တိုင်းရင်းသား ရိုးရာဓလေ့ မြေယာအသုံးချမှု ဘာလဲ ဘယ်လဲ။

ဖဲဘီး ရေးသားသည်။ ကျနော်တို့တိုင်းရင်းသား တောင်သူတွေဟာ နှစ်ပေါင်းများစွာကတည်းက မိဘဘိုးဘွားဆီကနေ  လက်ဆင့်ကမ်း အမွေဆက်ခံရထားတဲ့ မြေယာပေါ်မှာ  လွတ်လပ်စွာနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်လာခဲ့ကြရင်း အခုချိန်မှာ အသစ်ထွက်လာတဲ့ မြေယာဥပဒေေကြာင့် ရာဇဝတ်သား၊ တရားခံ ဖြစ်ကြရတော့မလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပြီ။ ဒါကတော့ အခုတလော အင်တာနက် လူမှုကွန်ယက် (Facebook) စာမျက်နှာနဲ့ သတင်းတွေမှာ တွေ့မြင်ဖတ်ရှုကြရတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေ (၂၀၁၈ ခုနှစ်) ကိစ္စပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က ပြည်ထောင်စုလွတ်တော်ကနေ အတည်ပြု ပြဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ပြင်ဆင်ဥပဒေက ဘာများထူးခြားပြီး၊ ဘာေကြာင့်များ မီဒီယာစာမျက်နှာများမှာ […]