ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တခြားသောတိုင်း/ပြည်နယ်များထက် စွမ်းဆောင်မှုအားနည်:

ခူးကိုရယ် ကယားပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်အမျိုးသားအရေးနှင့် သက်ဆိုင်သည့် အရေးများကို တခြားသော တိုင်းနှင့်ပြည်နယ်မှကိုယ်စားလှယ်များထက် စွမ်းဆောင်မှု အားနည်းနေသည်ဟု လွှတ်တော်ရေးရာများကို လေ့လာလျက်ရှိသည့် ကိုကျော်ထင်အောင် ကပြောဆိုသုံးသပ်သွားပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်းများကို လွှတ်တော်တွင် တရာဝင်းမေးမြန်းတာမဟုတ်ပဲ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စာသွားစာလာဖြင့် ဆောင်ရွက်ပေးနေသည့် အခြေအနေများသာ ပိုများသည်ဟု ဆိုပါသည်။ “တချို့တွေကတော့ ကြိုးစားတယ်လို့ကြာတယ်သိပ်ပြီးတော့ အားကောင်းတဲ့ မေးခွန်းတွေအဆိုတွေမရှိပဲနဲ့ ကြယ်ပွင့်မပြတဲ့ဟာတွေနဲ့ အလုပ်လုပ်တယ်ဆိုတာတွေပြောတာပဲရှိတယ်။” ဟုကျော်ထင်အောင်က ပြောပါသည်။ မေးခွန်းများအဆိုများကိုတင်သွင်းနိုင်ရန် လွှတ်တော်တွင် အနည်းဆုံး နှစ်ဆယ် ရာခိုင်နှုန်း လိုအပ်မှာဖြစ်ပြီး ၁၃၃ ဦးခန့်က သဘောတူညီရန်လိုအပ်သည်။ နှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသည့် အနိုင်ရပါတီအနေဖြင့် မေးခွန်းများအဆိုများ မတင်နိုင်ခြင်းသည် မေးခွန်းထုတ် စရာ ဖြစ်နေသည်။ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေနှင့် […]