ဖယ်ခုံမြို့နယ်တွင်း ဘော်လုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လူငယ်များ မျှော်လင့်

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်း အလယ်ကယန်း၊ သိကျိတ်နှင့်ကယောကျေးရွာအုပ်စုတို့မှ ဘော်လုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များ မျှော်လင့်နေကြသည်။ အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီးဘူးကျေးရွာနေ လူငယ်ကစားသမား ခွန်းအားပိုက “ဒီမှာက အားကစားပွဲလုပ်တယ်ဆိုတာက အမြဲတမ်းမဟုတ်ဘူး။ တစ်နှစ်မှ တစ်ခါဖိတ်ခေါ်ဖလား၊ ရပ်ကွက်ဖလားတို့ ဖွင့်မှပဲ ကျွန်တော်တို့ ကစားရတာပါ။ ကစားပြီးလည်း ကစားသမားတွေက တခြားသောနေရာမှာ ထပ်ကစားဖို့ အခွင့်အလမ်းက မတွေ့ရဘူး။” ဟု ဆိုသည်။ ထိုသို့ အခွင့်အလမ်းနည်းပါးရခြင်းသည် ၎င်းတို့ဒေသရှိ ထူးချွန်သည့် လူငယ်ကစားသမားများကို မြို့နယ်အဆင့် ကစားနိုင်မည့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်သည့် ဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များ မရှိခြင်းကြောင့်ဟု ၎င်းက ဆိုသည်။ ၎င်းကျေးရွာအုပ်စုများတွင် ဘော်လုံးအားကစားကို လိုက်စားသည့် လူငယ်အများအပြားရှိသော်လည်း ကျေးရွာအုပ်စုအဆင့်မှ […]

လွှတ်တော်အမတ်တွေ သက်ဆိုင်ရာဌာနတွေ တောင်သူတွေကို မြေယာဥပဒေ အမြန်ချပြပေးပါ

ဒေသခံတိုင်းရင်းသားတောင်သူတွေရဲ့ သဘောထားဆန္ဒတွေ မကောက်ခံဘဲ စက်တင်ဘာလ ၁၁ ရက်နေ့ ၂၀၁၈ ခုနှစ်က ပြင်ဆင်အတည်ပြုလိုက်တဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို တိုင်းရင်းသားတောင်သူလယ်သမားတွေ အပစ်ပေးအရေးယူမခံရလေးအောင် ချပြအသိပေးတာတွေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ အစိုးရတွေက အလျှင်အမြန်လုပ်သင့်နေပါပြီ။ အကြောင်းကတော့ အဲဒီထဲမှာ ပြင်ဆင်လိုက်တဲ့ဥပဒေတွေထဲမှာ ပုဒ်မ ၂၂ (၄)- (ခ)မှာ ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုရယူလုပ်ကိုင်အသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည်- (၁) မိမိရယူလုပ်ကိုင် အသုံးပြုလျက်ရှိသော အသေးစိတ် အချက်အလက်များကို ပြည့်စုံစွာဖော်ပြပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ […]