ခူးစိုးရယ်ဦး ၂၀၁၈ ဘဏ္ဍာရေးနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ပေါင်းစည်းလက်အစီအစဉ်၏ စီမံကိန်းအောင်မြင်ပြီးစီးမှုများအား မျှဝေခြင်းနှင့်  ဒေသဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဆွေးနွေးဖော်ထုတ်ခြင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ ပေါင်းစည်းလက်အစီအစဉ်စီမံကိန်းမှ ပြုလုပ်သော ဖွံ့ဖြိုးရေးစီမံကိန်း အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စသည့်အဖွဲ့အစည်းများ လူဦးရေပေါင်း ၁၀ဝနီးပါး တက်ရောက်ခဲ့ကြသည်။ ̏ပေါင်းစည်းလက်အနေနဲ့ ပြည်နယ်အတွင်းမှာ ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာလုပ်ဆောင်ပေးပြီး အောင်မြင်နေတာ အတော်ကို အားရကျေနပ်၊ ဂုဏ်ယူပါတယ် ˝ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းများ ဖော်ဆောင်သည့်နေရာတွင် မာစီကောအဖွဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းသုံးဖွဲ့ပါရှိခဲ့သည်။ ၎င်းမှာ IRC ၊ TPC ၊ AVSI […]

ခူးစိုးရယ်​ဦး ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့ ​နောင်​ယားရပ်​ကွက်​တွင်​ ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှုအဖွဲ့မှ တတိယအကြိမ်​TOT ဆရာဖြစ်​သင်​တန်​းပို့ချခဲ့သည်​။ အဆိုပါ TOT ဆရာဖြစ်​သင်​တန်​းသည်​ အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ ပြန်​လည်​သင်​​ကြားနိုင်​ရန်​ပို့ချခဲ့သော သင်တန်းဖြစ်သည်​။ “ကျွ​န်​​တော်​တို့ ကယားစာ​ပေဘာသာရပ်​ကို စွမ်​းရည်​မြင်​့တင်​​ပေးနိုင်​ရန်​အတွက်​ ​ကျောင်​းမှာ အ​ဆင်​​ပြေ​ချော​​မွေ့​အောင်​ သင်​ကြားနိုင်​ဖို့ပဲ ဖြစ်​တယ်​ဟု” ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှု ​အတွင်​း​ရေးမှူး ခူးဖဲညွန်​့ရယ်​က ​ပြောသည်​။ ယင်​း​ကျောင်​းတွင် က​လေးငယ်​​များအတွက် လက်​ဆင်​့ကမ်​းသည့်အခါတွင်​ က​လေးငယ်​​များအားလုံး ​ကောင်​း​ကောင်​းမွန်​မွန်​ရရှိသွားနိုင်​ရန်​အတွက်​ ရည်​ရွယ်​ခြင်​းလည်​းဖြစ်​သည်​။ TOT ဆရာဖြစ်သင်တန်းတက်ရောက်ခြင်း မရှိသည့်ဆရာ/မများသည် လက်တွေ့ကျောင်းတွင် ကလေးငယ်များကို ကိုင်သွယ်သင်ကြားသည့်အခါ အခက်အခဲများရှိကြောင်း ခူးဖဲညွန်​့ရယ်​က ​ဆိုပါသည်​။ အဆိုပါ TOT ဆရာဖြစ်​သင်​တန်​း တက်​​ရောက်​ခြင်​းမရှိ​သော ဆရာ/မအချို့သည်​ ​နေရာ​ဒေသချင်​းမတူ၍ ​က​လေး​တွေကို သင်​ကြားပို့ချသည်​့အခါ […]

ခူးဘဲရယ်(အလွတ်တန်း﴿ ကယားပြည်​နယ်​၊ လွိုင်ကော် ခရိုင်၊ ရှား​တောမြို့နယ်​တွင်​ ဇွန်​၊ ဇူလိုင်​၊ ဩဂုတ်​ လများအတွင်​းမိုးများ အဆက်​မပြတ်​ရွာသွန်​းမူ​ကြောင်​့ နှမ်​းပင်​များပျက်​စီး​သွားကြောင်​း ​သိရသည်​။ ရှားတောမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျှက်ရှိပြီး နှမ်းကိုအများဆုံး စိုက်ပျိုးကြသည်။ မိုးရာသီ မိုးများလွန်းသည့်အတွက် နှမ်းပင်များ ပျက်စီးကုန်ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနှစ်​ နှမ်​း ပင်​​တွေ ​ကောင်​းကြတယ်​ အပင်​လဲ သန်​မှသန်​ပဲ ဒါ​ပေမဲ့ ​တွေ့တဲ့အတိုင်​းပဲ မိုး​တွေက အဆက်​မပြတ်​ ရွာ​နေ​တော့ အပွင်​့​တွေ ပုပ်ကုန်​တယ်​ ပီး​တော့ အဖျင်​း​တွေကလဲများ​သေးတယ်​”ဟု ရှား​တောမြို့ ​တောင်​ပိုင်​းစုစည်​း​ကျေးရွာ​နေ ဦး​တော်​ရယ်​မှ ​ပြောသည်​။ ရှား​တောမြို့နယ်​တွင်​ မြစိမ်း​ရောင်​စီမံကိန်​းမှ ​ချေး​ငွေများအားအဓိက အားထား၍​ချေးယူကာ စိုက်​ပျိုး​ရေးလုပ်​ငန်​းများလုပ်​ကိုင်​ကြသည်ဖြစ်၍ ယခုတွင် မိုးများသောကြောင့် စားဝတ်နေရေးအခက်အခဲများ […]

