ခွန်းကလိုင်းဖရီး လာမည့် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် ကယန်းတိုင်းရင်းသားများ၏ ကယန်းသက္ကရာဇ် ၂၇၅ရ ခုနှစ်မှ ၂၇၅၈ ခုနှစ်သို့ ကူးပြောင်းမည့် ကယန်းနှစ်သစ်ကူးပွဲတော်ကို နေရာပေါင်း (၁၉) နေရာခွဲပြီး ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာ (၁၉) နေရာခွဲပြီးကျင်းပရခြင်းနှင့် ပတ်သက်၍ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ ခွန်းဖရန်စစ္စကိုက “ကျွန်တော်တို့ ကယန်းလူမျိုးက ပြည်နယ်အလိုက် ပြန့်ကျဲနေထိုင် တယ်။ အဲ့တော့ တစ်စုတစ်စည်းထဲကျင်းပဖို့က မလွယ်လှဘူး။ အဲ့ဒါကြောင့်မို့လို့ နေရာအသီးသီးက ကျင်းပကြပါလိမ့်မယ်။” ဟု ပြောသည်။ ကယန်းနှစ်သစ်ကူးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ဦးဆောင်ကာ ကယန်းလူမှုအသင်းအဖွဲ့များ၊ ကယန်းစာပေနှင့် […]