spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: Nov 29, 2018

ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်ထားပေးရန် ပြည်သူများဆန္ဒရှိ

မူဂျာမီလှိုင် ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွ၊ အချက်အချာကျသည့် နေရာများတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်များထားရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။ "မီးပွိုင့်ရှိဖို့ဆိုရင် အင်မတန်အရေးကြီးတယ် မီးပွိုင့်မရှိလို့ ဆိုင်ကယ်တွေ မကြာခဏယာဉ်တိုက်မှုဖြစ်တယ် မဆင်မခြင်တာတွေလည်းပါတယ် ဥပဒေနားမလည်တာတွေလည်းပါတယ်"ဟု ဖယ်ခုံ ညောင်ကုန်းရပ်ကွက်နေ ဦးယူဂျိမ်းကဆိုသည်။ မီးပွိုင့်ရှိပါက ပြည်သူများသည် ၎င်းတို့၏ဆိုင်ကယ်များ၊ ကားများပို၍ ဆင်ဆင်ခြင်ခြင်မောင်းမည်ဖြစ်ေကြာင်း ၎င်းကဆက်ပြောသည်။ ဖယ်ခုံမြို့နယ်တွင် မီးပွိုင့်ထားရန်အလျင်မလိုအပ်သေးကြောင်း၊ လိုအပ်ပါကလည်း အထက်တန်းကျောင်း...

အရပ်သားအစိုးရတက်လာပြီး ၂ နှစ်ခွဲထိ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးမှာ ပြည်သူလူထုပါဝင်မှုအားနည်းနေဆဲ (ရုပ်သံ)

တစ်ဖက်မှာလည်း စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကို အဓိက လုပ်ပေးနေတဲ့ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ စီမံကိန်းနဲ့ဘတ်ဂျက်ရေးဆွဲရေးကော်မတီ၊ ကော်မရှင်တွေက အောက်ခြေပြည်သူလူထုနဲ့ ချိတ်ဆက် ဆက်သွယ်မှု အားမကောင်းတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.youtube.com/watch?v=7OBCUYyyR3Y&feature=youtu.be&fbclid=IwAR1C4-XAo6iETUurZP-eLnKk1gJDuSkV0632aFaxUbz1wZAzBwszc1GJi9M

ကယားပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ၂၀၁၄ ကနေ ၂၀၁၈ ကြား ၅ ဆခန့် မြင့်တက်

ကယားပြည်နယ်မှာ ခရီးသွားတွေ စတင်ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်ဖြစ်ပြီး အဲဒီနှစ်ကနေ ယခုချိန်ထိ ခရီးသွားဝင်ရောက်မှု ငါးဆခန့် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်တွေမှာ ခရီးသွားတွေ ဝင်ရောက်လာပေမဲ့ ၂၀၁၄ ခုနောက်ပိုင်း ကေအဲန်ပီပီငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက်ပိုင်းမှသာ ပိုမိုဝင်ရောက်လာတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ရပ် ကျင်းပပြီး ပြည်တွင်းပြည်ပ...

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေမယ့် ကယားတိုင်းမ်ဂျာနယ်ကို လွှတ်တော်က မသိရသေးဟုဆို (ရုပ်သံ)

ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေတဲ့ ကယားတိုင်းမ်ဂျာနယ်နဲ့ပတ်သက်ပြီး တချို့သော လူမှုအသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေဘက်ကလည်း ပြည်သူ့ဘဏ္ဍာငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပြောဆိုထားတာတွေရှိပါတယ်။ အစိုးရအနေနဲ့ အခုလိုပြည်သူ့ငွေသုံးစွဲတာဟာ မဖြစ်သင့်ဘူး။ ဒါဟာ ပါတီနိုင်ငံရေးကဏ္ဍတွေ ပါလာနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ကယန်းအမျိုးသားပါတီက ကိုဘီထူး က ပြောပါတယ်။ https://www.youtube.com/watch?v=ztIJkHtNMnc&=&feature=youtu.be&=&fbclid=IwAR37s38-d9x_ikqx0zWw1SGlqIXiIdoZsSgq-tazxxU4cqN_grvO611rlXY

စိုက်ပျိုးရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံး ဆိုသော်လည်း ဈေးကွက်ပြဿနာကြုံနေရဆဲ

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှုအစီရင်ခံစာအရ ပြည်နယ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အကောင်းဆုံးဟုတွေ့ရှိရသော်လည်း လက်တွေ့တွင် ဈေးကွက်ပြဿနာသည် တောင်သများအတွက် စိန်ခေါ်မှုများနှင့် ရင်ဆုံနေရသည်။ ပြည်နယ်အတွင်းဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းေကြာင်းပြုလုပ် နေကြရာ သီးနှံများကို ပွဲစားများက ဈေးနိမ်ဝယ်ကြသည့်အတွက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းရှိ...

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

ခွန်းကလိုင်းဖရီး ကယန်းဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများ ပပျောက်လာစေရေးအတွက် ကယန်းအမျိုးသမီး အစည်းအရုံးအဖွဲ့မှ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းသိရသည်။ ၎င်းတို့မှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အမြင်ဖွင့်သင်တန်းပေးခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းရုံလံှု့ဆော်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကယန်းဒေသတွင်း ကျေးရွာပေါင်း (၈၀) တွင် အမျိုးသမီးများအား...

Latest news

- Advertisement -spot_img