ကရင်နီသူ ကယားပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုသည် လက်ရှိတွင် ခြေလှမ်းစတင်နေပြီဟု ပြော၍ရနေပြီဖြစ်ကြောင်း အာရှဖောင်ဒေးရှင်းမှ မန်နေဂျာ ဂျိန်း က ပြောသည်။ ̏ ကျွန်တော်တို့ဆွေးနွေးတဲ့အထဲမှာ အစိုးရဘက်မှာ ဘဏ္ဍာရေး ပွင့်လင်းမြင်သာဖို့၊ လွှတ်တော်အစိုးရ ပူးပေါင်းမှုတွေ ပိုပြီးများများလုပ်နေရဦးမှာ ဖြစ်သလို အရပ်ဖက် အဖွဲ့အစည်းတွေ ပိုပြီးများများ လုပ်ပြီးတော့ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ခိုင်မာတောင့်တင်းတဲ့ ပြည်သူ့ဘဏ္ဍာကဏ္ဍကို ဝိုင်းပြီးတော့ လုပ်ရအောင်လို့ ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မှတ်ချက်စကားကတော့ ကယားပြည်နယ်က ကနဦးအနေနဲ့ တော်တော်ကိုကောင်းမွန်တဲ့ ခြေလှမ်းကို လှမ်းနေပြီလို့ ဒီလိုမြင်ပါတယ်။ ˝ဟု ၎င်းကပြောသည်။ ပြည်နယ်အစိုးရအနေနှင့် ပြည်နယ်အတွင်း သုံးစွဲသည့် ဘဏ္ဍာရေးများပွင့်လင်းမြင်သာရန်နှင့် ဘဏ္ဍာငွေများ စီမံခန့်ခွဲရေးအပိုင်းကို ယခုထက် များများလုပ်ရန် […]

ကရင်နီသူ ရှားတောမြို့နယ်၊ ဈေပိုင်းရပ်ကွက် နှစ်ခြင်းအသင်းတော် ခန်းမဆောင်တွင် ကရင်နီလူငယ်များ နှီးနှောဖလှယ်ပွဲ  ၅ရက်တာ ကျင်းပပြုလုပ်ရန် ပြည်နယ်အစိုးရမှ ခွင့်မပြုသော်လည်း ကရင်နီအမျိုးသားလူငယ် အစည်းအရုံးမှ အတွင်းရေးမှူး မော်မိုးမြာက ဆက်ဆက်ပြုလုပ်မည်ဟု ပြောဆိုသောကြောင့် ပြည်နယ်အစိုးရမှ ကန့်သတ်ချက် ၄ချက်ဖြင့် အကြောင်းကြားစာ ပြန်လည်ထုတ်ပြန်လိုက်သည်။ ၎င်းအချက်များမှာ ၁။ KNPP ပါဝင်တက်ရောက်ခြင်း လုံးဝမပြုလုပ်ရန်၊ ၂။ ဘာသာရေးအဆောက်အဦတွင် ကျင်းပခြင်းမပြုလုပ်ရန်၊ ၃။ KNPP တပ်ဖွဲ့ဝင်များ လုံခြုံရေးမပြုလုပ်ရန်၊ ၄။ ယခင် ကရင်နီလူငယ်အစည်းအရုံးတွင် ပါဝင်သော ဖွဲ့စည်းပုံပါ ခူးတော်ရယ်ဘက်နှင့် ခူးဆော်ရယ်ဒေးတို့ နှစ်ဦးသာ နုတ်ထွက်ခွင့်ပြုရန်အတွက် တက်ရောက်ခွင့်ပြုသည်။ အထက်ပါ အချက်များအား လိုက်နာခြင်းမပြုပါက အခမ်းအနားလုံးဝ ပြုလုပ်ခွင့်မပြုကြောင်း ဩဂုတ်လ […]

ကန္တာရဝတီတိုင်​းမ်​ ကယားပြည်​နယ်​၊ ဒီး​မော့ဆိုမြို့နယ်​၊ ​ဒေါတမကြီး​ကျေးရွာအုပ်​စု၊ ​ဒေါ​ဆော်​ဖျ​ကျေးရွာ၌ ၁၈ရက်​​နေ့ စ​နေ​နေ့တွင်​ ၅နှစ်​အရွယ်​က​လေးငယ်​တစ်​ဦး ​တောင်​ကျ​ချောင်​းထဲ ​မျောပါ​သေဆုံး​နေ​ကြောင်​း သိရသည်​။ ​သေဆုံးသူက​လေးငယ်​​မောင်​ဘိုရယ်​သည်​ ​ဒေါ​ဆော်​ဖျ​ကျေးရွာတွင်​ ​နေပြီး ယခုလ ၁၈ရက်​​နေ့(စ​နေ​နေ့) နံနက်​၈နာရီခွဲအချိန်​တွင်​ ​မျှောပါပြီး နံနက်​ ၉နာရီတွင်​ ​ကျေးရွာအလ်​ ​တောင်​ကျ​ချောင်​းတွင်​ ​တွေ့ရှိရ​ကြောင်​း သိရသည်​။ ​သေဆုံးသူအ​လောင်​းကို ​ဒေါတမကြီးတိုက်​နယ်​​ဆေးရုံတွင်​ ပို့​ဆောင်​ထားပြီး သက်​ဆိုင်​ရာမြို့နယ်​ရဲစခန်​းက အမှု​ရေးဖွင်​့ထား​ကြောင်​း သိရသည်​။