့် တောင်ယာကွက်တွင် အခြားစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဌာနဆိုင်ရာက တိုက်တွန်းခဲ့သည်။ ဖရူဆိုမြို့တွင် စိုက်ပျိုးသည့် စပါး၊ ငရုတ်စသည်တို့သည် အများအားဖြင့် အော်ဂဲနစ်အစားအစာများဖြစ်ပြီး ၎င်းအစားအစာများကို ဈေးကွက်သို့ရောက်အောင် တင်ပေးစေလိုကြောင်း ကယန်းအမျိုးသမီးအဖွဲ့မှ မူအန်းဂျေလာက ပြောသည်။ ̏ ဟိုယာဒေသ၊ ဒိုးလာစောဘက် […]