ကန္တာရဝတီတိုင်းမ် ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ လာမည့် အောက်တိုဘာ ၁၃ရက်နေ့တွင် (၁၀)မိုင်မနားတမ်း လမ်းလျှောက်လေ့ကျင့်မည့်အပေါ် ဒေသခံများမှ စိုးရိမ်မှုအချို့ရှိခဲ့သည်။ ̏ အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမှာ ဒီလိုလုပ်တာတော့ သိပ်တော့မကောင်းဘူး။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ လျော့ကျစေနိုင်တာပေါ့။ နောက်ပြီး ဒီလိုလုပ်ခြင်းအားဖြင့် ဒီဧရိယာမှာသွားနေတဲ့ ကျေးရွာတွေမှာ၊ အဲ့ဧရိယာမှာရောက်နေတဲ့ နေရာတိုင်းမှာ လူထုတွေလည်း သူ့အလုပ်နဲ့သူ၊ တောင်ယာတွေသွားနေကြတာတွေလည်း ရှိတယ်ပေါ့၊ ဆိုတော့ အဲ့လိုသွားလာနေတဲ့အတွက် ရွာသူရွာသားတွေအတွက်လည်း ဘယ်လိုပြောရမလဲဆိုရင် ထိတ်လန့်မှုတစ်ချို့တော့ရှိတယ်။˝ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဆိုသည်။ ထို့အပြင် လေ့ကျင့်ရာတွင်သုံးသည့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု ပြုလုပ်မည့်အချိန်တွင် ဒေသခံများကို ကြိုတင်အကြောင်းကြားနိုင်လျင် ပိုအဆင်ပြေမည်ဖြစ်ကြောင်းနှင့် ပွင့်ပွင့်လင်းလင်းအသိပေးစေလိုကြောင်း လောဂျာကျေးရွာ ဥက္ကဌဦးတီရယ်က […]